Wednesday, February 29, 2012

 ကြားဖြတ်ရွေးကောက်ပွဲများအတွက် မဲစာရင်းများကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ကြေညာ PDF

November | 2/29/2012 01:33:00 PM | Best Blogger Tips

ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်း(မဲစာရင်း)များကို  ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင်
သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ကြေညာမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ပါသည်။
မဲဆန္ဒနယ်၌ ဥပဒေအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတစ်ဦးသည် မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးပါက နည်းဥပဒေ(၉)အရ မိမိအမည်ကိုမဲစာရင်းတွင် ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ ခွဲသို့ မဲစာရင်းထုတ်ပြန်ကြေညာပြီးသည့်နေ့မှစ၍ ခုနစ်ရက်အတွင်း တင်သွင်းတောင်းဆိုနိုင်ပါသည်။  ထို့အပြင် မဲဆန္ဒရှင်တစ်ဦးသည် ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့ရသဖြင့် မဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းမှ အခြားမဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းသို့ အမည်ပြောင်းရွှေ့လိုလျှင် လ၀ကပုံစံ(၁၀)နှင့်အတူ လက်ရှိမဲဆန္ဒနယ်မဲစာရင်းမှ မိမိအမည်ကိုပယ်ဖျက်၍ အခြားမဲဆန္ဒနယ်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုလွှာ ပုံစံ(၄-က)ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ တင်ပြတောင်းဆိုပြီး ပြောင်းရွှေ့ရောက်ရှိသည့် မဲဆန္ဒနယ်၏ မဲစာရင်းသို့ ပုံစံ(၄-ခ)၊ ပုံစံ(၃)တို့ဖြင့် မဲစာရင်း ထည့်သွင်းဆောင်ရွက်နိုင်သည်။
Ref;MEG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1