Saturday, March 30, 2013

လုံခြုံရေးအားနည်းမှုကြောင့် အိန္ဒိယနိုင်ငံရှိ စက်ရုံတစ်ရုံပေါက်ကွဲမှုဖြစ်ပွား

Ever November | 3/30/2013 07:40:00 PM | Best Blogger Tips

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ မတ် ၂၉ ရက်က စက်ရုံတစ်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ငါးဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ယင်းမတော်တဆမှုတွင် သေဆုံးသူများမှာ စက်ရုံအလုပ်သမားများ ဖြစ်ကြသည်။ ပေါက်ကွဲမှုဖြစ်ပွားသော အလုပ်ရုံဘေးကပ်လျက်ရှိ တည်ဆောက်ဆဲ အဆောက်အအုံမှ နံရံပြိုကျမှုအောက်တွင် ပိမိကာ သေဆုံးခဲ့ကြခြင်းဖြစ်သည်ဟုအမည်မဖော်လိုသူတစ်ဦးက ပြောကြားခဲ့သည်။ ဒေသခံရဲတပ်ဖွဲ့ဝင်
များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံတွင် မတော်တဆပေါက်ကွဲမှုများမှာ စက်ရုံအလုပ်ရုံများတွင် အဖြစ်များလေ့ရှိသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ အခြေခံလုံခြုံမှု လိုအပ်ချက်များကြောင့် ဖြစ်သည်။ စက်ရုံအလုပ်ရုံအများစုတို့သည် လုံခြုံရေးသတ်မှတ်ချက်များကို လိုက်နာမှုမရှိခြင်း၊ တာဝန်ရှိသူများက ထိရောက်စွာ အရေးယူမှုနှင့် ဥပဒေပြဋ္ဌာန်းမှုများ အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1