Saturday, April 28, 2012

မွန် ငြိမ်းအဖွဲ့ခေါင်းဆောင် အိမ်ပိုင်ဆိုင်မှု တရားရင်ဆိုင်

Ever November | 4/28/2012 08:54:00 AM | Best Blogger Tips
 မော်လမြိုင်မြို့ပေါ်ရှိ မွန်ငြိမ်းချမ်းရေးအဖွဲ့ (မြိတ်ဒေသ) ခေါင်းဆောင် နိုင်စိုက်ချမ်း၏နေအိမ်ကို အိမ်ပိုင်ဆိုင်မှု ပြဿနာဖြင့် ဗုဒ္ဓဟူးနေ့က အာဏာပိုင်နှင့် ရဲများက လာရောက် ဝိုင်းရံပြီး ချိတ်ပိတ်
ရန် ကြိုးစားခဲ့ကြောင်း နိုင်စိုက်ချမ်း က ပြောသည်။
နိုင်စိုက်ချမ်းမှာ မွန်ပြည်သစ်ပါတီဝင်ဟောင်းဖြစ်ပြီး ၂ဝဝ၇ ခုနှစ်တွင် သီးခြားအဖွဲ့ထောင်ကာ ငြိမ်းအဖွဲ့ ကိုယ်စားလှယ် တဦးအဖြစ် အမျိုးသား ညီလာခံ တက်ရောက်ခဲ့သည်။ ၎င်း၏ မော်လမြိုင်မြို့ ဈေးကြိုရပ် ငန်းတေးလမ်း နေအိမ်သို့ နံနက် ၁ဝ နာရီကျော်တွင် မြို့နယ် တရားရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် လုံထိန်းရဲ ၅ဝ ခန့် လာရောက် ဝိုင်းရံခဲ့သည်ဟု နိုင်စိုက်ချမ်းက ပြောသည်။

“ကျနော့် ခြံဝင်းတံခါးသော့ကို ရိုက်ချိုးပြီး အိမ်ဝင်းထဲ ဝင်လာတယ်၊ ဒီလို အကြောင်းမကြားဘဲနဲ့ လုပ်တာ တရားနည်းလမ်း မကျဘူး။ ကျနော့် တပည့်တွေနဲ့ ခဏလောက် ရုတ်ရင်းဆန်ခတ် ဖြစ်ပြီး ညနေလောက်မှာ သူတို့ ပြန်ထွက်သွားတယ်” ဟု သူက ပြောသည်။

မျက်မြင်တဦး ဖြစ်သည့် သံလွင်တိုင်း(မ်) ဂျာနယ်မှ အယ်ဒီတာ နိုင်မင်းမင်းနွယ်ကလည်း “ကျနော် မြင်တဲ့အချိန်မှာ
တော့ ရုတ်ရင်းဆန်ခတ်မှု မဖြစ်သေးဘူး၊ စကားအခြေအတင် ပြောကြတာတော့ တွေ့တယ်” ဟု ပြောသည်။

နေအိမ် ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး မော်လမြိုင်တွင် သရဲလေးကောင်ဟု နာမည်ကြီးသည့် တရားပြိုင် အပ္ပရောင်း (ခေါ်) မောင်အေးနှင့် မော်လမြိုင်ခရိုင် တရားရုံးတွင် အပြန်အလှန် တရားစွဲဆိုထားကြောင်း သိရသည်။

“ကျနော့်မှာ မြေဂရမ်လည်း ရှိတယ်။ အရောင်းအဝယ် စာချုပ်လည်း ရှိတယ်။ အရင်ကတည်းက တိုင်းမှူးနဲ့ ကျနော် ညှိနှိုင်းပြီး ရုံးဖွင့်ဖို့ သဘောတူထားပြီးသား” ဟု နိုင်စိုက်ချမ်းက ပြောသည်။

တရားပြိုင် မောင်အေးဘက်မှလည်း ၎င်းအိမ်ကို ၂ဝဝ၆ ခုနှစ်ကပင် ဝယ်ယူထားခဲ့သည်ဟု နိုင်စိုက်ချမ်းက ပြောသည်။

အိမ်ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး မော်လမြိုင်ခရိုင်တရားရုံးက ပြတ်သားသည့် ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း ကာယကံရှင်က ပြောသည်။

၂ဝဝ၈ ခုနှစ်တွင် တကြိမ်၊ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလတွင်တကြိမ် ၎င်း၏ နေအိမ်ကို တရားပြိုင် မောင်အေးနှင့်
မော်လမြိုင်မြို့ခံ ရဲများက လာရောက် ဝိုင်းခဲ့သေးကြောင်း သူက ပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး အိမ်ဝင်းအတွင်း ဝင်ရောက်ကျူးကျော်သည့် ရဲဝန်ထမ်းများကို မော်လမြိုင်မြို့ မုပွန်ရဲစခန်း တွင် တရားစွဲဆိုထားကြောင်း နိုင်စိုက်ချမ်းက ပြောသည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1