Friday, June 28, 2013

ပီပီနှင့် ကာဘယ်လာရိုတို့ကို ခေါ်ယူရန် ဆန္ဒ ရှိနေသည့် ပယ်လီဂရီနီ

Ever November | 6/28/2013 11:34:00 AM | Best Blogger Tips

မန်ချက်စတာ စီးတီး အသင်း မန်နေဂျာသစ် မန်နျူရယ်လ် ပယ်လီဂရီနီသည် အသင်းအင်အား ဖြည့်တင်းရေး အတွက် ၎င်းကျင်လည်ဖူးသည့် စပိန်မြေသို့ ပြန်လည် ဦးတည်ရန် စီစဉ်နေသည်။
ခံစစ်ပိုင်းကို အပြောင်းအလဲများ ပြုလုပ်ရန် ကြံစည်နေသည့် ချီလီသား မန်နေဂျာကြီးသည် ရီးယဲလ်မက်ဒရစ် နောက်ခံလူ ပီပီနှင့် မာလာဂါ ဂိုးသမား ဝီလီ ကာဘယ်လာရိုတို့အား ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ အသက်(၃၁)နှစ်ရှိ အာဂျင်တီးနား ဂိုးသမားသည် မာလာဂါ အသင်းကို ပယ်လီဂရီနီ ကိုင်တွယ်ခဲ့စဉ်က အထူးတလည် လက်စွမ်းပြခဲ့ပြီး ၎င်းစိတ်ကြိုက် အတွေ့ဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့သည်။ ပယ်လီဂရီနီသည် ကာဘယ်လာရိုကို မန်စီးတီး၏ ဦးစားပေး ဂိုးသမား ဂျိုးဟတ်နှင့် ယှဉ်ပြိုင်စေရန် လိုလားနေသည်။ ထိုအခြေအနေကြောင့် အရန်ဂိုးသမား ကိုစတယ်လ် ပန်တီလီမွန်မှာ အစ်တီဟတ်ကို ကျောခိုင်းရဖွယ် ရှိနေသည်။
ပယ်လီဂရီနီသည် ပေါ်တူဂီ လက်ရွေးစင် ပီပီကို ပေါင်စတာလင် (၁၇)သန်းဖြင့် ကမ်းလှမ်းရန်လည်း ပြန်လည် ကြိုးပမ်းနေဆဲ ဖြစ်သည်။ သို့သော် ရီးယဲလ်က ၎င်းတို့၏ ဗဟိုခံစစ်သမားအတွက် ဈေးနှုန်းကို စတာလင်ပေါင် (၂၁)သန်းဟု သတ်မှတ်ထားဆဲ အခြေအနေတွင် ရှိနေသည်။ အသက်(၃၀)အရွယ် ပီပီသည် ရီးယဲလ်ခံစစ်တွင် လူငယ် ကစားသမားလေး ရာဖာရဲလ် ဗရာနီ၏ တက်လှမ်းလာမှုများကြောင့် ရုန်းကန်နေရသူလည်း ဖြစ်သည်။ ကိုလိုတိုရေး ထွက်ခွာသွားသည့်နောက် လစ်လပ်နေသည့် ခံစစ်တစ်နေရာတွင် ပီပီကို အားဖြည့်ရန် ပယ်လီဂရီနီက ဆန္ဒရှိနေသည်။
အခြားသော သတင်းများ အရ မန်စီးတီး ခံစစ်မှူး အလက်ဇန္ဒား ကိုလာရော့ဗ်က မိမိသည် အသင်းဖော် ကားလို့စ်တီဗက်ဇ် ကဲ့သို့ပင် ဂျူဗင်းတပ်စ်သို့ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။ အီတလီ စီးရီးအေ ချန်ပီယံ အသင်းသည် ဆာဘီးယား လက်ရွေးစင် ဘယ်နောက်ခံ ကစားသမားကို ပေါင်စတာလင် (၂)သန်းဖြင့် အငှားခေါ်ယူရန် ကမ်းလှမ်းထားသည်။ ကိုလာရော့ဗ်က "ကျွန်တော်က ပုံမှန် ကစားခွင့် ရချင်ပါတယ်။ လောလောဆယ်တော့ အေးဂျင့်ကပဲ လုပ်စရာ ရှိတာကို လုပ်နေတယ်။ ဘာတွေ ဖြစ်လာမယ် ဆိုတာကိုတော့ မကြာခင် တွေ့မြင်ရမှာပါ။ ကျွန်တော့် လုပ်ခ လစာကို ပြန်ညှိရတာမျိုး ရှိရင်လည်း ကျွန်တော့်အတွက် ပြဿနာ မဟုတ်ပါဘူး"ဟု ပြောကြားထားသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1