Friday, April 27, 2012

ဗုဒ္ဓ၏ ဦးခေါင်းရိုးတော် ဟောင်ကောင်တွင် အပူဇော်ခံ

Ever November | 4/27/2012 11:14:00 AM | Best Blogger Tips


ဗုဒ္ဓ မြတ်စွာဘုရား၏ ဦးခေါင်းရိုး ဓါတ်တော်မှာ ဗုဒ္ဓဟူး နေ့က ဟောင်ကောင်ကျွန်းတွင် ပထမဆုံး အကြိမ်အဖြစ် လူပရိသတ်များကြည်ညိုနိုင်ရန် ထားရှိ အပူဇော် ခံခဲ့ကြောင်း သိရသည်။ ဆယ်ရက်တာ ကြာမြင့်မည့် အဆိုပါ အပူဇော်ခံပွဲတွင် ဟောင်ကောင်နှင့် မကာအိုသို့  ပြည်မကြီးမှ ပထမဆုံး အကြိမ်အဖြစ် ကြွချီ အပူဇော်ခံခြင်းလည်း ဖြစ်သည်။

ယင်းဓါတ်တော်မှာ ဟောင်ကောင်သို့ ဗုဒ္ဓဟူးနေ့  ညနေ ၃ နာရီအချိန် က ရောက်ရှိခဲ့ပြီး ဟောင်ကောင် နိုင်ငံတကာ လေဆိပ်တွင် သံဃာများ ခြံရံပြီး သုတ်တော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။ အဆိုပါ ဓါတ်တော်ကြုတ်ကို ၁.၂၈ မီတာ အမြင့်ရှိသည့် အာသောက စေတီ ပုံတော်ဖြင့် ရံ ပြီး ကျည်ကာမှန်ဖြင့် ထည့်သွင်းကာ ပူဇော်ထားခြင်း ဖြစ်ကာ ဓါတ်တော်မှာ ကြာပန်းပုံပေါ်တွင် စံပ္ပါယ်နေခြင်း ဖြစ်သည်။ ယခုလို အပူဇော်ခံ ကြွချီမှုတွင် လူပေါင်း ၃သိန်းခန့် လာရောက် ဖူးမြော်နိုင်ကြောင်းလည်း ခန့်မှန်းထားကာ ပြည်မကြီးမှ ခရီးသွား ဧည့်သည်များမှလည်း လက်မှတ်ပေါင်း ၂သောင်းကျော် ကြိုတင် မှာကြားထားပြီး ဖြစ်သည်ဟု xinhua သတင်းတွင် ဖော်ပြခဲ့သည်။

MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1