Saturday, April 28, 2012

ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအကြီးအကဲနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

Ever November | 4/28/2012 08:29:00 PM | Best Blogger Tips








ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအကြီးအကဲနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ ဥရောပသမဂ္ဂနိုင်ငံခြားရေးရာဌာနအကြီးအကဲ Ms.Catherine Ashton နှင့်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ ဧပြီလ ၂၈ ရက် နံနက် ၁၀ နာရီက အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရုံးမှာတွေ့ဆုံခဲ့သည်။

 ယင်းတွေ့ဆုံမှုတွင် အီးယူ နိုင်ငံခြားရေးရာအကြီးအကဲမှာ မိမိအနေဖြင့် မြန်မာနိုင် ငံသို့ လာရောက်ခဲ့ရာတွင် သတင်းအချက်အလက် ၃ခုယူဆောင်လာခဲ့ကြောင်း ၊ ယင်းတို့မှာလက်ရှိဖြစ်ပေါ် လျှက်ရှိသည့် မြန်မာနိုင်ငံ၏နိုင်ငံရေးတိုးတက်မှုများကိုလက်ခံကြောင်း၊ ယင်းနိုင်ငံရေးတိုးတက်မှုများဆက် လက်ပေါ်ပေါက်နိုင်အောင် ဥရောပသမဂ္ဂအနေဖြင့် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အပေါ်ယခုထက်ယုံကြည်မှုရရှိရန် မြန်မာပြည်သူများနှင့် ပူးပေါင်းလက်တွဲ လုပ်ကိုင်သွားမည်ဖြစ်ကြောင်းပြော ကြားခဲ့သည်။ 

 ဥရောပသမဂ္ဂအနေဖြင့်မြန်မာနိုင်ငံသို့ ယူရိုငွေသန်း၁၅၀နှင့်အတူ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များတွင်အ ကူအညီပေးအပ်သွားမည်ဖြစ်ပြီး ၄င်းတို့၏ရုံးခွဲကို အဆိုပါနေ့ နေ့လယ် ၃ နာရီတွင် အင်းယားမြိုင်လမ်း အမှတ် ၄၅ တွင်ဖွင့်လှစ်သွားမည်ဖြစ်ဖြစ်ကြောင်းသိရသည်။ 
 Popular Myanmar News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1