Thursday, May 10, 2012

 ဆားဘီးယားသမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့ ဆက်ပြိုင်ရမည်

Ever November | 5/10/2012 05:58:00 PM | Best Blogger Tips
ဆားဘီးယား သမ္မတရွေးကောက်ပွဲ ပထမအကျော့တွင် မည်သူမျှ မဲထက်ဝက်ကျော် မရခဲ့သောကြောင့် မဲအများဆုံး ရသူနှစ်ဦးဖြစ်သည့် လက်ရှိသမ္မတ ဘောရစ်တာဒစ်နှင့် ပြိုင်ဘက် တွမ်မီဆလက်ဗ်နီ ကိုလစ်တို့သည် ဒုတိယအကျော့ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
သမ္မတတာဒစ်နှင့်သူ၏ ဒီမိုကရက်တစ်ပါတီတို့သည် သမ္မတရွေးကောက်ပွဲတွင်ရော ပါလီမန်ရွေးကောက်ပွဲများတွင်ပါ အခြေအနေကောင်းနေကြောင်း သိရသည်။

၂၀၀၀ ပြည့်နှစ်က ယူဂိုဆလားဗီးယားသမ္မတ ဆလိုဘိုဒန်မီလိုဆီဗစ်ကို ဖြုတ်ချပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိခဲ့သော သမ္မတလောင်း နှစ်ဦးစလုံးနှင့် ပါတီညွန့်ပေါင်းများ မှာ ဥရောပသမဂ္ဂသို့ ဆားဘီးယားဝင်ရောက်ရေးကို လိုလားသူများဖြစ်သည်။
လက်ရှိသမ္မတတာဒစ်၏ ဒီမိုကရက်တစ်ပါတီသည် မဲ ၂၅ ရာ ခိုင်နှုန်းနီးပါးမျှ ရရှိခဲ့ပြီး နီကိုလစ်၏ ဗဟိုလက်ဝဲယိမ်း တိုးတက်ရေးပါတီထက် တစ်ရာခိုင်နှုန်းမျှ အသာရခဲ့သည်။ သမ္မတရွေးကောက်ပွဲတွင်လည်း
ထို့အတူပင်ဖြစ်ပြီး တာဒစ်က ၂၆ ရာခိုင်နှုန်းရခဲ့ကာ  နီကိုလစ်က ၂၅ ရာခိုင်နှုန်း ရခဲ့သည်။ ၁၂ ဦးပြိုင်သော သမ္မတရွေး ကောက်ပွဲတွင် မဲအများဆုံးရခဲ့သည့် တာဒစ်နှင့် နီကိုလစ်တို့သည် မေလ ၂၀ ရက်နေ့တွင် ဒုတိယအကျော့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1