Wednesday, March 6, 2013

နိုင်ငံတကာ ကုန်သွယ်ရေး ခုံရုံးအဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ၀င်ဖို့ လွှတ်တော်မှာ ဆုံးဖြတ်

Ever November | 3/06/2013 09:58:00 AM | Best Blogger Tips
ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော် တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ပုံ

နိုင်ငံအချင်းချင်းကြား ကုန်သွယ်ရေး အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ သမာဓိခုံရုံး New York Convention နယူးယောက် သဘောတူညီချက် အဖွဲ့ဝင်နိုင်ငံများအဖွဲ့မှာ မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်ဖြစ်ဖို့ ဒီကနေ့ မတ်လ ၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် ၇ ဦး ဆွေးနွေးခဲ့ပြီး လွှတ်တော်က အတည်ပြုဆုံးဖြတ် ခဲ့ပါတယ်။
နယူးယောက် သဘောတူညီချက် အဖွဲ့ဝင်နိုင်ငံအဖြစ် ၀င်ရောက်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ခိုင်မာပြီး အဆင့်အတန်းမှီဖို့ လိုအပ်နေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဆွေးနွေးပါတယ်။
မကြာခင်ဝင်ရောက်လာတော့မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံအတွင်းက အခင်းအကျင်းတွေကိုအပြည့်အ၀ယုံကြည်မှုရှိလာဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး ခဲ့ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1