Thursday, May 10, 2012

 နိုင်ငံရေးနှင့် စီးပွားရေးကို ခွဲခြား၍မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Ever November | 5/10/2012 09:06:00 AM | Best Blogger Tips

လသာမြို့နယ် ရုံးခန်းဖွင့်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ
 ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်

နိုင်ငံရေးနှင့် စီးပွားရေးကို ခွဲခြား၍မရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။ မေလ ၉ ရက်နေ့က ပြုလုပ်ခဲ့သော လသာမြို့နယ် ရုံးခန်းဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ 
''ကျွန်မ ပြောချင်တာကတော့ ကျွန်မတို့ နိုင်ငံမှာတင်မကဘူး။ အချို့နိုင်ငံတွေမှာလည်း ဒီအမြင်တစ်ခုက အဲဒါဘာလဲဆိုတော့ စီးပွားရေးနဲ့ နိုင်ငံရေး မပတ်သက်ဘူးဆိုတဲ့ မှားယွင်းနေတဲ့ အမြင်ပဲ။ စီးပွားရေးနဲ့ နိုင်ငံရေး အများကြီး ပတ်သက်ပါတယ်။ လောလောလတ်လတ် ဥပမာတစ်ခုအနေနဲ့ ပြောရရင် ကားသွင်းတဲ့ ဥပဒေနဲ့ပတ်သက်လို့ အရင်နှစ်ရက်ကပဲ ဥပဒေက ပြောင်းသွားတယ်ဆိုတော့ ဒီဟာက ကားဈေးကွက်အပေါ်မှာ သက်ရောက်မှု ရှိတယ်မလား။ ဥပဒေကို ပြောင်းတယ်ဆိုတာ နိုင်ငံရေးအလုပ်ပဲ။ ဒါပေမယ့် ဒီနိုင်ငံရေး အလုပ်ဟာ စီးပွားရေးသမားတွေအပေါ်မှာ အများကြီး သက်ရောက်မှုရှိတယ်ဆိုတာ ကျွန်မတို့နားလည်ဖို့ လိုတယ်။ အဲဒီလိုပဲ နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ ခွဲခြားလို့ မရပါဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ 
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအရ ဖြောင့်ဖြောင့်မတ်မတ် မသွားနိုင်ပါက ရေရှည်တွင် စီးပွားရေးအရ ဖွံ့ဖြိုးနိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတည်ငြိမ်မှုရှိရန် လိုကြောင်း၊ နိုင်ငံတကာတွင် စီးပွားရေးနှင့် ပတ်သက်၍ သုံးသည့် အသုံးအနှုန်းဖြစ်သော Business Confidence ဟုခေါ်သော စီးပွားရေး ယုံကြည်မှု မရှိနိုင်သော အသိုင်းအ၀န်း၊ မရှိနိုင်သော နိုင်ငံတွင် ကောင်းမွန်သော စီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်မဟုတ်ကြောင်း၊ တည်ငြိမ်မှုနှင့် ပတ်သက်ပြီး ယုံကြည်မှုရှိမှသာ စီးပွားရေးအတွက် အခြေခံ ကောင်းမည်ဖြစ်ကြောင်း စသည်ဖြင့် ဆက်လက်ပြောကြားခဲ့ပါသည်။
 EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1