Tuesday, April 10, 2012

သွင်းကုန် အကောက်ခွန်နှုန်းထားနှင့် သွင်းကုန်လိုင်စင်ကြေး ပြင်ဆင်သတ်မှတ်၊ အခွန်ကင်းလွတ် ခွင့်ရထားသော အထူးစီးပွားရေး လုပ်ငန်းကြီးများပါ အခွန်ပေးဆောင်ရမည်

Ever November | 4/10/2012 01:03:00 PM | Best Blogger Tips
ဧပြီလ၁ရက်နေ့မှစ၍သွင်းကုန်အကောက်ခွန် နှုန်းထားများနှင့်သွင်းကုန်လိုင်စင်ကြေး ပြင်ဆင်သတ်မှတ်
ခဲ့ပြီးအခွန်ကင်းလွတ်ခွင့်ရထားသောအထူးစီးပွားရေးလုပ်ငန်းကြီးများပါအခွန်များ ပေးဆောင်ရမည်
 ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

ယခင်က ကုန်ပစ္စည်းတန်ဖိုး၏ ၂၀ရာခိုင်နှုန်းကို ကျပ် ၄၅၀ဖြင့် မြှောက်ပြီးပေးသွင်းရသည့် အကောက်ခွန်နှုန်းကို ကုန်ပစ္စည်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ကျပ် ၈၁၅ဖြင့် မြှောက်ပြီးပေးသွင်းရန် သတ်မှတ်ခဲ့ကြောင်း၊ ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကောက်ခံသော သွင်းကုန်လိုင်စင်ကြေးကို ယခင်က အမေရိကန် ၁ဒေါ်လာလျှင် ကျပ် ၆ ဒသမ ၃ ၀န်းကျင်ဖြင့် မြှောက်ပြီး တွက်ချက်ရာမှ ဈေးကွက်ပေါက်ဈေး ဖြင့် တွက်ချက် ကောက်ယူမည်ဖြစ်ကာ လက်ရှိအချိန်တွင် သွင်းကုန်လိုင်စင် တစ်စောင်လျှင် ကျပ်၅၀၀၀၀နှုန်းဖြင့် ကောက်ခံနေကြောင်း သိရပါသည်။

ယခင်က ကုန်ပစ္စည်းတန်ဖိုး၏ ၂၀ရာခိုင်နှုန်းကို ကျပ် ၄၅၀ဖြင့် မြှောက်ပြီးပေးသွင်းရသည့် အကောက်ခွန်နှုန်းကို ကုန်ပစ္စည်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ကျပ် ၈၁၅ဖြင့်မြှောက် ပြီးပေးသွင်းရန် သတ်မှတ်ခဲ့ကြောင်း
“အကောက်ခွန်နှုန်းထားနဲ့ သွင်းကုန်လိုင်စင်ကြေးနှုန်းတွေ ပြောင်းသွားတယ်။ အခုကုမ္ပဏီအားလုံး တန်းတူဖြစ်သွားပြီ။ အရင်အခွန် မပေးသွင်းရတဲ့ အထူးကုမ္ပဏီကြီးတွေလည်း အခုနှုန်းထားနဲ့ အခွန်ငွေပေး သွင်းရတော့မယ်။ အရင်က ၂၀ရာ ခိုင်နှုန်းကို ကျပ် ၄၅၀ နဲ့ဆောင်ရတာကနေ အခု ၅ ရာခိုင်နှုန်းကို ကျပ် ၈၁၅ နဲ့ ဆောင်ရမှာဆိုတော့ ကုမ္ပဏီတွေ အတွက်လည်း အဆင်ပြေပါတယ်”ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးကပြော ကြားပါသည်။
မြန်မာနိုင်ငံ ပါဝင်နေသော ဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဆီယံအဖွဲ့၏ ဦးစားပေးကဏ္ဍများ ပေါင်းစည်းရေးအတွက် အာဆီယံ သဘောတူစာချုပ် (ASEAN Frame- work Agreement for The Integration of the Priority Sectors) အရ ၂၀၁၃ခုနှစ်၊ ၂၀၁၅ခု နှစ်များတွင် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ တင်သွင်းလာသော ကုန်ပစ္စည်းအများစုကို အကောက်ခွန် ကင်းလွတ်ခွင့်ပေးရမည် ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အကောက်ခွန် လုံးဝဖယ်ရှားပေးရမည် ဖြစ်ကြောင်း သိရပါသည်။
အသစ်ပြင်ဆင် ပြဋ္ဌာန်းခဲ့သော အခွန်ဥပဒေသစ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် အမိန့်ကြော်ငြာစာများအရ ၂၀၁၁-၂၀၁၂ဘဏ္ဍာရေး နှစ်တွင် အခွန်ပမာဏ ရရှိမှု တိုးမြင့်လာမည်ဖြစ်ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာ ရေးနှစ်က အခွန်အရပ်ရပ်ပေါင်း ကျပ်သန်း ၁၂၂၂၈၅၇ ရရှိခဲ့ကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသို့ တင်သွင်းလာသော သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဘီလျံဝန်းကျင်ရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှု များပြားနေခြင်းကြောင့် လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ယမန် နှစ်ကထက် သွင်းကုန်ပမာဏ ပိုမိုများပြားနိုင်ကြောင်း ကုန်သွယ်ရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
EMG
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1