Saturday, April 28, 2012
ဘာကြောင့် NLD က ကျမ်းကျိန်စာသားပြင်ခိုင်းနေရတာလဲ?
Ever November | 4/28/2012 08:41:00 AM | Best Blogger Tips
ပြီးခဲ့တဲ့ နှစ်က  အစိုးရအဖွဲ့ရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ စိမ်းလဲ့ ကန်သာ အစိုးရဧည့်ဂေဟာမှာ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်
 နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၇ မိနစ်အထိ သွားရောက်တွေ့ဆုံပြီး ပူးတွဲ သတင်းထုတ်ပြန်ရာမှာ ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီးပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ ကြိုဆိုလျှက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် က သတင်းစာ ဆရာတစ်ဦးရဲ့ မေးမြန်းချက် ကို ဖြေကြားပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ရိုက်တာ သတင်းဌာနက ဦးအောင်သန်းထွန်းက “ဒေါ်အောင်ဆန်းစုကြည် ပါလီမန်ထဲကို ဝင်လာဖို့ နည်းစနစ် (Technically) အရ အဆင်မပြေဘူး ဖြစ်နေပါတယ်။ အစိုးရဖက်က အဲဒါကို အဆင်ပြေအောင် လုပ်ပေးနိုင်ပါသလား” လို့ ပြည်ထောင်စုဝန်ကြီးကို မေးမြန်းခဲ့တာပါ။ အဲဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မှတ်ပုံတင်ပြီး လာမယ့် ရွေးကောက်ပွဲအမှီ ဝင်ဖို့ရှိပါသလား၊ ကိုယ်တိုင် ရွေးကောက်ပွဲဝင်ဖို့ ရှိပါသလားလို့ ဆက်လက် မေးမြန်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ ကျွန်မတို့ လက်ခံထားပြီးသားပါ။ ဒီလို ရွေးကောက်ပွဲ ဝင်ပုံဝင်နည်း အခြေအနေ၊ အခင်းအကျင်းတွေကိုပဲ ကျွန်မတို့က ကြည့်မှာဖြစ်ပါတယ်” လို့ ပြန်လည် ဖြေကြားပါတယ်။ အဲဒါအပြင် ၎င်းရွေးကောက်ပွဲ ဝင်ဖို့အတွက် ကိစ္စမှာ အလုပ်အမှုဆောင်အဖွဲ့ကို တင်ပြရဦးမှာ ဖြစ်ကြောင်း၊ အဲဒီလို တင်ပြပြီးမှသာ ဘယ်လိုဖြေရမယ်ဆိုတာ သိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  ရွေးကောက်ပွဲဝင်ဖို့ တောင်းဆိုတဲ့အချက်တွေကို ဦးအောင်ကြည်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နဲ့ ညှိတဲ့ကိစ္စမှာ လွှတ်တော် နှစ်ရပ်စလုံးက သေသေချာချာ မလေ့လာဘဲ လက်ခံပေးလိုက်တဲ့ ကိစ္စမှာ ကျမ်းကျိန်တာပြင်ပေးတာလဲပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  ရွေးကောက်ပွဲဝင်ဖို့ တောင်းဆိုတဲ့အချက်တွေလိုက်လျောပေးရာ မှာ သမ္မတဦးသိန်းစိန် အစိုးအဖွဲ့ တဖက်ထဲက လိုက်လျောပေးလိုက်တာမဟုတ်ပါဘူး၊ အဲ့ဒီကိစ္စကို ဦးအောင်ကြည်က အမျိုးသား လွှတ်တော်နဲ့ညှိ၊ အမျိုးသား လွှတ်တော် ကအတည်ပြု့ပေးပြီး ၊ ပြည်သူ့လွှတ်တော်က ထပ်စိစစ်အတည်ပြု့ပေးလိုက်တာဖြစ်ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်မှတ်တမ်းမှာပါ ပါလာမှာဖြစ်လို့တရားဝင်မဝင်စဉ်းစားကြည့်လို့ရပါတယ်။
ဒါကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  က ဥပဒေကြောင်းအရ မလိမ့်တပါတ်လုပ်ထားတဲ့ ပြည့်ခိုင်ဖြိုးအစိုးရနဲ့ လွှတ်တော်ကို ရစ်နေတာပါ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်  ကို အဲ့ဒီကိစ္စ မေးတဲ့ video clip တခုမှာဒေါ်စုက ဒါ ဥပဒေကြောင်းအရ issue ၊ ဥပဒေပညာရှင်ဖြစ်တဲ့ ဦးဥာဏ်ဝင်းနဲ့ပိုဆိုင်တယ်၊ ၊ဦးဥာဏ်ဝင်း ကိုမေးပါလို့ ပြုံးပြုံး ပြုံးပြုံး နဲ့ ပြောသွားတာကို တွေ့ ရမှာပါ NLD လွှတ်တော်မတက်တဲ့ပြသာနာ ရဲ့ rootcause က စကားလုံးဆိုင်ရာ ပြဿနာမဟုတ်ဘူး၊ ပြင်ပေးပါမယ်လို့ လွှတ်တော် နှစ်ရပ်စလုံးက တရားဝင်လက်ခံပေးလိုက်တဲ့ကိစ္စကို မပြင်ပေးနိုင်တော့လို့ ဥပဒေကြောင်း အရ ထောက်တာပါ။
ဥပဒေပြု့မဏ္ဍိုင်လွှတ်တော်ရဲ့ ပြီးစလွယ်တရားဝင်အတည်ပြု့လိုက်တဲ့အမှားကိုထောက်တာ။ လွှတ်တော် နှစ်ရပ်စလုံးက တရားဝင်လက်ခံပေးလိုက်တာ တရားဝင်ဖြစ်လို့ Rule of law အပိုင်းနဲ့လဲဆိုင်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့  နံနက် ၉ နာရီခွဲမှာ အီတလီနိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant' Agata နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် က ----
ဖွဲ့စည်းပုံတွင်ပါရှိသော စကားလုံးများ တသမတ်တည်း မဖြစ်သည့်အခက်အခဲဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ၏ အစီအစဉ်နှင့် ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ စသည် တို့တွင်ပါရှိသည့် စကားလုံးများမညီညွတ်သည့် လုပ်ထုံးလုပ်နည်း ပြဿနာတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ၂၀၁၀ ရွေးကောက်ပွဲ တွင် မပါဝင်ခဲ့သည့်အကြောင်းရင်းများထဲမှာ ယခုစကားလုံး၏ ပြဿနာသည် အဓိကပြဿနာတစ်ခု အဖြစ် ပါဝင်ခဲ့သည်ဟုလည်း ပြောကြားသွားပါတယ်။၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်ပါရှိသည့် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရ မည်ဟု ပါသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲမ၀င်ခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေကို ပြင်ဆင်ပြီးနောက် အဆိုပါစာသားသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိန်ရ မည့်စာသားတွင်ပါရှိနေသေးခြင်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ယခုပြဿနာကို ဖြေရှင်းရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး သူမတို့သည် သမ္မတ၏ ရိုးသားသောသဘောထား အပြုအမူများကြောင့် ယုံကြည်ကြောင်းပြောကြားခဲ့တယ်။ သမ္မတက မြန်မာနိုင်ငံကို တိုးတက်သော ချမ်းသာသောနိုင်ငံတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲနေသော ရလဒ်များကို ယုံကြည်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများတွင် သမ္မတနှင့်အတူတွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု လည်းပြောကြားခဲ့တာကို တွေ့ရပါတယ်။
သစ်ထူးလွင်(MNN)
No comments:
England - Premier League
Italy - Serie A
Spain - Primera Division
Germany - Bundesliga
France - Ligue 1