Friday, June 28, 2013

တရုတ် ရှန်ကျို့-၁၀ အာကာသယာဉ်မှူးများ ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်

Ever November | 6/28/2013 09:39:00 AM | Best Blogger Tips

တရုတ်အာကာသယာဉ်မှူး သုံးဦးကို လိုက်ပါလာသည့် ရှန်ကျို့-၁ဝ အာကာသယာဉ်သည် အာကာသအတွင်း ၁၅ ရက်ကြာ အထူးလုပ်ငန်း တာဝန်ထမ်းဆောင်ပြီးနောက် ဘေးကင်းလုံခြုံစွာဖြင့် ကမ္ဘာမြေပေါ်သို့ ဇွန် ၂၆ ရက် နံနက်က ပြန်လည် ဆင်းသက်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ တရုတ်အာကာသ ယာဉ်မှူးများသည် တရုတ်နိုင်ငံ၏ အာကာသဓာတ်ခွဲခန်း Tiangong-1 သို့ ရှန်ကျို့-၁ဝ အာကာသယာဉ်ဖြင့် လိုက်ပါ သွားရောက်ခဲ့ကြသည်။ ၄င်းတို့သည် လူအားဖြင့် ချိတ်ဆက် လုပ်ဆောင်မှုများ ပြီးမြောက်ခဲ့ပြီး အမျိုးသမီး အာကာသယာဉ်မှူး ဝမ်ယာပင်းက ကမ္ဘာမြေပေါ်ရှိကျောင်းသား ကျောင်းသူများသို့ ဗီဒီယိုဖြင့် ကျောင်းသင်ခန်းစာကို ပို့ချပေးခဲ့သည်။ ရှန်ကျို့-၁ဝ သည် တရုတ်နိုင်ငံ၏ ပဉ္စမမြောက် လူလိုက်ပါသည့် အာကာသ အထူးလုပ်ငန်းစဉ်ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အာကာသအတွင်းသို့ အာကာသယာဉ်မှူတစ်ဦး ပထမဆုံး စေလွှတ်ခဲ့ပြီးနောက် ၁ဝ နှစ်အကြာတွင် ယင်းလုပ်ငန်း ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ အာကာသယာဉ်သည် ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၇ မိနစ်ခန့်က တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ မြက်ခင်းပြင်ပေါ်သို့ ဆင်းသက်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1