Wednesday, March 6, 2013

ပုပ်ရဟန်းမင်းကြီး အသစ်ရွေးချယ်ရန် လျှို့ဝှက်ဆွေးနွေးကြမည်

Ever November | 3/06/2013 10:01:00 AM | Best Blogger Tips

လာမည့် ပုပ်ရဟန်းမင်းကြီး အသစ်ရွေးချယ် တင်မြှောက်ရေးအတွက် ကမ္ဘာတစ်ဝန်းလုံးမှ ရိုမန်ကက်သလစ် ပုပ်ရဟန်းမင်းလောင်း များသည် ရောမမြို့၌ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း မတ် ၄ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ရေးသားဖော်ပြသည်။ ပုပ်ရဟန်းလောင်း အချင်းချင်း ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်တင်မြှောက်ရေးအတွက် နေ့စဉ် လျှို့ဝှက် ဆွေးနွေးမှုများ ပြုလုပ်သွားကြမည်ဟု ဆိုသည်။ ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်-၁၆ သည် ကမ္ဘာတစ်ဝန်းလုံးရှိ ရိုမန်ကက်သလစ် ဘာသာဝင်ပေါင်း ၁ ဒသမ ၂ ဘီလီယံတို့ကို ရှစ်နှစ်နီးပါးကြာ ဦးဆောင်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်သွားသည်။ ထိုသို့ နုတ်ထွက်ခြင်းမှာ နှစ်ပေါင်း ၆၀၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ပထမဆုံးအကြို လျှို့ဝှက်ဆွေးနွေးခြင်းကို မတ် ၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ပုပ်ရဟန်းလောင်း အိန်ဂျယ်လိုဆိုဒါနိုက သဘာပတိအဖြစ် ဆောင်ရွက် ခဲ့သည်။ အဆိုပါ ပုပ်ရဟန်းလောင်း ရွေးချယ်ပွဲ လျှို့ဝှက်အစည်းအဝေးကို လာမည့် သီတင်းပတ်တွင် ကျင်းပနိုင်မည်ဟု မျှော်လင့်ရပြီး အသက် ၈၀ အောက် ပုပ်ရဟန်းလောင်း ၁၁၅ ဦး တက်ရောက်လိမ့်မည်ဟု ဆိုသည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1