Thursday, January 23, 2014

မဟာဗန္ဓုလ တံတားအဆင်းတွင် ယာဉ် ၁၀ စီး ဆင့်ကဲတိုက်

Ever November | 1/23/2014 10:52:00 AM | Best Blogger Tips
ဒေါပုံမြို့နယ်ရှိ မဟာဗန္ဓုလတံတားအဆင်း၌ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ကွန်တိန်နာ ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ ယာဉ် ၁၀ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးဝင်းတင် မောင်းနှင်လာသည့်၆ခ/....နစ်ဆန်းဒီဇယ် အမျိုးအစား ကွန်တိန်နာ ယာဉ်သည် မဟာဗန္ဓုလတံတားပေါ်မှ ဒေါပုံဘက်ခြမ်း အဆင်းတွင် ဘရိတ်ပေါက်ကာ ရှေ့မှအငှားယာဉ်အား ပွတ်တိုက်မိပြီး ယာဉ် ၁၀ စီး ဆင့်ကဲ တိုက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဖြစ်စဉ်တွင်ပါဝင်သည့် ယာဉ်အချို့မှာ ဆိုးရွားစွာပျက်စီးသွားခဲ့ပြီး ဗန္ဓုလတံတား အဆင်းလမ်းတွင်အချိန် နှစ်နာရီခန့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ကာလူ ထိခိုက်ဒဏ်ရာရမှုများ မရှိ ခဲ့ကြောင်း သိရသည်။
ဘရိတ်ပေါက်တဲ့ကားကြီးက လမ်းပေါ်ရှိ ယာဉ်အချို့ကို တိုက်ပြီး ဒေါပုံရဲစခန်းရှေ့က ခြံစည်းရိုးနံရံ နဲ့ ဓာတ် တိုင်ကိုတိုက်ကာရပ်သွားတယ်။ သူတိုက်မိတဲ့ ကွန်တိန်နာကားကြီးကလည်း အရှိန်မထိန်းနိုင်လို့ နောက် ကားတွေကို ထပ်တိုက်၍ တော်တော်ပျက်စီးသွားတယ်။ နောက်တိုက်ခံရတဲ့ ကားကြီးကဘရိတ်အချိန်မီ ဖမ်းနိုင်လို့ လူတွေထိခိုက်ဒဏ်ရာမဖြစ်တာဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။
 
myanmartharkaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1