Saturday, May 26, 2012

မြန်မာ့ လျှပ်စစ်စွမ်းအင် ပြဿနာ တရုတ်ကူညီလို

Ever November | 5/26/2012 07:50:00 PM | Best Blogger Tips
ဗီယက်နမ်နိုင်ငံတွင် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ၁၃ ကြိမ်မြောက် အာစီယံ နှင့် အာရှသုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန် (ယာ) နှင့် တရုတ်ဝန်ကြီးချုပ် Wen Jiabao (ဝဲ) တို့တက်ရောက်နေစဉ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မလုံမလောက်ဖြစ်နေတာကို ကူညီဖို့အတွက် မြန်မာ့ဓာတ်အားပေးလုပ်ငန်း အဆင့်မြှင့်တင်ပေးရာမှာ ပူးပေါင်းပါဝင်ရေး ဆွေးနွေးကြဖို့ မိမိတို့ပြည်တွင်းက ကုမ္ပဏီတွေကို အားပေး တိုက်တွန်းမယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် မြန်မာပြည်တွင်းက မြို့အတော်များများမှာကန့်ကွက်ဆန္ဒပြမှုတွေ
 ဖြစ်ပေါ်နေကြောင်း၊ မြန်မာ့စွမ်းအင်အရင်းအမြစ်တွေကိုအစိုးရကတရုတ်ပြည်ကို ရောင်းချနေတဲ့အတွက် 
 ပြည်တွင်းမှာ စွမ်းအင်မလုံလောက်ရတာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြကြောင်း ဆင်ဝှာသတင်းက ဖော်ပြပါတယ်။
တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်လီကတော့ တရုတ်အစိုးရဟာ နှစ်ပြည်ထောင်က ပြည်သူတွေ အကျိုးအတွက် မိမိတို့ ကုမ္ပဏီတွေကို နှစ်ဦးနှစ်ဘက် အကျိုးရှိရေး အခြေခံမူကို ကိုင်စွဲပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ အမြဲတိုက်တွန်းနေကြောင်း၊ အခု စွမ်းအင်ကဏ္ဍ မှာလည်း ဒေသဆိုင်ရာ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ တရုတ်ကုမ္ပဏီတွေကြား ကန်ထရိုက် စာချုပ်တွေ ချုပ်ဆိုခဲ့ကြကြောင်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မလုံမလောက် ဖြစ်ရတာဟာ အဓိကအချက်အနေနဲ့ ဓာတ်အားလိုင်းတွေ မကောင်းလို့ ဖြစ်ကြောင်း၊ တရုတ်အစိုးရ အနေနဲ့ မြန်မာ့ဓာတ်အားလိုင်းတွေ အဆင့်မြှင့်ပေးရေးအတွက် မိမိတို့ ကုမ္ပဏီတွေကို မြန်မာအစိုးရနဲ့ ဆွေးနွေးစေလိုကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်လီက ပြောဆိုခဲ့ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1