Monday, July 14, 2014

နိုင်ငံ့ဂုဏ် သိက္ခာကျအောင် ပြုမူမှာမဟုတ်ဘူးဆိုတဲ့ အလှမယ် မေမြတ်နိုး

Ever November | 7/14/2014 12:11:00 PM | Best Blogger Tips

မကြာသေးမီ ကမှ ကိုရီးယား နိုင်ငံမှာ ကျင်းပ ပြီးစီးသွားခဲ့တဲ့ နိုင်ငံ တကာ အဆင့် အလှမယ်  ပြိုင်ပွဲ Miss Aisa Pacific World 2014 သရဖူ ဆုရှင် မေမြတ်နိုးနဲ့ သူ့ရဲ့ National Director ဖြစ်တဲ့ မလှနုထွန်း နဲ့ ကိုဖြိုး ပိုင်ဦး ဇနီးမောင်နှံ တို့ နှစ်ဦးနှစ်ဖက် ကြား သဘောထား ကွဲလွဲမှု များဖြစ်ပွားခဲ့ ကြောင်း သိရပါတယ်။ ဒီ့အပြင် အလှ မယ် မေမြတ်နိုး ကို ကိုရီးယားနိုင်ငံ Miss Asia Pacific World Organization ကလည်း သရဖူဆု ပြန်လည် ရုပ်သိမ်းဖို့ အတွက် သတိပေးစာ အကြောင်း ကြားစာပေး ပို့ခံ ရကြောင်း သိရတာ ကြောင့် အလှမယ် မေမြတ်နိုး ကို လက် ရှိဖြစ်နေတဲ့ အခြေအနေ အကြောင်း အရပ်များ နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ ရာ “မြတ်နိုး နဲ့ မေမေ နဲ့က အစက တည်း ကတီချယ် လှနုထွန်းကို ယုံ ကြည်တယ်။
အမြဲတမ်း လည်း မိသားစုလိုပဲ ဆက် ဆံတယ်။ Camp တစ်ခုလုံး နိုင်ငံခြား မှာ သွား မပြိုင်ခင် ကတည်းက တီချယ် လှနုထွန်း အိမ်မှာ Camp ဝင်သလိုပဲ မနက် ၈ နာရီ ကနေ ည ၁၂ နာရီ၊ ၁ နာရီ၊ ၂ နာရီ အထိနေ ရတယ်။ တီချယ် လှနုထွန်း ကိုလည်း အစစ အရာရာ မြတ်နိုး တတ်နိုင် သလောက် Miss Globe Myanmar ပြိုင်ပွဲ တုန်း ကလည်း အစွမ်းကုန် ကူညီခဲ့ တယ်။ အဲဒီလို နှစ်ဦး နှစ်ဖက် ပြေပြေ လည် လည်ရှိနေတဲ့ ကြားက မှ ၃ဝ ရာခိုင် နှုန်းကြောင့် ဒီလို ပြဿနာတွေ ဖြစ်လာတာ မြတ်နိုး တကယ် စိတ် မကောင်းပါဘူး။ မြတ်နိုးပြိုင်ပွဲ တောက်လျှောက် မှာလည်း နှစ် ယောက်စလုံး အကောင်းဆုံး ကြိုးစား ခဲ့တယ်။ ဆရာမ ကတော့ မယ်တွေ အားလုံးကို ထိန်းရတယ်။ မြတ်နိုး အနေ နဲ့လည်း ပြိုင်ပွဲ တောက်လျှောက် အကောင်းဆုံး ကြိုးစားခဲ့ တယ်။ နှစ် ယောက် စလုံး ရဲ့ ကြိုးပမ်း မှုကြောင့် ရလဒ် ကောင်းလည်း ရလာခဲ့တယ်။ ဆရာ ကလည်း ဘေးက Support အနေနဲ့ လိုက်လာခဲ့တယ်။
ဆရာရဲ့ ပံ့ပိုးမှုတွေ လည်း အများကြီး ပါပါ တယ် ။ ဒါပေမဲ့ တီချယ် လှနုထွန်း ရေး ထားတဲ့ စာတွေကြောင့် တအားစိတ် မကောင်း ဖြစ်ရပါတယ်။ အတွင်းရေး က အတွင်းရေး မှာပဲ ရှိရမှာပါ။ အ တွင်းရေး မှာ မပြေ လည် စရာ ရှိရင်၊ စိတ်ထဲမှာ မကျေနပ်တာတွေ၊ စိတ် မကောင်းဖြစ်တာတွေ ရှိရင် အချင်း ချင်းပြောလို့ ရတဲ့ စကားတွေကို Public ကိုပြောပြီး မြတ်နိုး တို့အပေါ် နှိမ့်ချပြီး မကောင်း ပြောတာတော့ တကယ်စိတ် မကောင်းဖြစ်ရတယ်။ ဒီ ၃ဝ ရာခိုင်နှုန်းက အချင်းချင်းပြေ လည်အောင် ညှိနှိုင်းလို့ရတဲ့ ပြဿနာ မျိုးပါ။ မြတ်နိုးတို့ ပထမဦးဆုံး ဆရာ စင်ရော်မောင်မောင် နဲ့ ရိုက်တဲ့ ကြော်ငြာကိုလည်း ကန်တော့တာပါ။ ၃ဝ ရာခိုင်နှုန်း ပေးပါ့မယ်လို့ စာချုပ် လည်း မချုပ်ထားပါဘူး။ မြတ်နိုး ပြိုင် ပွဲတွေ မသွားခင် ကတည်းက တီချယ် လှနုထွန်း ကိုယုံတယ်။ ပြိုင်ပွဲ ပြီးသွား ရင်လည်း ၃ဝ ရာခိုင်နှုန်း ကန်တော့မယ်လို လုပ်ခဲ့ပါတယ်။ အချင်းချင်း မိသားစုလို အမြဲတမ်း ဆက်ဆံ လာ တယ်။ အမေနဲ့ အတူတူ လုပ်ကြမယ် ဆိုတာ လက်မခံဘူး။ မြတ်နိုး ကိုနေတိုး နဲ့ရိုက်တဲ့ လှည်း ယာဉ် တံဆိပ် ဓာတ်မြေသြဇာ ရိုက် ပြီးတဲ့နေ့က မုန့်တွေနဲ့ ဆရာသမား ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ သူတို့ပထမဦး ဆုံး ရှာပေးတဲ့ အလုပ်ဆိုတော့ သွား ကန်တော့ ဖြစ်တယ်။ သူတို့ ရှာပေး တယ် ဆိုတာက မြတ်နိုး တို့ကို ကမ်း လှမ်းတာပါ။ အရင်တုန်း က ဆရာ ဦးမိုးမင်းတို့နဲ့ Idea သွားရိုက်တုန်းက အဲဒီ ဆရာတွေ နဲ့အတူ ဒီအလုပ် ကိုရခဲ့ ပါတယ်။ အဲဒီကြော်ငြာ ပြီးသွားတော့ မြတ်နိုး အနေနဲ့ ဆရာသမား ကို သွား ကန်တော့တာပါ။ အဲဒီညက ပြေပြေ လည်လည်ပဲ ရှိခဲ့ပါတယ်။
အဲဒီ ညက မြတ်နိုးကို ဘာပြောလဲ ဆိုတော့ သမီး လေးတဲ့၊ အမေပဲ Management လုပ် လိုက်တော့ ဆရာမ တို့ဘာ မှဝင် မပြောတော့ဘူး ဆိုပြီး ပြောတယ်။ ပြီးတော့မှ ထပ်ပြီးတော့ စာနယ်ဇင်း တွေထဲမှာ ရေးတာကို မြင်တဲ့ အချိန်မှာ ကိုယ်တော့ သေချာ မဖတ်လိုက်ပါဘူး။ အင် တာနက်မှာ မြတ်နိုးရဲ့ သူငယ်ချင်းတွေ ကလာပြောတယ်။ Fan တွေက ပြောတယ်။ ဒါ တွေအ မှန်ပဲလား ဆို တော့မြတ်နိုး တကယ် ဖတ်ကြည့် တဲ့ အချိန် မှာမြတ်နိုး တကယ် မပြောခဲ့၊ မဆိုခဲ့၊ မလုပ်ခဲ့တဲ့ အရာ တွေအများ ကြီး ပဲ ရေးထားပါ တယ် ။ပြေပြေ လည်လည် စကားပြန် ပြောချင်ပါ တယ်။ ပထမ တုန်းက Protect လုပ်မယ် ဆိုပြီးရေး လိုက်တဲ့ အချိန်မှာ ဒါ Protect လုပ်တာ မဟုတ်တော့ ဘူးလေ။ ပထမ ကြော်ငြာ ၃ဝ ရာ ခိုင်နှုန်းက ပေးပြီး သွားပါပြီ။ ဒုတိယ ကြော် ငြာ က မရိုက် ရသေးတဲ့ အတွက် မပေး ရသေးဘူး။
အဲဒါက ပိုက်ဆံပေး တယ်လို့ မဟုတ်ဘဲ ကန်တော့တာပါ။ ပြီးတော့ ဟိုဘက်နိုင်ငံက သရဖူသိမ်း ဖို့ လုံးဝ အစီအစဉ် မရှိပါဘူး။ မြတ်နိုး သြဂုတ်လ ဒါမှမဟုတ် စက်တင်ဘာ လောက် သွားပြီး MAPW ဆိုတဲ့ အ ဖွဲ့နဲ့ MAPW Doll ဆို ပြီး အဖွဲ့ဖွဲ့ပြီး Girl Band အနေနဲ့ အခွေ ထုတ်ဖို့ ရှိပါ တယ်။ အခု သွားဖို့ စီစဉ်နေ ပါတယ်။ သရဖူ သိမ်းမယ် ဆိုတဲ့ သတိ ပေးစာ ဆိုတာ လည်း မှား ပါ တယ်။ မရှိပါဘူး။ အခု ဒါတွေဖြေ နေရပေမယ့် ရင်ထဲမှာ တကယ် ငိုနေရ ပါတယ်။ ဆရာ၊ ဆရာမတွေကို ဒီ လောက်ထိ ဖြစ်သွားမယ်လို့ မထင် ထားဘူး။ ဒီလိုမျိုး ရှင်းလင်းတာ မျိုးတွေလည်း မဖြစ်စေချင် ပါဘူး။ ဒီပြဿနာတွေ စမဖြစ်ခင် ကတည်း က ပြိုင်ပွဲ ကပြန်လာ ကတည်း က ဒီကိစ္စကို ညှိနှိုင်းနေကြတယ်။ အခုထိလည်း ညှိနှိုင်းနေတုန်း ပါပဲ။
လက်မခံတဲ့ အတွက် မြတ်နိုး လက် တော့ မလျှော့သေး ပါဘူး။ လက် လျှော့မယ့် အချိန်ရောက်ရင်လည်း ရောက်လာ မှာပေါ့”လို့ ပြောပါ တယ်။ ဆက်လက်ပြီး နိုင်ငံ့ဂုဏ်သိ က္ခာ ကျအောင် ဘယ်လို မှပြုမူမှာ မဟုတ်ပါဘူးလို့ ဆိုတဲ့ မေမြတ်နိုး က “အခု Girl Bandဆိုတာ ကိုရီးယားမှာ လုပ်ရင် နိုင်ငံတကာ အသိအမှတ် ပြုမယ်လေ။ K Pop က တအား လွှမ်းမိုးနေတာ ဆိုတော့ မြတ်နိုး အနေ နဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျအောင် ဘယ်လိုမှ ပြုမူမှာ မဟုတ်ပါဘူး။ မြတ်နိုးက အဲဒီလို လူမျိုး မဟုတ်ပါဘူး။ မြတ်နိုးနဲ့ အလုပ်လုပ်တဲ့ လူတွေ အကုန် သိမှာပါ” လို့ပြော ပြီး အလှမယ် မေမြတ်နိုးက ဇူလိုင် ၆ ရက်နေ့ ဘန် ကောက်မှာ ကြော်ငြာ သွားရိုက် ဖို့ရှိ ကြောင်း သိရပါတယ်။ 
Popolar News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1