Monday, February 13, 2012

 (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား နေပြည်တော်တွင် ကျင်းပ

November | 2/13/2012 09:11:00 AM | Best Blogger Tips

နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သည့် သ၀ဏ်လွှာကို နိုင်ငံတော်   ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဖတ်ကြားနေစဉ်
(၆၅)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအား နေပြည်တော်ရှိ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၇ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။
အဆိုပါပြည်ထောင်စုနေ့သို့ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။
အဆိုပါသ၀ဏ်လွှာ၌ ကိုလိုနီ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်အတွက် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာဖြင့် လွတ်လပ်ရေးကို အသက်သွေးချွေးများစွာဖြင့် ရင်း၍ ရယူခဲ့ရပါသည်။ ရရှိခဲ့ပြီးဖြစ်သော လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ရေး၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲလျှင် နိုင်ငံတော်လည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမည်ဖြစ်ပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဖော်ဆောင်နေသော အစိုးရသစ်အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် အထူးအလေးထားပြီး တည်ဆောက်လျက်ရှိပါသည်'' ဟု ထည့်သွင်းပြောကြားခဲ့သည်။ 
''ဒီမိုကရေစီသည် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အရေးကြီးပုံကို အသိအမှတ်ပြုခြင်းဖြစ်၍ တိုင်းရင်းသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားခြင်းသည်လည်း ဒီမိုကရေစီ၏ အနှစ်သာရကို ဖော်ဆောင်ခြင်းဖြစ်ပါသည်။ လူပုဂ္ဂိုလ် အသီးသီးသည် အသိဉာဏ်ပညာတွင် လည်းကောင်း၊ စိတ်နေစိတ်ထားတွင် လည်းကောင်း ကွဲပြားနိုင်သော်လည်း ထိုမတူညီသော အတွေးအခေါ်၊ အယူအဆအမျိုးမျိုးမှ နိုင်ငံတော်အတွက် အဖိုးတန်ရလဒ်ကောင်းများ ပေါ်ပေါက်လာရန် ဒီမိုကရေစီက ဖော်ဆောင်ပေးသည်။ ဒီမိုကရေစီ ရှင်သန်အောင်မြင်ရေးအတွက် တိုင်းရင်းသားပြည်သူအပေါင်းတို့သည် အတွေးအခေါ်၊ အသိဉာဏ်ပညာ တိုးတက်ရင့်သန်လာစေရန် ကြိုးပမ်းပြီး ဒီမိုကရေစီလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်ကြရပေမည်'' ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။ 
(၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ၊ အစိုးရအဖွဲ့ ၀န်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။
From EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1