Monday, February 20, 2012

မြန်မာတစ်ပြည်လုံးအားကစားကွင်းများကို မဲဆွယ်စည်းရုံးရေးများတွင် အသုံးမပြုရ ဟုဆို

November | 2/20/2012 11:05:00 PM | Best Blogger Tips

အားကစားဝန်ကြီးဦးတင့်ဆန်း
 ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များအတွင်း တွင် နေရာရရှိရေးအတွက် အားကစားကွင်းများအသုံးပြုရာတွင် အားကစားပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းအနေနှင့်ကန့်ကွက်မှု့များရှိပြီး ဖျာပုံတွင် ဖြစ်ခဲ့သော ကိစ္စတွင် ၀န်ကြီးတစ်ဦးအနေနှင့် ဟန့်တားနေခြင်းသည် လုံးဝမသင့်တော်ကြောင်း ရွေးကောက်ပွဲအောင်နိုင်ရေးမန်နေဂျာအဖြစ်ခန့်အပ်ခြင်းခံထားရသော ဦးဥာဏ်ဝင်းက ရှင်းလင်းပွဲတွင်ပြောကြားသွားသည်။
ဖေဖ၀ါရီ ၁၄ရက်နေ့တွင် လှည်းကူမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပြီးဖြစ်သော်လည်း ၀န်ကြီးအနေနှင့် ကန့်ကွက်ခဲ့သည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုတိုက်ရိုက်ခွင့်ပြုချက်တောင်းခံခဲ့ရခြင်းကို ကြုံတွေ့ခဲ့ရသလို ဖေဖ၀ါရီ ၁၅ရက်နေ့စွဲဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် မြန်မာတစ်ပြည်လုံးအားကစားကွင်းများကို မဲဆွယ်စည်းရုံးရေးများတွင် အသုံးမပြုရ ဆိုသည့်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း ဦးဥာဏ်ဝင်းကပြောသည်။
“ယင်းသို့ကန့်သတ်မှု့များသည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ထိခိုက်သည်ဟုယူဆကြောင်း ဦးဥာဏ်ဝင်းကပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် ကြုံတွေ့နေရသောအခက်အခဲများ၊ကန့်သတ်ချက်များနှင့်ပတ်သက်နေရသည်များကိုအဓိကထားပြောကြားခဲ့သည့်သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အဖွဲ့ချုပ်ရုံးချုပ်တွင် ယနေ့မွန်းလွဲ၁၂နာရီက ပြုလုပ်ခဲ့သည်။
FROM 7Day News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1