Sunday, March 4, 2012

 နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများကြောင့် မြန်မာ အရပ်သားခေါင်းဆောင်သစ် များသည် ပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်ရန် တွန်းအားပေး ခံနေရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

November | 3/04/2012 04:40:00 PM | Best Blogger Tips
နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကြောင့် မြန်မာအရပ်သား ခေါင်းဆောင်သစ်များသည် ပြုပြင်ပြောင်း
လဲရေးများလုပ်ဆောင်ရန်တွန်းအားပေးခံနေရကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်
ဆန်းစုကြည်က အင်တာနက်မှတစ်ဆင့် ကနေဒါ ကျောင်းသားများနှင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာအရပ်သား ခေါင်းဆောင်သစ်များသည် စီးပွားရေးဖိအားကို ခံစားနေရကြောင်းနှင့် ၎င်းတို့သည် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကြောင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် တွန်းအားပေး ခံနေရကြောင်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏နေအိမ်မှနေပြီး အင်တာနက်မှတစ်ဆင့် ကနေဒါနိုင်ငံရှိ Carleton University မှ ကျောင်းသားများနှင့်တွေ့ဆုံရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကနေဒါအနေဖြင့် ကျွန်မတို့ ရဲ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ အများကြီး ကူညီခဲ့ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“တချို့က အခြေအနေတွေနဲ့ ပတ်သက်လို့ အနည်းငယ် အကောင်းမြင်လွန်း နေပါတယ်။ ကျွန်မတို့အနေနဲ့ကတော့ ဒါကိုသတိကြီးစွာ ထားပြီး အကောင်းမြင်နေတာပါ။ ကျွန်မတို့ အနေနဲ့လမ်းအစကို ရောက်ရှိနေပါပြီ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကျင့်သုံးရေး လုပ်ငန်းစဉ်များ ဖော်ဆောင်မှုသည် နောက်ကြောင်းပြန်ရန် မရှိကြောင်း လူအများက စတင် ပြောကြားလာကြကြောင်းနှင့် ယင်းမှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့ နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်ပြီး တရားမျှတမှုရှိရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်တွန်းပြောကြား လျက်ရှိပြီး ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်ပြီးတရား မျှတပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို စတင် ဖြေလျှော့ပေးရန် ရှိကြောင်းလည်း ပြောကြားထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီး တွင် လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ကြားဖြတ်ရွေး ကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီ ၁၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
Ref; EMG          

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1