Sunday, February 19, 2012

အသစ်ချထားမည့်မိုဘိုင်းဖုန်း များတွင်အဆင့်မြင့် MMS စနစ် ထည့်သွင်းရန်စီစဉ်

November | 2/19/2012 07:21:00 PM | Best Blogger Tips

အသစ်ချထားမည့် မိုဘိုင်းဖုန်းများ၌ နိုင်ငံတကာတွင်အသုံးပြုနေသည့် MMS စနစ်ကို ထည့်သွင်းဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ MMS စနစ်မှာ (Multimedia Messaging Service) ဖြစ်ပြီး မိုဘိုင်းဖုန်းအချင်းချင်း ဓါတ်ပုံများပေးပို့ခြင်း၊ ဗွီဒီယိုဖိုင်များ၊ အသံဖိုင်များပေးပို့ခြင်း စသည်တို့ကို အပြန်အလှန်ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
မတ်လတွင်စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများ ရောင်းချပြီးသည့်နောက်ပိုင်းတွင် ၎င်းစနစ်ကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းစနစ်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် လိုအပ်ချက်များကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ စတင်ဆောင်ရွက်ပေးသည့်အခါတွင် ကောက်ခံမည့်ဝန်ဆောင်ခနှုန်းထားများ အသေးစိတ်ကို လတ်တလောကာလတွင် မသိရှိရသေးကြောင်းသိရသည်။ လာမည့်မတ်လအတွင်းတွင် ငွေကျပ်သုံးသိန်းအောက် တန်ဖိုးနည်းဖုန်းများကို စတင်ချထားပေးမည်ဖြစ်ပြီး အဆိုပါဆောင်ရွက်ချက်ကို မြန်မာ့ဆက်သွယ်ရေးနှင့် ပုဂ္ဂလိကကုမ္ပဏီ ၂၃ ခုတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းဖုန်းများတွင် MMS စနစ် လတ်တလောမပါဝင်သေးသော်လည်း အင်တာနက်စနစ်ပါဝင်မည်ဖြစ်ပြီး အင်တာနက်စနစ်အတွက် သီးခြားလျှောက်လွှာတင်ကာ လျှောက်ထားရမည်ဖြစ်ကြောင်း အင်တာနက်အသုံးပြုရန်အတွက် လျှောက်ထားခငွေ ကျပ်တစ်သောင်းကျသင့်မည်ဖြစ်ကာ အသုံးပြုခအတွက် တစ်မိနစ်လေးကျပ်နှုန်းဖြင့် ကြိုတင်ငွေပေးကတ်မှ နုတ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
From Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1