Wednesday, March 6, 2013

ရော့ဒ်ဝဲလ်ကို (၄)ပတ်ကြာမျှ လက်လွှတ်ရမည့် မန်စီးတီး

Ever November | 3/06/2013 10:09:00 AM | Best Blogger Tips

မန်ချက်စတာ စီးတီး အသင်းအနေဖြင့် ကွင်းလယ်လူ ဂျက်ရော့ဒ်ဝဲလ်ကို သီတင်း(၄)ပတ်မျှ လက်လွှတ်ရမည့် အခြေအနေကြောင့် စိတ်ပျက်စရာ ဖြစ်လာရသည်။
အက်စ်တန်ဗီလာကို (၁-၀)ဖြင့် အနိုင်ရသော ပရီးမီးယားလိဂ် ပွဲစဉ် ပထမပိုင်းတွင် အဆိုပါ အင်္ဂလန် ကစားသမားသည် တံကောက်ကြော ဒဏ်ရာဟောင်း ပြန်ပေါ်လာသဖြင့် အီဒင်ဂျက်ကိုနှင့် လူစားလဲခဲ့ရသည်။ ရော့ဒ်ဝဲလ်သည် ယခုရာသီ အစောပိုင်းက အဲဗာတန်မှ ပြောင်းရွှေ့လာပြီးနောက် ကာလရှည်ကြာ ဒဏ်ရာများနှင့် နပမ်းလုံးနေခဲ့ရပြီး အသင်းအတွက် တစ်ကျော့ပြန် ကစားနေချိန်တွင် ခြေစွမ်းပြနေပြီးမှ ယခုလို နောက်ထပ် ဒဏ်ရာ ထပ်ရသွားခြင်း ဖြစ်သည်။ အသင်းမန်နေဂျာ ရောဘတ်တို မန်စီနီ အတွက်မူ အားထားနေရသည့် ကစားသမား တစ်ဦးကို ဆုံးရှုံးရခြင်းအတွက် ထိုးနှက်ချက်တစ်ရပ် ကြုံလာခြင်းလည်း ဖြစ်သည်။
မန်စီနီက "ကျွန်တော်တို့ ရော့ဒ်ဝဲလ်အတွက် စိတ်မကောင်း ဖြစ်မိတယ်။ သူက လူတော်တစ်ယောက်၊ ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့ ကံကျတော့ မကောင်းရှာဘူး။ သူ့တံကောက်ကြောက ဒုက္ခပေးပြန်ပါပြီ။ (၆)လ၊ (၇)လ ကြာခဲ့တဲ့ထိ သူ့ဒဏ်ရာဟောင်းအတွက် အဖြေရှာလို့ မရသေးဘူးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ဒီထက် အချိန်ယူရဦးမှာလား။ ခုလောလောဆယ် သူဘယ်လောက် ကြာအောင် နားရမလဲ ဆိုတာတော့ တိတိကျကျ မပြောနိုင်ဘူး။ နိုင်ငံတကာ ပွဲစဉ် နားရက်တွေ အပြီးမှာ ပြန်ကစားနိုင်မယ် ထင်ပါတယ်။ (၃)ပတ်၊ ဒါမှမဟုတ် (၄)ပတ်လောက်ပေါ့။ သူက လူငယ် တစ်ယောက်ပါ။ တိုးတက်ရမယ့် အခြေအနေမှာ၊ ကစားပုံ ကောင်းနေလျှက်နဲ့ ဒဏ်ရာတွေ နှိပ်စက်နေတာကတော့ စိတ်ပျက်စရာပါပဲ"ဟု ပြောကြားသွားသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1