Friday, March 9, 2012

မြန်မာနိုင်ငံ​ပြောင်း​လဲမှုအတွက် ထိုင်း​နိုင်ငံ တိုက်တွန်း​အား​ပေး​သင့်

November | 3/09/2012 07:53:00 PM | Best Blogger Tips
မြန်မာနိုင်ငံမှာ တိုး​တက်​ပြောင်း​လဲမှု​တွေ တကယ်ဖြစ်​ပေါ်လာဖို့​အတွက် ထိုင်း​နိုင်ငံကလည်း​ တိုက်တွန်း​ အား​ပေး​သင့်​တယ်လို့​ ထိုင်း​သတင်း​စာဆရာ တဦး​က ​ပြောကြား​လိုက်ပါတယ်။
ခွန်ဆုဖလတ် (photo - Shan Youth Power Media)
ချင်း​ မိုင်တက္ကသိုလ်မှာ မတ်လ ၈ ရက်နေ့က​ ​ပြုလုပ်ခဲ့​တဲ့​ လက်ရှိမြန်မာနိုင်ငံရဲ့​ ​ပြောင်း​လဲမှု​ များ​ အကြောင်း​ ​ဆွေး​နွေး​ပွဲမှာ ​နေး​ရှင်း​သတင်း​စာဆရာ ခွန်ဆု ဖလတ်က ​ပြောကြား​သွား​တာပါ။
“မြန်မာပြည်ရဲ့ ​ ​ပြောင်း​လဲမှု အကျိုး​ဆက်ဟာ ထိုင်း​နိုင်ငံ​ပေါ်မှာ အများ​ ကြီး​ သက်​ရောက်မှု ရှိပါတယ်။ — မြန်မာပြည်တိုး​တက်ရင် ထိုင်း​- မြန်မာရဲ့​ စီး​ပွား​ရေး​လည်း​ တိုး​တက်မှာပါ။ မြန်မာပြည် တကယ် ​ပြောင်း​လဲဖို့​အတွက် အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံကလည်း​ တိုက်တွန်း​အား​ပေး​ဖို့​ လိုအပ်ပါတယ်။” လို့​ သူက ​ပြောပါတယ်။
နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကို လွှတ်​ပေး​တာ​တွေ ၊​ ​ဒေါ်​အောင်ဆန်း​စု ကြည်နဲ့​ နိုင်ငံ​ရေး​ပါတီ​တွေ လွတ်လွတ်လပ်လပ် မဲဆွယ်​နေတာ​တွေ၊​ မီဒီယာ လွတ်လပ်ခွင့်​တွေ၊​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ဖော် ​ဆောင်မှု​တွေ ရှိ​နေ​ပေမယ့်​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ကျန်​နေ​သေး​သလို တိုက်ပွဲ​တွေလည်း​ ဆက်ဖြစ်​နေ​သေး​တယ်လို့​ ​ထောက်ပြပြီး​ နိုင်ငံ​ရေး​ လွတ်လပ်ခွင့်​ သည့်​ထက် ပိုရှိသင့်​တယ်လို့​သူက ​ထောက်ပြပါတယ်။
သည်​ဆွေး​နွေး ​ပွဲကို တက်​ရောက်ခဲ့​တဲ့​ ချင်း​မိုင်တက္ကသိုလ် ဗိသုကာ ပညာ ဒုတိယနှစ် ​ကျောင်း​သား​ တဦး​က​တော့​ မြန်မာအစိုး​ရသစ်ကို ​စောင့်​ကြည့်​ဖို့ ​လိုတယ်လို့​ပြောပါတယ်။
“​ဆွေး​နွေး​ ပွဲ နား​ထောင်ပြီး​တော့​ နဝတ၊​ နအဖ အစိုး​ရထက်စာရင် အခု တက်လာတဲ့​ အစိုး​ရသစ်က မဆိုး​ဘူး​လို့​ ထင်ပါတယ်။ ဒါ​ပေမယ့်​ အစစ် အမှန် ​ပြောင်း​လဲတာလား​ ဒါမှမဟုတ် အာဆီယံ အကြီး​အကဲဖြစ်ချင်လို့​ ဟန်​ဆောင် ​ပြောင်း​လဲပြတာလား​ ဆိုတာ​တွေ​တော့​ ​စောင့်​ကြည့်​ရမှာပါ။”
photo - Shan Youth Power Media
” မြန်မာပြည် တကယ် ​ပြောင်း​လဲရင်​တော့​ နယ်စပ်ဒုက္ခသည်​တွေ အပါ အဝင် ​ရွှေ့​ပြောင်း​အလုပ်သမား​ ပြဿနာ ဝန်ထုပ်ဝန်ပိုး​တွေ ​လျော့​သွား​မယ်။ ထိုင်း​နိုင်ငံက စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေလည်း​ မြန်မာပြည်မှာ သွား​ပြီး​ ရင်း​နှီး​ လုပ်ကိုင်နိုင်မယ်။ အလုပ်သမား​တွေလည်း​ ကိုယ့်​နိုင်ငံမှာ ကိုယ်တိုင် လုပ်ကိုင် စား​သောက်နိုင်မယ်လို့​ မြင်ပါတယ်။” လို့​ သူက ​ပြောပါတယ်။
ဒီ​ဆွေး​နွေး​ ပွဲမှာ ချင်း​မိုင် ဖယပ်တက္ကသိုလ်က ​ဒေါက်တာသိန်း​ဆွေ၊​ မြန်မာ့​အ​ရေး​ ပူး​ပေါင်း​ဆောင်ရွက်သူများ​အဖွဲ့​က ​ဒေါ်ခင်ဥမ္မာနဲ့​ ဗဟုဖွံ့​ဖြိုး​ရေး​အဖွဲ့​က ဦး​အောင်နိုင်ဦး​တို့​လည်း​ ပါဝင်ခဲ့​ပါတယ်။
ဒီ​ဆွေး​နွေး​ ပွဲကို ချင်း​မိုင်တက္ကသိုလ် ​ရေရှည်ဖွံ့​ဖြိုး​ရေး​ ​ဒေသဆိုင်ရာ ဗဟို ဌာန (The Regional Center for Sustainable Development)နဲ့​ ချင်း​မိုင် အ​ခြေစိုက် မိတ်​ဆွေ​ကောင်း​ စာကြည့်​တိုက်အဖွဲ့​က ပူး​ပေါင်း​ စီစဉ်ခဲ့​တာပါ။
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1