Saturday, May 26, 2012

ဒေါ်စု အိန္ဒိယဝန်ကြီးချုပ် တည်းခိုရာ သွားရောက်တွေ့ဆုံမည်

Ever November | 5/26/2012 05:47:00 AM | Best Blogger Tips
မြန်မာနိုင်ငံသို့သုံးရက်ကြာချစ်ကြည်ရေးခရီးလာရောက်လည်ပတ်မည့်အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာမန်မို
ဟန်ဆင်း အား ၎င်းခေတ္တတည်းခိုရာ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်သို့အင်္ဂါနေ့တွင်ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံမည် ဖြစ်သည်။
အချို့အကဲခတ်များကအိန္ဒိယနိုင်ငံဝန်ကြီးချုပ်မန်မိုဟန်တာဆင်းအနေနှင့်သံတမန်ကျင့်ထုံးတို့ကို ဘေးဖယ်ကာ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံလေမည်လောဟု ခန့်မှန်းထင်ကြေးများလည်း ရှိနေစဉ်တွင်အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်RanjanMathaiကထိုကဲ့သို့ ဖြေကြား အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းတို့အပါအဝင်ကမ္ဘာ့အထင်ကရခေါင်းဆောင်အများစုမှာ ဒေါ်အောင်ဆန်း
စုကြည်နှင့် တွေ့ဆုံရန်အတွက် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ လာရောက်လေ့ရှိကြသည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1