Saturday, May 12, 2012

ပါမစ်လျော့ပေါ့မှုကြောင့် ကားဈေး တစုံလုံးကျဆင်း

Ever November | 5/12/2012 12:38:00 PM | Best Blogger Tips
ယခုသီတင်းပတ်တနင်္လာနေ့ကကားပါမစ်တင်းကြပ်ထားခြင်းမှ နိုင်ငံခြားငွေစာရင်းရှိသူတိုင်း နိုင်ငံသားတဦး
လျှင် ၂၀၀၇ မိုဒယ်အထက်ကား တစီးစီသွင်းခွင့်ရှိသည်ဟုကြေငြာ လိုက်ပြီးနောက် ကားဈေးကွက်မှ မိုဒယ်မြင့်၊ မိုဒယ်နိမ့်၊ မအပ်မီကား၊ ပါမစ် အသီးသီးဈေးကျဆင်းကုန်သည်ဟု ကားပွဲစားများက ပြောသည်။
ဟံသာဝတီ ကားပွဲစားတန်းမှ ပွဲစားကိုသိန်းလွင်က “ မတ်တူး ရွှေငါး စတိ( ယာယီနံပါတ်) အရင် သိန်း ၂၅၀ ရောင်းတာမထွက်ဘူး၊ အရင် ၂၈၀ -၈၅ ရောင်းတဲ့ဟာ၊ ခြုံပြောရင်  သိန်း ၄၊ ၅ ဆယ်ကျတယ်” ဟု ယခုသီတင်းပတ် ကားဈေးနှုန်းကို ရှင်းပြသည်။

ထို့ပြင် ယခင် သီတင်းပတ်က သိန်း ၂၈၀ -၈၅ သိန်းရောင်းချသည့် တိုယိုတာ Belta ၂၀၀၇ မိုဒယ်မှာ ယခုရက်ပိုင်းတွင် သိန်း ၂၀၀ အထိကျဆင်းသွားကာ ၀ယ်သူလည်း မရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ယခုလတ်တလော ဂျပန်မှတင်သွင်းလာသည့် ကားများသာမက နံပါတ်နိမ့် မိုဒယ်နိမ့်ကားများလည်း သူ့အတိုင်းအတာဖြင့် ဈေးကျသွားကြောင်း နစ်ဆန်း ဆူပါဆလွန်း ၈၆၊ ၈၇ ခုနှစ်မိုဒယ် ဆိုပါက ယခင် ၁၃၀၊ ၁၄၀ သိန်းရှိရာမှ ယခုအခါ သိန်း ၁၀၀ စွန်းစွန်းသာရှိတော့သည်ဟုလည်း မေးမြန်းသိရှိရသည်။

ကားဝယ်ရောင်း တဦးဖြစ်သည့် ဦးသက်လင်းက “အောက်ကားအရင်က သိန်း ၁၃၀ တန်က အခု ၁၀၀ လောက်ပဲရှိတော့တယ်။ ဈေးကွက်ထဲမှာလည်း စောင့်ကြည့် နေကြတယ် ဘယ်သူမှ မ၀ယ်ရဲကြသေးဘူး” ဟု အောက်ကားဟု ခေါ်သည့် သိန်း၁၀၀ ကျော်ကားဈေးကွက် လက်ရှိအနေအထားကို ပြောပြသည်။

ကိုသိန်းလွင်က “ မနေ့က နဲ့ ဒီနေ့ အပွင့်လင်းဆုံးပြောရင် ၀ယ်သူက စင်ပေါ်ကပဲ၊ ကြိုက်ဈေးပေးဝယ်လို့ရတယ်၊ သိန်း ၂၅၀ ခေါ်တယ်၊ ၂၃၀ နဲ့လည်း ပေးတာပဲ၊ အော်ဖာ (ဈေးပေးခြင်း) သာရဲရဲပေး ရောင်းသူက ဆုံးဖြတ်ပြီး ချရောင်းသွားတာတွေရှိတယ်” ဟု မေလ ၉ ရက်နေ့ ကားဈေးကွက်အခြေအနေကို ရှင်းပြသည်။

ယခုသတင်းမထွက်ပေါ်မီ သင်္ဘောသား ပါမစ်တစောင်လျှင် ၆၅ သိန်းရှိရာမှ ပါမစ်ခွင့်ပြုလိုက်ပြီးနောက်တွင် သိန်း ၂၀ ၀န်းကျင်သာရှိတော့သည်ဟုလည်း ကားပွဲစားများက ပြောသည်။

ယမန်နှစ် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သည့် အစီအစဉ်စတင်ချိန်မှစ၍ ကားဈေးနှုန်း သိသိသာသာ ကျဆင်းလာရာ ယခုလ ၇ ရက်နေ့က ပါမစ်တင်းကြပ်မှု ဖြေလျော့လိုက်သည့်နောက် ဆယ်စုနှစ်တခုကျော်အတွင်း ကားဈေး အနိမ့်ဆုံးသို့ ကျဆင်းလာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၄ နှစ်ဝန်းကျင်က သိန်း ၁၄၀၀ အထိ ဈေးပေါက်ခဲ့သည့် ၂၀၀၄ မိုဒယ် မတ်တူး (ရွှေငါး) ကားမှာ ယခုအခါ သိန်း ၂၀၀ ကျော်သာရှိသည့် အထိ ဈေးနှုန်းကျဆင်းလာသည်ကိုတွေ့ရသည်။      ။

မတ်လဆန်းက တပ်မတော် ခန်းမတွင်ပြုလုပ်သည့် ကားပြပွဲတွင် တွေ့ရသည့် တိုယိုတာ မတ် အိတ်စ် အမျိုးအစားကား ၊ ထိုစဉ်က ၄၉၉ သိန်းဟု ဈေးနှုန်းကပ်ထားသည့် ယင်းကားအမျိုးအစားမှာ ယခုအခါ ကျပ် သိန်း ၃၀၀ အောက်တွင်သာရှိတော့သည်ကိုဟု သိရှိရသည်။ (ဓါတ်ပုံ-သူရမျိုး)
 Yangon Press International

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1