မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်သွင်းကုန်ကုန်ပစ္စည်းများအားသယ်ယူပို့ဆောင်ပေးရန်အတွက် မြန်မာ့မီးရ
ထားမှ ကွန်တိန်နာရထားများ
ပုံမှန်ပြေးဆွဲပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ
ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ
ဦးအောင်ခင်မြင့်ထံမှ သတင်းရရှိပါသည်။
မြန်မာ့မီးရထားအနေဖြင့် ကွန်တိန်နာရထားများ ပုံမှန်ပြေးဆွဲနိုင်ရန်အတွက်
လေ့လာမှုများပြုလုပ်နေကြောင်း၊ ကရိန်း(Crane) များနှင့် ICD များတွင်
ရင်းနှီးမြှုပ်နှံရန်လည်း စီစဉ်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
လက်ရှိ မြန်မာ့မီးရထားတွင် ပေ ၄၀ ကွန်တိန်နာအလုံး ၁၀၀ နှင့် ပေ ၂၀ ကွန်တိန်နာ ၁၂ လုံးရှိ ထားပြီးဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအောင်ခင်မြင့်က ပြောကြားခဲ့ပါသည်။
လက်ရှိ မြန်မာ့မီးရထားတွင် ပေ ၄၀ ကွန်တိန်နာအလုံး ၁၀၀ နှင့် ပေ ၂၀ ကွန်တိန်နာ ၁၂ လုံးရှိ ထားပြီးဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအောင်ခင်မြင့်က ပြောကြားခဲ့ပါသည်။
မြန်မာ့မီးရထားမှ ကွန်တိန်နာရထားများ ပြေးဆွဲပေးမည်ဆိုပါက
ပုံမှန်ပြေးဆွဲလည်ပတ်နိုင်ရန်အတွက် ကုန်စည်ပုံမှန်ရရှိရေးနှင့်
ကွန်တိန်နာစခန်းများ တည်ဆောက်မှုပိုင်းမှာ အရေးပါကြောင်း၊ ထိုသို့
ကုန်စည်ပုံမှန်ရရှိရေးနှင့် ကွန်တိန်နာစခန်းများ တည်ဆောက်ခြင်းနှင့်ပတ်သက်၍
လက်ရှိအပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင် နေသူများထံမှ
အကြံဥာဏ်များ တောင်းခံထားကြောင်းလည်း သိရှိရသည်။
''ပြည်ပက ကွန်တိန်နာနဲ့သွင်းလာတဲ့ သွင်းကုန်တွေ၊ ပြည်တွင်းက
ကွန်တိန်နာနဲ့ပို့မယ့် ကုန်စည်တွေအတွက် မြန်မာ့မီးရထားက ကွန်တိန်နာရထား
ပုံမှန်ပြေးဆွဲပေးဖို့ စီစဉ် ထားတာပါ။ ကွန်တိန်နာ အလုံးအရေအတွက်
တော်တော်များများလည်း မြန်မာ့မီးရထားမှာ ရှိပါတယ်။ အဓိကအချက်ကတော့
ပုံမှန်ပြေးဆွဲပေးနေမှရမှာဖြစ်သလို ပုံမှန်ပြေးဆွဲ ဖို့အတွက်ဆိုရင်
ကုန်စည်တွေ ပုံမှန်ရနေမှ ဖြစ်မှာပါ။ နောက်တစ်ချက်က အချက်အချာကျတဲ့
ကွန်တိန်နာစခန်း တည်ဆောက်ဖို့ လိုပါတယ်။ ဒါတွေလုပ်ဖို့အတွက် လက်ရှိလုပ်ငန်း
လုပ်နေတဲ့ Freight Forwarder တွေဆီက အကြံဉာဏ်တွေ တောင်းခံထားပါတယ်။
အကြံပေးချင်တဲ့သူတွေရှိရင်လည်း ရန်ကုန်က မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ
ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်းရုံး MIFFA (အမှတ်
၃၅-၈၇၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံ)ကို ပေးပို့နိုင်ပါတယ်'' ဟု MIFFA
ဥက္ကဋ္ဌ ဦးအောင်ခင်မြင့်က ပြောကြားခဲ့ပါသည်။
Ref; EMG
No comments:
Post a Comment