Saturday, April 28, 2012

ဦးအောင်သောင်း ငြိမ်းချမ်းရေးပါမစ်ဖြင့် နယ်စပ်မှ ကားများဝင်ရောက်

Ever November | 4/28/2012 08:52:00 AM | Best Blogger Tips




ထိုင်းမြန်မာနယ်စပ် မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် မိသားစုစီးနိုင်သည့် ဂျပန်တစ်ပတ်ရစ်ကားများကို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၏ပါမစ်ဖြင့် ဝင်ရောက်နေကြောင်း ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။
သိန်းခြောက်သောင်းဖိုးအထိ တင်သွင်းခွင့်ရထားကြောင်း ယခုကားတင်သွင်းခွင့်သည် ယခင် DKBA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ တင်သွင်းသော ကားများမဟုတ်ဘဲ ဦးအောင်သောင်းနှင့်နီးစပ်သူ ငြိမ်းချမ်းရေး အကျိုးဆောင်များက တင်သွင်းသောကားများဟု သိရကြောင်း ကား ဝယ်ရောင်းတစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံကို ဖြတ်ကျော်ကာ ကားမှောင်ခိုများ တင်သွင်းသည့်လမ်းကြောင်း မဲဆောက်မြဝတီနယ်စပ်တွင် စီးပွားဖြစ်ခဲ့သူများ ရှိကြောင်း၊ နောက် ပိုင်းတွင် ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေး စီမံချက်အရ ဂျပန်ကားများကို ဆိပ်ကမ်းမှ တင်သွင်းချိန်တွင် မဲဆောက်ကားတင်သွင်းမှု ပပျောက်သွား ကြောင်း မြဝတီမြို့မှ ကုန်သည်တစ်ဦးက ပြောကြားသည်။
ယခုတင်သွင်းသည့်ကားများမှာ ထိုင်းဘတ်ငွေငါးသောင်းခန့်တန်ကြေးရှိ ကားများဖြစ်ပြီး မြန်မာကျပ်ငွေနှင့် သိန်း ဆယ်ဂဏန်းသာရှိကြောင်း မိသားစုအိမ်သုံး အင်ဂျင်ပါဝါနည်း တူးစီ(2c) ကားများဖြစ်ပြီး ဖားအံမြို့ပေါ်တွင် စီးကြကြောင်း တရက်ကို ကားအစီးတစ်ရာကျော် မြန်နိင်ငံသို့ဝင်နေ ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
MP(yangonchronicle)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1