Tuesday, February 21, 2012

မဖြစ်မနေ လစာတိုးပေး​ရေး​သ၀ဏ်လွှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပေးပို့

November | 2/21/2012 09:05:00 PM | Best Blogger Tips
အစိုးရ၀န်ထမ်းတွေရဲ့ လစာ တိုးပေးရေးအတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက် သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပေးပို့လိုက်ပါတယ်။
ဦးရွှေမန်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပေးပို့တဲ့ သ၀ဏ်လွှာမှာ အချက် ၁၄ ချက် ပါရှိပြီး ၀န်ထမ်းတွေကို ရာခိုင်နှုန်း တခုခုထိ လစာတိုးပေးဖို့ကို ပါရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပေးပို့တဲ့ သ၀ဏ်လွှာကို ပြည်ထောင်စုအစိုးရက ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ဦးသိန်းညွန့်က အခုလို ပြောပါတယ်။
“လွှတ်တော်ဥက္ကဋ္ဌကနေ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းလိုက်တဲ့ အဆို အားလုံးက ကန့်ကွက်သူ မရှိဘဲနဲ့ အတည်ပြုတာ။ အဲဒါနဲ့ ပတ်သက်ရင် ဆောင်ရွက်ရမယ့် ကိစ္စတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၈ မှာ ပါပြီးသားပဲ။ အဲဒါက ဘာလဲဆိုတော့ ပြည်ထောင်စု အစိုးရသည် ပြည်ထောင်စုလွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် အစီရင်ခံရမည်။ နောက် အဲဒီပုဒ်မ ၂၂၈ (က) က ဥပဒေပြုရေး၊ တရားစီးရင်ရေးမှ အပ ကျန်တဲ့ကိစ္စများက အခုနက အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တင်ပြလိုက်တဲ့ အဆိုက အုပ်ချုပ်ရေးဆိုင်ရာ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရက ဒီဟာနဲ့ ပတ်သက်ရင် အကောင်အထည်ဖော်ပေးဖို့ တာဝန်ရှိပါတယ်။ အဲဒီတာဝန်နဲ့ ပတ်သက်ပြီးတော့ ဖွဲ့စညးပုံအခြေခံဥပဒေ ပြဌာန်းချက်ကိုတော့ ကျနော်တို့ ဒီပြဋ္ဌာန်းချက်တိုင်း လိုက်နာရမှာပေါ့။ ဒါတွေက အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍတွေမှာ အပြန်အလှန် ထိန်းကျောင်းအောင်။ နောက်တခုက ဆက်ဆံရေး၊ ပေါင်းကူးရေးမှာ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးတော့ ထိန်းကျောင်းပေးထားတဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေပါပဲ။”
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်မှာ ၀န်ထမ်းတွေကို လစာတိုးပေးရမယ့် အဆိုကို  မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်းက ပြည်ထောင်စု လွှတ်တော်မှာ မေတ္တာရပ်ခံ ပြီးတဲ့နေက်ပိုင်းမှ သူရဦးရွှေမန်းက အခုတဖန် မဖြစ်မနေ လစာတိုးပေးဖို့ သ၀ဏ်လွှာကို ပို့လိုက်ရတာ ဖြစ်ပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1