Monday, February 20, 2012

Missed calls တစ်ကြိမ် ကျပ် ၃၀၀ နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးဖြေရှင်း

November | 2/20/2012 09:43:00 AM | Best Blogger Tips
Missed Calls တစ်ကြိမ် ကျပ် ၃၀၀ နုတ်သည်ဟူသော သတင်းမှာမှန်ကန်မှုမရှိကြောင်း CDMA 800(09-73f×××) ဖုန်းသုံးစွဲသူများအနေဖြင့် လက်တွေ့စမ်းသပ်ကြည့်နိုင်ကြောင်း   မြန်မာ့ဆက်သွယ်   ရေးလုပ်ငန်း၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ထုတ်ပြန်သော်လည်း CDMA 800 ဖုန်းများနှင့် CDMA 450 ဖုန်းများအနေဖြင့် Missed Calls တစ်ကြိမ်ပေးလျှင် ကျပ် ၃၀၀ ခန့်ဖြတ်တော်မှုမှာ အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း သုံးစွဲသူများထံမှ သိရ သည်။ "Missed Calls တစ်ခါခေါ် ကျပ် ၃၀၀ ဖြတ်နေတယ်လို့ကြားတော့ ယုံတောင်မယုံနိုင်ဘူး။ အဲဒါနဲ့ ငွေတွေ ကို စစ်ပြီးတော့ Missed Calls တစ်ခါခေါ်ကြည်တော့မှ တကယ်ကိုကျပ် ၃၀၀ ဖြတ်ထားတာတွေ့ရတယ်" ဟု ဖုန်းအသုံးပြုသူ မသူသူက ပြောသည်။ အဆိုပါငွေဖြတ်တောက်မှုနှင့် ပတ်သက်၍ "Missed Calls တစ်ခါပို့ရင် ကျပ် ၃၀၀ ဖြတ်တောက်ခဲ့တယ်ဆိုတာက ဆာဗာလွဲချောမှုတစ်ခုကြောင့် ဖြစ်ခဲ့တာပါ။ ဒါကလည်း ဆက်သွယ် ရေးပစ္စည်းတချို့ကို အဆင့်မြှင့်လိုက်တဲ့အတွက် မထင်မှတ်ဘဲဖြစ်ခဲ့ပေမယ့် ယခုတော့ အားလုံးကောင်းသွားပါ ပြီ။ အဲဒီတစ်ရက် နှစ်ရက်က ဖြတ်ခဲ့တဲ့ငွေကိုလည်း ပြန်လည်ဖြည့်ပေးထားပါတယ်။ လက်ရှိလည်း စမ်းလို့ရပါ တယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဖလားဝါးနယူးစ်သို့ ပြောကြားသည်။ အဆိုပါ ဖုန်းများမှ ဖြတ်တောက်ထားသော ငွေများကို Missed Calls ခေါ်ဆိုလိုက်သည့်ဖုန်းမှ မိမိဖုန်းအား ပြန်လည်ခေါ် ဆိုပေးပါက ငွေကျပ် ၃၀၀ ပြန်လည်ဝင်လာသည်ဟုလည်း သိရသည်။
From  ပန်းသတင်းဂျာနယ်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1