Monday, July 14, 2014

PR စနစ်အပေါ် တိုင်းရင်းသားပါတီများ၏ သဘောထားတင်ပြထားမှုများ ယခုပြုလုပ်နေသည့် လွှတ်တော်အစည်းအဝေးတွင် ထူးခြားမှုမရှိပါက ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်မည်

Ever November | 7/14/2014 11:47:00 AM | Best Blogger Tips
ဇွန် ၁၁ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် PR စနစ်ကျင့်သုံးရန် အဆိုအား မဲခွဲဆုံးဖြတ်စဉ်

ယခုပြုလုပ်နေသည့် ပထမအကြိမ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် PR စနစ်နှင့် ပတ်သက်၍ တိုင်းရင်းသားပါတီများ၏ သဘောထားတင်ပြထားမှုများနှင့် ပတ်သက်၍ ထူးခြားမှုမရှိပါက PR စနစ် ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားပါတီများမှ သိရသည်။

“လွှတ်တော်မှာ PR စနစ် ကျင့်သုံးမယ့်အပေါ်မှာ တိုင်းရင်းသားပါတီတွေက ကန့်ကွက်ထားတာတွေ ရှိတယ်။ အခုကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာတော့ ဒီစနစ် တင်သွားမယ်လို့လည်း ကြားနေရတယ်။ ကျွန်တော်တို့ ကန့်ကွက်မှုတွေ ဆက်လုပ်မယ်၊ မလုပ်ဘူးဆိုတာတော့ လွှတ်တော်က ဒါကို ဘယ်လိုအဖြေထုတ်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ မထူးခြားဘူး ဆိုရင်တော့ ကျွန်တော်တို့တွေ ဒါကို ဆက်ကန့်ကွက်သွားဖို့ ရှိပါတယ်” ဟု NBF အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ကျောက်မဲမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက ပြောကြားသည်။

တိုင်းရင်းသား ပြည်နယ်များရှိ လွှတ်တော်များတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမည့်အပေါ် တိုင်းရင်းသားပါတီ ၂ဝ ဖြင့် ဖွဲ့စည်းထားသည့် (NBF) အဖွဲ့ဝင် တိုင်းရင်းသားပါတီများမှ မွန်၊ ကချင်၊ ချင်း၊ ကရင်၊ ရှမ်းစသည့် ပြည်နယ်ခုနစ်ခုတွင် ဇွန်လကုန်ပိုင်းမှစတင်ကာ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားပါတီ ၂ဝ ပါဝင်ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက PR စနစ်အား ပြည်နယ်များတွင် ကျင့်သုံးပါက ပြည်နယ်အခြေပြု မျိုးနွယ်စုအခြေပြု တိုင်းရင်းသားပါတီများ ရရှိထားသည့် မဲအချိုးနည်း၍ လူနည်းစု တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်တွင်း ပျောက်ကွယ်သွားနိုင်ကြောင်း၊ တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်များ လွှတ်တော်တွင်း ပါဝင်ခွင့်မရရှိလျှင် တိုင်းရင်းသားစည်းလုံးညီညတ်ရေး တည်ဆောက်နိုင်မည် မဟုတ်ကြောင်း ဇွန် ၁ဝ ရက်က သဘောထားထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ဆန့်ကျင်သည့် ပါတီများမှ ကိုယ်စားလှယ်များသည် ပြည်ထောင်စု လွှတ်တော်တွင် ဇွန် ၂၅ ရက်က တွေ့ဆုံခဲ့သည်။

အမျိုးသားလွှတ်တော်တွင် အချိုးကျကိုယ်စားပြု (PR) စနစ်ကျင့်သုံးရန် အဆိုအား ဇွန် ၁၁ ရက်ကပြု လုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1