Tuesday, March 6, 2012

ကျောက်ပန်းတောင်းမြို့နယ်တွင်းတွင် ဓါတ်ငွေ့ပိုက်လိုင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်အခဲများဖြစ်ပေါ်နေ

November | 3/06/2012 08:34:00 PM | Best Blogger Tips

ရခိုင်ပြည်နယ်နှင့်တရုတ်ပြည်သို့သွယ်တန်းသွားလျက်ရှိသောသဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်း

သွားသည့် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင်းတွင် ဓါတ်ငွေ့ပိုက်လိုင်းကြောင့် သွားလာ
ရာနှင့်စိုက်ပျိုးရေးလုပ်ငန်းများတွင်အခက်အခဲများဖြစ်ပေါ်လျက်ရှိ ကြောင်း ဒေသခံပြည်သူများပြောပြ
ချက်အရ သိရှိရသည်။
အဆိုပါပိုက်လိုင်းသည် ကျောက်ပန်းတောင်းမြို့နယ်ရှိ  စံကြောရွာ၊ အင်တိုင်းရွာ၊ တံခါးကြီးရွာ၊ ရွာတန်းရှည် နှင့်အခြားရွာများ သို့ဖြတ်သန်းလျက်ရှိရာ အဆိုပါပိုက်လိုင်းကြီးကြောင့် ဒေသခံများအနေဖြင့် သွားလာရာတွင်လည်းကောင်း၊ လယ်ယာလုပ်ငန်းလုပ်ကိုင်ရာ တွင်လည်ကောင်း၊ ထန်းလုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်းကောင်း အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
 “ပိုက်လိုင်းက လယ်တွေ ကန်တွေကို ဟိုဘက်ဒီဘက်ဖြစ်အောင် ပိုင်းထားသလိုပေါ့။ မြေထဲမြုပ်ထားရင်တော် သေးတယ်။ အခုက သွယ်နေဆဲဆိုတော့ တစ်ပိုက်နဲ့တစ်ပိုက်မဆက်ရသေးတဲ့နေရာတွေကနေ လှည့်ပတ်သွားနေရတယ်”ဟု စံကြောရွှာမှ ဒေသခံ တစ်ဦး ကပြောသည်။
ပိုက်လိုင်းစီမံကိန်းတာဝန်ရှိသူများသည် ဒေသခံများ သွားလာရေးအဆင်ပြေစေရန်နှင့် လယ်ယာများလုပ် ကိုင်နိုင်ရန်  ပိုက်လိုင်းအား မြေအောက်တွင် မြုပ်ပေးခြင်း၊ မြေဖို့ပေးခြင်၊ တံတား ထိုးပေးခြင်းစသည်ဖြင့် အများပြည်သူ သွားလာရေးအတွက် ဆောင်ရွက်ပေးသင့်ကြောင်းဒေသခံပြည်သူများက ပြောဆိုသည်။

“ပိုက်လိုင်း လွတ်တဲ့နေရာတွေကို သွားချင်ရင် လှည်းတွေ လူတွေ နွားတွေ တော်တော် ဒုက္ခ များကြမယ်” ဟု တံခါးကြီးရွာမှ ရွာသား တစ်ဦး ကပြောသည်။
လက်ရှိတွင် စိုက်ပျိုးရေးလုပ်ငန်းများ ရပ်နားထားကြသဖြင့် ပိုက်လိုင်းဘေး ပတ်ဝန်းကျင်မှသွားလာ၍ အဆင်ပြေနေသေးသော်လည်း စိုက်ပျိုးရာသီသို့ရောက်ချိန်တွင် စိုက်ပျိုးမြေများထဲမှ ဖြတ်သန်း သွားလာ၍ ရနိုင်မည်မဟုတ်ကြောင်း၊စိုက်ပျိုးရေးရာသီမတိုင်မီ ဆောင်ရွက်ပေးသင့်ကြောင်း ဒေသခံများက ပြောဆို
သုံးသပ်လျက်ရှိသည်။
ဝေမိုးအောင် (မြစ်မခ -ကျောက်ပန်းတောင်း)
Ref; MNN


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1