Monday, February 20, 2012

အန်အယ်လ်ဒီ လွှတ်​တော်အမတ် ​ဒေါက်တာမြတ်ဉာဏစိုး​နှင့်​ ​မေး​မြန်း​ချက်

November | 2/20/2012 11:03:00 PM | Best Blogger Tips
ရန်ကုန်တိုင်း ​က အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါက်တာမြတ်ဉာဏစိုး​ရဲ့​ ပါတီဝင်အဖြစ် ​လျှောက်ထား​ချက်ကို လက်ခံလိုက်ပြီ ဖြစ်တဲ့​အတွက် ​ဒေါက်တာ မြတ်ဉာဏစိုး​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုယ်စား​ပြု လွှတ်​တော်ကိုယ်စား​လှယ်တဦး​ ဖြစ်သွား​ပြီလို့​ အဖွဲ့​ချုပ် အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က ဒီ​နေ့​ သတင်း​စာ ရှင်း​လင်း​ပွဲမှာ ​ပြောဆိုလိုက်ပါတယ်။
ဒေါက်တာမြတ်ဉာဏစိုး
ဒေါက်တာမြတ်ဉာဏစိုး​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။
အမျိုး ​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က သတင်း​စာရှင်း​လင်း​ပါတယ်။ အဲဒီမှာ ​ဒေါက်တာမြတ်ဉာဏစိုး​က အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ်တဦး​လို့​ ​ပြောသွား​လို့​လေ။

“ဟုတ်ပါတယ်။ အမျိုး​သား​လွှတ်​တော်ပါခင်ဗျာ။ ပြည်သူ့​ကိုယ်စား​လှယ်လို့​ ​ပြောသွား​တာပါ။ အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ်ပါ။”
ဒေါက်တာမြတ်ဉာဏစိုး​က​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲချုပ်ကို ဘယ်​နေ့​ကစပြီး​တော့​ စ​လျှောက်လိုက်တာလဲ။
“ကျ​နော်က​ တော့​ ဇန်နဝါရီလဆန်း​မှာ ပထမဦး​ဆုံး​ အဖွဲ့​ချုပ်က​နေစပြီး​တော့​ ဒီ ​လျှောက်လွှာ​တွေ ဖြန့်​ဝေတဲ့​အချိန်က ​လျှောက်လိုက်တာပါ။”
မ​လျှောက်ခင်က ဘယ်ပါတီကို ကိုယ်စား​ပြုပြီး​တော့​ ဝင်​ရောက်ယှဉ်ပြိုင် အနိုင်ရတာပါလဲ။
“ဟုတ်ကဲ့​ ကျ​နော်က အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု (အန်ဒီအက်ဖ်) ကို ကိုယ်စား​ပြုပြီး​တော့​ ဝင်​ရောက်ခဲ့​တာပါ၊​ ၂၀၁၀ ​ရွေး​ကောက်ပွဲကိုပါ။ အန်ဒီအက်ဖ်က​နေပြီး​တော့​ ကျ​နော် တရား​ဝင် နုတ်ထွက်ခဲ့​တာက​တော့​ ဒီဇင်ဘာလဆန်း​မှာ ဖြစ်ပါတယ်။”
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ဝင်​ရောက်တယ်ဆို​တော့​ အခု ​လော​လောဆယ် ပါတီက ဘာတာဝန်​တွေ ​ပေး​ထား​ပါသလဲ။
“အခု ​လော​လောဆယ်မှာ​တော့​ ကျ​နော်က နံပါတ် ၁ က​တော့​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ်​ပေါ့​နော်၊​ ပါတီ၏ တဦး​တည်း​သော ကိုယ်စား​လှယ်ပါ။ ​နောက်တခုက​တော့​ ​နေပြည်​တော်မှာက နယ်​မြေ ၄ ခု ​ပေါ့​နော်။ ​နေပြည်​တော် မြို့​နယ် ၄ ခုမှာ ကျ​နော်တို့​ ပါတီက​နေပြီး​တော့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်​တွေ ဝင်​ရောက်ပြီး​တော့​ အ​ရွေး​ချယ်ခံမှာပါ။ အဲဒီ့​ ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ကိုလည်း​ ​ဆောင်ရွက်ဖို့​ တာဝန်​ပေး​ထား​ပါတယ်။”
ပြည် ​ထောင်စုလွှတ်​တော်မှာ အဓိကအား​ဖြင့်​ ဘတ်ဂျက်နဲ့​ ပတ်သက်ပြီး​တော့​ ​ဆွေး​နွေး​တယ်ဆို​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကိုယ်စား​လှယ် တ​ယောက်အ​နေနဲ့​ ဘာ​တွေများ​ ​ဆွေး​နွေး​နေပါသလဲ။
“ကျ​နော် အခု ​လော​လောဆယ်က​တော့​ အမျိုး​သား​စီမံကိန်း​ ဥပ​ဒေကြမ်း​ပေါ့​။ အဲ့​ဒါကို ​ဆွေး​နွေး​ပြီး​ပါပြီ။ စီမံကိန်း​တွေရဲ့​ မကျနမှုများ​ပေါ့​။ ကျ​နော်တို့​ စီမံကိန်း​ဆိုတာက ပြည်သူ့​အတွက် အကျိုး​ရှိသင့်​တဲ့​ စီမံကိန်း​တွေ ဖြစ်သင့်​ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ပြည်သူ့​ ဘဏ္ဍာ​ငွေ​တွေကို အကျိုး​မဲ့​ ဖြုန်း​တီး​မှု မဖြစ်ဖို့​ လိုပါတယ်။ ဒီအ​ကြောင်း​ ကိစ္စ​တွေကို ပါဝင်​ဆွေး​နွေး​ခဲ့​ပြီး​ ဖြစ်ပါတယ်။ အခု လာမယ့်​ ဘတ်ဂျက်နဲ့​ ပတ်သက်တဲ့​ ​ဆွေး​နွေး​မှု​တွေမှာလည်း​ ပြည်သူ​တွေအတွက် တကယ် ထိထိ​ရောက်​ရောက် လုပ်ကိုင် ​ဆောင်ရွက်​ပေး​ရမယ့်​ အခန်း​ကဏ္ဍ​တွေ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ လူမှုဝန်ထမ်း​ အစရှိသည်ဖြင့်​ ​ပေါ့​နော်။ အလုပ်သမား​ရေး​ရာ စသည်​တွေမှာ ဘတ်ဂျက်​တွေကို ကျ​နော်တို့​ ဒီထက်မက သုံး​စွဲနိုင်ဖို့​ ဒါ​တွေကို ကျ​နော် ​ဆွေး​နွေး​သွား​မှာပါ။”
ခုနက ​မေး​ခွန်း​က ခါး​ပြတ်သွား​လို့​ ​ဒေါက်တာအ​နေနဲ့​ အန်ဒီအက်ဖ် က​နေပြီး​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ဟိုက​နေထွက်ပြီး​တော့​ ဒီမှာ ​ပြောင်း​တာ ဘာဖြစ်လို့​လဲ။ ​ဒေါ်​အောင်ဆန်း​စုကြည်က​နေ လူထု​ထောက်ခံမှု အများ​အပြား​ ရ​နေလို့​လား​။ ဘာ​ကြောင့်​ပါလဲခင်ဗျာ။
“မဟုတ်ပါဘူး​ ဗျာ။ ကျ​နော် ဒီ အန်ဒီအက်ဖ် က နုတ်ထွက်ခဲ့​စဉ်အခါတုန်း​ က​ပေါ့​နော်။ အဲဒီတုန်း​ကလည်း​ ကျ​နော် ဘီဘီစီတို့​၊​ ဗွီအို​အေတို့​ကို ကျ​နော် စနစ်တကျ ရှင်း​ပြပြီး​ ဖြစ်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ကျ​နော်တို့​ အန်ဒီအက်ဖ် ပါတီ ဆိုတာက မိခင် အန်အယ်လ်ဒီ ပါတီက​နေပြီး​တော့​ ဆင့်​ပွား​ ​ပေါ်​ပေါက်လာတဲ့​ ပါတီပါ။ ​နောက်​တော့​ အန်ဒီအက်ဖ် ပါတီ ဥက္ကဋ္ဌ ​ဒေါက်တာသန်း​ငြိမ်း​ကလည်း​ ကျ​နော်တို့​ကို ဖွင့်​ပွဲ အခမ်း​အနား​မှာ သူမိန့်​ကြား​ခဲ့​တဲ့​ စကား​ရှိပါတယ်။ အဲဒါက ဘာလဲဆို​တော့​ အဲဒီ့​ အချိန်တုန်း​က အ​ခြေအ​နေ၊​ အ​ကြောင်း​အရာ၊​ အရပ်ရပ်အရ အန်အယ်လ်ဒီ သည် နိုင်ငံ​ရေး​ပါတီအဖြစ် ပြန်လည် မှတ်ပုံမတင်​သေး​တဲ့​ အချိန် ဖြစ်​နေတယ်​လေ။ အဲဒီ့​တော့​ အန်အယ်လ်ဒီအဖွဲ့​ချုပ် မရှိတဲ့​အချိန်မှာ အသက်ကယ်​လှေ အ​နေနဲ့​ပေါ့​နော်။ အန်ဒီအက်ဖ်ကို ဖွဲ့​စည်း​တည်​ထောင်ခဲ့​တယ်။ အန်အယ်လ်ဒီ ပြန်လည် ​ပေါ်​ပေါက်လာတဲ့​အချိန်ကျရင် ဒီအသက်ကယ်​လှေကို ချက်ချင်း​ ပြန်ကပ်ပါ့​မယ်ဆိုတဲ့​ ကတိစကား​လည်း​ ရှိခဲ့​ပါတယ်။ အဲဒီ​တော့​ ကျ​နော် ဒီ အန်ဒီအက်ဖ် ဗဟိုဦး​စီး​ ​ကော်မတီဝင် ဘဝမှာလည်း​ နိုင်ငံ​ရေး​ပါတီများ​ မှတ်ပုံတင်ခြင်း​ ဥပ​ဒေကို ပြင်ဆင်ပြီး​တော့​ အဖွဲ့​ချုပ်က မှတ်ပုံတင်ပြီး​တဲ့​ အချိန်မှာ ကျ​နော် ချက်ချင်း​ အန်ဒီအက်ဖ်ပါတီကို တင်ပြခဲ့​ပါတယ်။ အဲဒါက​တော့​ အန်ဒီအက်ဖ်သည် မိခင်ပါတီဖြစ်တဲ့​ အန်အယ်လ်ဒီနဲ့​ အမြန်ဆုံး​ ပြန်လည် ပူး​ပေါင်း​ရေး​ပါ။ အဲဒီ​တော့​ ဒီလုပ်ငန်း​စဉ်​တွေ အခုထက်ထိ အ​ကောင်အထည် မ​ဖော်နိုင်ခဲ့​တဲ့​အတွက်​ကြောင့်​မို့​လို့​ ကျ​နော်ဟာ အန်ဒီအက်ဖ်က​နေ နုတ်ထွက်ပြီး​တော့​ မိခင် အန်အယ်လ်ဒီပါတီနဲ့​ ပြည်လည် ပူး​ပေါင်း​ရခြင်း​ ဖြစ်ပါတယ်။”
အခု အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ၈၈ ပြည်သူ့​အ​ရေး​တော်ပုံ ပြီး​ပြီး​ချင်း​မှာ တည်​ထောင်တဲ့​ ပုံစံမျိုး​ မဟုတ်ဘဲနဲ့​ လူငယ်​တွေ၊​ တိုင်း​ရင်း​သား​တွေ၊​ အမျိုး​သမီး​တွေ စသည်ဖြင့်​ အဲဒီလိုမျိုး​ပေါ့​နော် ဦး​ဆောင်မှု အခန်း​ကဏ္ဍ​တွေမှာ ​နေရာ​ပေး​လာတာ ​တွေ့​ရပါတယ်။ ဒီဟာနဲ့​ ပတ်သက်ပြီး​တော့​ အခု ​လော​လောဆယ်မှာ တဦး​တည်း​သော ပြည်သူ့​ကိုယ်စား​လှယ် တ​ယောက်အ​နေနဲ့​ အန်အယ်လ်ဒီရဲ့​ အနာဂတ်ကို ဘယ်လိုမျိုး​ သုံး​သပ်နိုင်ပါသလဲ။
“မှန်ပါတယ်။ အဖွဲ့​ချုပ်ဟာ အခု ​ဒေါ်​အောင်ဆန်း​စုကြည်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး​တော့​ အဖွဲ့​ချုပ်ကို ပြန်လည် ထူ​ထောင်ခဲ့​တာပါ။ ကျ​နော်တို့​ ​ဒေါ်​အောင်ဆန်း​စုကြည်၊​ ဘဘဦး​တင်ဦး​နဲ့​ ဘဘဦး​ဝင်း​တင်တို့​ အပါအဝင် အား​လုံး​ဟာ ပါတီဝင် အဖြစ်​ပေါ့​နော်။ အသစ်ပြန်လည် ဝင်​ရောက်ပြီး​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ပြန်လည် ဖွဲ့​စည်း​ခဲ့​တာ ဖြစ်ပါတယ်။ အဲဒီအတွက်​ကြောင့်​မို့​လို့​ ကျ​နော်တို့​ လူငယ်​တွေရဲ့​ အခန်း​ကဏ္ဍ၊​ ​နောက် ပညာရှင်​တွေရဲ့​ အခန်း​ကဏ္ဍ၊​ အမျိုး​သမီး​တွေရဲ့​ အခန်း​ကဏ္ဍဟာ ပိုပြီး​တော့​ မြင့်​မား​လာပါတယ်။ ​နောက်ပြီး​တဲ့​အခါကျ​တော့​ ကျ​နော်တို့​ အဖွဲ့​ချုပ်ရဲ့​ ဖွဲ့​စည်း​ပုံဟာလည်း​ ပိုမိုစနစ်ကျနပြီး​တော့​ ကျ​နော်တို့​ အခု​ပြော​ပြော​နေတဲ့​ ခိုင်မာ​သော အဖွဲ့​အစည်း​ကြီး​ တခုအ​နေနဲ့​ ကျ​နော်တို့​ အနာဂတ် မြန်မာ့​နိုင်ငံ​ရေး​ ခရီး​လမ်း​မှာ ပိုမို ခိုင်မာကျစ်လစ်စွာနဲ့​ ​ပေါ့​နော်။ ထိထိ​ရောက်​ရောက် လွှတ်တော်နိုင်ငံ​ရေး​ကို​ရော၊​ လွှတ်​တော်ပြင်ပ နိုင်ငံ​ရေး​ကို​ရော ​ဆောင်ရွက်သွား​နိုင်မယ့်​ အနေအထား​မျိုး​၊​ အခွင့်​အလမ်း​ကောင်း​တွေ ရှိ​နေပြီလို့​ ​ပြောချင်ပါတယ်။” 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1