Sunday, February 19, 2012

ကြားဖြတ်ရွေးကောက်ပွဲသည် အရေးအကြီးဆုံး မှတ်ကျောက်ဟု ကုလသမဂ္ဂပြော

November | 2/19/2012 06:38:00 PM | Best Blogger Tips
ဗီဂျေနမ်ဘီယား


ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ အစိုးရအတွက် အရေးကြီးတဲ့ မှတ်ကျောက်ဖြစ်တယ်လို့ မြန်မာပြည်ကို ၆ ရက်တာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဗီဂျေနမ်ဘီယားက ပြောလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအားလုံး တန်းတူရည်တူ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်နိုင်ဖို့ကို ကုလသမဂ္ဂကိုယ်စားလှယ်က တိုက်တွန်းလိုက်တာကို ကုလသမဂ္ဂရဲ့​ ​ပြန်ကြားရေးစာမျက်နှာမှာ​ ​ဖော်ပြထားပါတယ်။
ကချင်ပြည်နယ်က အခြေအနေတွေ တိုးတက်လာဖို့နဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ တိုးတက်လာဖို့လည်း လိုအပ်နေတယ်လို့ ကုလမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကြံပေးက ပြောတယ်။
မြန်မာပြည်မှာ တဖက်နဲ့တဖက် မယုံကြည်တာတွေကို ကျော်လွှားပြီး၊ အားလုံးပါဝင် ဆွေးနွေးနိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်ကနေ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ဟာ မရှိမဖြစ် အရေးကြီးတုန်းပဲ မစ္စတာ နမ်ဘီ​ယား​က ပြောပါတယ်။
နောက်ထပ် အရေးကြီးက ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေမည့်​ ​ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရက လက်တွေ့လုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်​ ဖန်တီးရေးတို့အတွက်​ ​ပြုပြင်ပြောင်းလဲမှုတွေကို​ လုပ်ဆောင်ဖို့ ဗဟိုအစိုးရနဲ့ ဒေသအစိုးရတွေမှာ တာဝန်ရှိတယ်လို့  မစ္စတာ နမ်ဘီးယားက ပြောပါတယ်။
မစ္စတာ နမ်ဘီ​ယားဟာ သောကြာနေ့မှာ ခရီးစဉ်အဆုံးမသတ်ခင် မြန်မာပြည်မှာ ရှိနေတဲ့ ၆ ရက်အတွင်းမှာ သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ်ဏမောင်လွင်၊​ ​ဒေါ်အောင်ဆန်းစုကြည်၊ လူထုအခြေပြုအဖွဲ့တွေ၊ တိုင်းရင်းသား အဖွဲ့တွေ၊ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1