Sunday, April 1, 2012

NLD အမှန်ခြစ်နေရာတွင် ဖယောင်းများသုတ်ထား

Ever November | 4/01/2012 09:45:00 AM | Best Blogger Tips
တနင်္ဂနွေနေ့ မနက်ပိုင်းတွင် စတင်ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများ
အပြား၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် အမှန်ခြစ်ရန် နေရာများတွင် ဖယောင်းများ သုတ်လိမ်းထားသည်ကို တွေ့ရကြောင်း မဲရုံကိုယ်စားလှယ် တာဝန်ကျသူ ပါတီဝင်များက ဆိုသည်။
တောင်ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက် မဲရုံအမှတ် ၁ တွင် မဲစက္ကူစာရွက်ပေါ်ရှိ NLD အား မဲပေးရန်
နေရာတွင် ဖယောင်းများ သုတ်လိမ်းထားသဖြင့် မဲပေး၍ မရကြောင်း မဲဆန္ဒရှင်များက ပြောဆိုခဲ့သည်ဟု NLD မဲရုံကိုယ်စားလှယ်က ဆိုသည်။

“ကျနော်တို့ပါတီ ဘေးက အမှန်ခြစ်ရမယ့် နေရာမှာ ဖယောင်း သုတ်ထားတယ်။ သဘောကတော့ စက္ကူပေါ်မှာ ဖယောင်းသုတ်ထားတော့ ရေးလို့ ခြစ်လို့ မရဘူးပေါ့ဗျာ။ မဲရုံ တာဝန်ရှိသူတွေကို ပြောတော့ မဲပြား ၃ ခုလောက်ကို လဲပေးတယ်” ဟု အဖွဲ့ချုပ် မဲရုံကိုယ်စားလှယ်ဖြစ်သူက မဇ္ဈိမကို ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ တောင်ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အခြားမဲရုံများသို့ သတင်းပေးပို့ထားပြီး အဖွဲ့ချုပ်ရုံး (ဗဟို) သို့လည်း သတင်းပေးပို့ထားပြီး ဖြစ်ကြောင်း သူကပြောသည်။

တောင်ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဖြစ်စဉ်မျိုး ပြည်နယ်နှင့်တိုင်းအသီးသီး မဲရုံအများအပြားတွင် ဖြစ်ပွားနေကြောင်း သက်ဆိုင်ရာ မြို့နယ်ကိုယ်စားလှယ်များက သတင်းပေးပို့ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“ပြည်နယ်နဲ့ တိုင်းတွေကလဲ ဒီဖြစ်စဉ်တွေ ရှိတယ်လို့ သတင်းပို့လာတယ်။ ဒီကိစ္စအတွက် သက်ဆိုင်ရာ တိုင်းနဲ့
ပြည်နယ် ကော်မရှင်၊ မြို့နယ်ကော်မရှင်တွေနဲ့ ရဲစခန်းတွေကို တိုင်ကြားသွားဖို့ လုပ်နေတယ်။ ဒါ ရွေးကောက်ပွဲကို ပျက်စီးအောင် အနှောင့်အယှက်ပေးတာ ဖျက်ဆီးတာပဲ။ ရဲဘက်က အရေးယူပေးဖို့ တာဝန်ရှိတယ်။" ဟု သူက မဇ္ဈိမကို ပြောသည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1