ရွေးကောက်ပွဲဥပဒေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးဖို့ မြို့တော် ကွာလာလမ်ပူမှာ တောင်းဆို ဆန္ဒပြ နေကြတဲ့ ထောင် သောင်းချီတဲ့လူအုပ်ကြီးကိုမလေးရှားရဲတပ်ဖွဲ့ကမျက်ရည်ယိုဗုံးတွေ၊ ရေပိုက်တွေ
သုံးပြီး လူစုခွဲခဲ့ပါတယ်။

မြို့လယ်ခေါင်မှာရှိတဲ့ လွတ်လပ်ရေး ရင်ပြင်မှာ ဆန္ဒမပြရဘူးလို့ အစိုးရက ကန့်သတ် ထားတဲ့ အမိန့်ကို အာခံပြီး ကာထားတဲ့ သံဆူးကြိုးတွေကို ကျော်လွားပြီး အနည်းဆုံး ဆန္ဒပြသူ ၂ သောင်းခွဲလောက် ၀င်ရောက် ဆန္ဒပြခဲ့ကြ တာပါ။
ကွာလာလမ်ပူမြို့အတွင်းက တခြား နေရာအတော်များများကိုလည်း ၀င်လို့မရအောင် ရဲတွေက ပိတ်ထားပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေဟာ အဲဒီ လွတ်လပ်ရေးရင်ပြင်ကို သွားပြီး ဆန္ဒပြကြဖို့ စီစဉ်ထားတယ်လို့ အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim က အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က ဘက်လိုက် လုပ်ဆောင်ပေးမှုတွေ ရှိနေတာကြောင့် အစောဆုံး ဇွန်လလောက်မှာ ကျင်းပနိုင်တဲ့ ရွေးကောက်ပွဲအတွင်း တိုင်းပြည်အာဏာကို နှစ်ပေါင်း ၅၀ လောက် ရယူလာခဲ့တဲ့ လက်ရှိ ၀န်ကြီးချုပ် Najib Razak ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။
VOA