Sunday, March 4, 2012

November | 3/04/2012 04:44:00 PM | Best Blogger Tips
ကော့သောင်းမြို့နယ် ရွှေပြည်သာရပ်ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက်အကြားဆောက် လုပ်ထား
သည့် လုပ်ငန်းရှင်ထိုင်းမြန်မာလူမျိုးဦးကျော်လွင်ပိုင်သန်းဖြိုးသူကုမ္ပဏီမှ၈မဂ္ဂါဝက် ကျောက်မီးသွေးသုးံ
ဓါတ်အားပေးစက်ရုံမှ၉၀ရာခိုင်နုန်း   ဆောက်လုပ်ပြီးစီးပြီး  နောက်လျှပ်စစ်ဖြန့်ဖြူးရန်အတွက်(၁.၃.၂၀၁၂) တွင်ကော့သောင်းမြို့ပေါ်ရပ်ကွက်များမှ မြို့နေပြည်သူများအားလိုက်လံရှင်းလင်းခြင်းအပေါ်စက်ရုံ
မှာကော့သောင်းမြို့  တွင်းထဲတွင် လည်ပက်ဖြန့်ဖြူးသွားမည့် အပေါ်မြိုကခံပြည်သူ များက များစွာစိုးရိမ်လျှက်ရှိပါသည်။
ကုမ္ပဏီမှစီမ်ံကိန်းမန်နေဂျာဦးလှမော်ဦးဆောင်သောကုမ္ပဏီတာဝန်ရှိသူများနှင့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် စာသင် ကျောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုးံများတွင် 

ရပ်ကွက်နေပြည်သူများအား လိုက်လံရှင်းပြရာတွင် --
(၁)ကျောက်မီးသွေးလျှက်စစ်ဓါတ်အားပေးတည်ဆောက်ရသည့်အကြောင်းရင်း၊ 

(၂) စက်ရုံတည်    ဆောက်ပုံအဆင့်ဆင့်၊ 

(၃) ရှင်းလင်းချက်အပေါ်တွင် ပြန်လည်မေးမြန်းသည့် အစီစဉ် တွေရှင်းပြသွားတယ်လို့ 

 ရွှေဇင်ယော်ရပ်ကွက် တွင်တက်ရောက်လေ့လာ သူ ကိုတိုးတိုးက ပြောပါတယ်။
 “ ၂၇ ဖေဖေါ်ဝါလထုတ် 7 ဒေးဂျာနယ်ပါ အချက်နှင့်ပက်သက်ပြီး မေးမြန်းသည့်အပေါ် 
၎င်းက ဂျာနယ်ပါအကြောင်းရာများက ဗဟုသုတ အတွက်အသုးံချသင့်သလို  တချို့သောအကြောင်းအရာတွေ အသုးံမချသင့်ဘူးလို့ပြောတယ်၊ အမှတ်(၂) စက်မှု 

ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိမှု ရှိမရှိ နှင့် စက်ရုံမှ ဘေးထွက်ဆိုးကြိုးကြောင့်

 မြို့နေပြည်သူများအပေါ် သက်ရောက်မှုအပေါ် တာဝန်ယူမှု ရှိမရှိ မေးမြန်းခြင်း 
အပေါ် တာဝန်ယူဖြေဆိုခြင်း မရှိဘူးလို့ကိုတိုးတိုးက ပဲ   ဆက်လက် ပြောကြားသွားပါတယ်။

         ယင်းမတိုင်ခင် ရွှေပြည်သာရပ်ကွက် အတွင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် 
ကုမ္ပဏီတာဝန်ရှိ သူများမှ လျှပ်စစ် ဖြန့်ဖြူးပေးမည်ဖြစ်သောကြောင့် မီတာတပ်ဆင်လို

သူများ တယူနစ်ကို သုးံစွဲခ ကျပ်ငွေ (၂၀၀) နှင့် မီတာတပ်ဆင်ခ ကျပ်ငွေ (၁၅၀၀၀၀) 

ကျပ်ကို အရစ်ကျ ပေးချေနိုင်ကြောင်းနှင့် မီတာယူလိုသူများ  ထံမှ လက်မှတ်များ

 ကောက်ယူသွားကြောင်း ရပ်ကွက်နေပြည်သူ ဦးသန်းဝင်း ထံမှ သိရှိရပါတယ်။
 “ ၂၂.၂.၂၀၁၂ ကတည်းက ရွှေပြည်သာမှ လုပ်သွားတယ့်အပေါ် ကျွန်တော်အနေ
နဲ့သံသယ ဖြစ်မိတယ် ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ သိရသလောက်

 လျှက်စစ်ဖြန့်ဖြူးရေးကို ကိုင်ထားတဲ့ အမှတ်(၂) စက်မှုဝန်ကြီးဌာန က ဒီစက်ရုံနဲ့ပက်
သက်ပြီး စက်ရုံပတ်ဝန်းကျင်ရပ်ကွက် အေးရိပ်ငြိမ်နှင့် ရွှေပြည်သာ ရပ်ကွက်

 နေပြည်သူတွေရဲ့ လက်ခံမှုရှိမှ ၀န်ကြီးဌာန အနေနဲ့ဖြန့်ဖြူးခွင့်လက်မှတ် ထိုးပေးမယ်
လို့သိထားရတယ် အဲဒီအပေါ်မှာ မလိမ့်တပက် နဲ့ တစ်ယူနစ်ကို (၂၀၀)ကျပ်နဲ့မျှားပြီး

 ထောက်ခံလက်မှတ်ယူသွားတာဖြစ်နိုင်တယ်လို့ရွှေပြည် သာရပ်ကွက်နေ 
ကိုသန်းဝင်း ” ကပြောပါတယ်။
                
                  ကျောက်မီးသွေး စက်ရုံများမှတဆင့် ရေနှင့် လေထုညစ်ညမ်းကာ 
 ဒေသခံလူထုများအတွက် ကျန်းမာရေး ထိခိုက်မှု များ ဖြစ်ပွားစေနိုင်သလို အရေပြား  ရောဂါတွေ နောက်ဆက်တွဲ ဆိုးကျိုးတွေ သစ်ပင်၊သီး ပင်များ သေဆုးံမှုများ နောက်ဆက်တွဲဖြစ်နိုင်တယ်လို ကျောက်မီးသွေး
လျှပ်စစ်ဖြန့်ဖြူးမှုကို ကန့်ကွက်သူ ရွှေဟင်္သာရပ်ကွက်နေ ကိုဖြိုး မှပြောပါတယ်။
                    ယင်းစက်ရုံသည် ထိုင်းနိုင်ငံ ပကျော့ဒေသ မှ ဒေသခံများ၏ 
ကန့်ကွက်မှုကြောင့် စက်ရပ်နား ထားရာမှ သန်းဖြိုးသူကုမ္ပဏီက အမှတ်(၁) လျှက်စစ်စွမ်းအားဝန်ကြီးဌာနတို့အကြား ၂၀၁၀ ပြည့်နှစ် ဇန်နာဝါရီလက နှစ်ဦး

သဘောတူ လက်မှတ်ရေးထိုးကာ ၂၀၁၀ အောက်တိုဘာတွင် စတင်တည်

 ဆောက်ခဲ့ခြင်း   ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လတွင် စတင်စမ်းသပ် လည်ပတ်
မည်ဖြစ်ကြောင်း သိရှိရပြီး စက်ရုံအတွက်လိုအပ်သော ကျောက်မီးသွေးကိုစက်ရုံမှမိုင်

(၂၀၀)၀န်းကျင်အကွာတနင်္သာရီတိုင်းဘုတ်ပြင်းမြို့နယ်လေညာသစ်တောကြိုးဝိုင်း

အတွင်းမှ ထုတ်ယူမည်ဖြစ်ပြီး ၄င်းနေရာသည် ထိုင်းနိုင်ငံ ပကျော့ဒေသ နှင့် ကပ်လျှက်ရှိသောနေရာလည်းဖြစ် သည်။

ယခုလက်ရှိအချိန်တွင် မီဒီယာများက ကျောက်မီးသွေးစက်ရုံများအကြောင်း

 ရေးသားဖေါ်ပြလာမှုကြောင့် ဒေသခံများသည်ကျောက်မီးသွေးစက်ရုံ၏ ဆိုးကြိုးများကို ပိုမိုသိရှိလာသည်ကတစ်ကြောင်း၊ ယင်းစက်ရုံတွင် အသုးံပြုမည့်စက်သည် ထိုင်နိုင်ငံ ပကျော့တွင် ဒေသခံများက ကန့်ကွက်သည့်ကျောက်မီးသွေးစက်ရုံမှ စက်ကို 
ဝယ်ယူလာသည်က တကြောင်း ၊ စက်ရုံမှာ ကော့သောင်းမြို့တွင်းဧရိယာ 

အတွင်းလူနေအိမ်ခြေများနှင့် အလွန် နီးကပ်သည်က တကြောင်းတို့ကြောင့်

 ကော့သောင်းမြို့နေပြည်သူများက အထူးစိုးရိမ် လျှက်ရှိပါသည်။
                               
                        ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်
ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင်သည့်ဆာလဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူလမ်းကြောင်းတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုန်အမွှားအများအပြား ထွက်လာနိုင်သည့်အပြင် ကာဗွန်မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထု

ကိုညစ်ညမ်းစေနိုင် သည့် ပြဒါး၊ စိန် ဆိုသည့် အာစင်းနစ်ဓါတ် စသည့် လေထု၊ ရေထုနှင့်

  မြေထုကိုညစ်ညမ်းစေနိုင်သည့် ဓာတ်ငွေ့ပေါင်း များစွာ ထွက်ရှိလာနိုင်ကြောင်း  
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက ပြောသည်။
Ref; MNN


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1