Saturday, March 30, 2013

အမှန်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါများရှိနေပြီး သမ္မတမိန့်ခွန်းသည် ယျေ ဘူသဘောဆောင်နေဟု ဖိုးသောကြာဆို

Ever November | 3/30/2013 11:24:00 AM | Best Blogger Tips
လတ်တလောဖြစ်ပေါ်နေသော ဆူပူများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတမိန့် ခွန်းသည် ယျေဘူယျဆန်လွန်းနေပြီး ပြတ်သားမှု မရှိကြောင်း အမှန်တကယ်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါကဲ့သို့သော အစွန်းရောက် မူစလင်အချို့ ရှိနေကြောင်း သတင်းစာဆရာကြီး ဖိုးသောကြာက မတ်လ ၂၉ ရက်နေ့တွင်ပြောကြားလိုက်သည်။

မတ်လ ၂၈ ရက်နေ့တွင် ပြောကြားသော နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် လူတချို့က သွေးထိုး လှုံ့ဆော်မှုတွေရှိနေကြာင်း ပြောကြားထားပြီး“ကျွန်တော့တို့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိပါလားရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတ လုပ်ပိုင်ခွင့်တွေ ၊ လုံခြုံရေးအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ် ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်”ဟု ပြောကြားထားခြင်းဖြစ်သည်။

ထို့သို့ ပြောကြားခြင်းသည်ပင် ယျေဘူယျသဘောဆောင်လွန်းကြောင်း ၊ မင်းသည်မင်းကျင့် တရားနှင့် အညီ ကျောသားရင်သားမခွဲခြားဘဲ အုပ်ချုပ်ရမည်ဖြစ်ပြီး ဆုံးမသင့်သောသူကိုလည်း ဆုံးမရ မည်ဖြစ်ကြောင်း သတင်းစာဆရာကြီး ဖိုးသောကြာက ဝေဖန်ပြောကြားသည်။

၎င်းက ဆက်လက်၍ “ ဒီကနေ့ဖြစ်နေတဲ့ ကိစ္စမှာ ပြည်တွင်းက မွတ်စလင်တချို့ရဲ့အစွန်းရောက်မှုတွေ ရှိတာပေါ့။ အစ္စလာမ်ဘာသာဝင် အများစုကအဲ့ဒီလိုစိတ်မျိုး မရှိကြဘူး။ အဲ့ဒီတော့ တရားခံက ပယောဂ၊ ပယောဂက အယ်ကိုင်ဒါ(သို့မဟုတ်) အယ်ကိုင်ဒါကဲ့သို့သော အခြားအစွန်းရောက် မွတ်စလင်တွေကြောင့် ဘဲ” ဟု ပြောကြားသည်။

ထိုသို့အစွန်းရောက်များ ရှိနေသည်ကို ၎င်းတစ်ယောက်တည်းက ပြောဆိုခြင်း မဟုတ်ဘဲ ရင်းနှီးသော မွတ်စလင် အချို့ကလည်း ပြောဆိုနေကြခြင်းဖြစ်သောကြောင့် ထိုသို့သောအစွန်းရောက်များကို ဖော် ထုတ်အရေးယူရန်သည် အထူးလိုအပ်လာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ မွတ်စလင်အများဆုံး နေထိုင်ရာ ဗလီ၁၃လုံးရှိနေသော ပန်းပဲတန်းမြို့နယ်၌ ၎င်းနေထိုင် လာခဲ့သော ၂၂နှစ်တာကာလအတွင်း မွတ်စလင် အစွန်းရောက်အချို့က ဗမာမလေးတစ်ယောက် ကို ရလျှင်ဘယ်လောက် ဆိုသည်မှာ မဆလလက်ထက်ကပင် ရှိခဲ့ကြကြောင်း၊ နားနဲ့မဆံ့အောင် ကြားခဲ့ ရကြောင်း၊ အဆော်ကားခံရမှုများကိုလည်း တွေ့မြင်ခဲ့ရပြီး ပြဿများဖြစ်ပွားသော သမိုင်းများစွာ ပန်းပဲတန်း ရဲစခန်းတွင် များစွာရှိနေကြာင်း ပြောကြားသည်။

ထို့ကြောင့် အစွန်းရောက် အယ်ကိုင်ဒါများကို ဖော်ထုတ်အရေးယူရန်သည်ယျေဘူယျ သဘော ပြောနေ ရမည့် အနေအထားမဟုတ်ကြောင်း ၎င်း၏အမြင်များကို သတင်းစာဆရာကြီး ဖိုးသောကြာ က ပြောကြား လိုက်သည်။

အောင်သိုက်
The Myanma Age

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1