Friday, June 28, 2013

မန်ဒဲလား ကျန်းမာရေး နောက်ဆုံး အခြေအနေ

Ever November | 6/28/2013 11:55:00 AM | Best Blogger Tips
တောင်အာဖရိက သမ္မတဟောင်း Nelson Mandela ဆွေမျိုးသားချင်းများ ဆေးရုံတွင် တွေ့ရစဉ်။ (ဇွန် ၂၇၊ ၂၀၁၃)

ညဖက်မှာ တိုးတက်တဲ့လက္ခဏာတွေရှိခဲ့ပြီးနောက် တောင်အာဖရိက သမ္မတဟောင်း Nelson Mandela ရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်ရပေမဲ့ ရုတ်တရက် အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေ မရှိဘူး လို့ တောင်အာဖရိကက ပြောပါတယ်၊ ဒီကနေ့ ဆေးရုံကို သွားခဲ့တဲ့ တောင်အာဖရိက သမ္မတ Jacob Zuma က မနေ့ညကမြင်ရ တာထက် ဒီကနေ့ အခြေအနေဟာ အများကြီး တိုးတက်လာတယ်လို့ပြောတာကို သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊ Mr. Mandela ကိုမနေ့ညက သတင်းမေးခဲ့ပြီးနောက်မှာ သမ္မတ Zuma က Mozambique နိုင်ငံကိုသွားမဲ့ ခရီးစဉ်ကို ဖျက်ခဲ့ပါတယ်။

ကြာသပတေးနေ့ အစောပိုင်းတုန်းကလဲ Mr. Mandela ရဲ့ သမီးက သူ့အဖေရဲ့ အခြေအနေဟာ အင်မတန်စိုးရိမ်ရတဲ့ အခြေအနေလို့ ဖော်ပြပြောခဲ့ပါတယ်၊ အသက် 94 နှစ်အရွယ် Mr. Mandela ဆေးကုသမှုခံနေတဲ့ Pretoria ဆေးရုံမှာ မိသားစုဝင်တွေ စုဝေးရောက်နေကြချိန်မှာ Makaziwe Mandela ကခုလို ပြောခဲ့တာဖြစ်ပါတယ်၊ တောင်အာဖရိကနိုင်ငံမှာ လူဖြူ လူမဲ ခွဲခြားမှုကို တိုက်ဖျက်ခဲ့သူ ခေါင်းဆောင် Mr. Mandela အတွက် ဆေးရုံအပြင်ဖက်မှာ လူတွေ စုဝေးပြီး ဆုတောင်း သီချင်းဆို မေတ္တာပို့ပေးနေကြပါတယ်။
VOA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1