Saturday, May 5, 2012
ကျိုက်ဒုံ စခန်းမှုး ရဲအုပ်ခင်မောင်လေး ၏ ဥပဒေမဲ့လုပ်ရပ်များ (ပေးစာ)
Ever November | 5/05/2012 07:29:00 PM | Best Blogger Tips
သို့
    သမ္မတကြီး
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်။
ရက်စွဲ၊ ၂ဝ၁၂ ခုနှစ်၊ မေလ (   ၅  )ရက်။
သမ္မတကြီးခင်ဗျား သမ္မတကြီးသို့လေးစားစွာဖြင့် တင်ပြတိုင်ကြားအပ်ပါသည်။ တိုးတက်သော ဥပဒေ စိုးမိုးသည့် မြို့လေးအဖြစ် ဆောင်ရွက်ပေးစေရန်နှင့် ဥပဒေအားသိရှိနားလည် လက်ကိုင်ထား၍ ပြည်သူအား ကာကွယ်အကျိုးပြုရမည့် အစား  ပြည်သူအပေါ် ရိုင်းပြစွာဆက်ဆံ၍ ကိုယ်ကျိုးအတွက်သာ ရှေ့ရှု့ ဥပဒေအားမသိကြိုးကျွန်ပြု၊ နိုင်ငံ ဝန်ထမ်းဖြစ်လျှက် နိုင်ငံတော်အပေါ်သစ္စာမရှိ ငြိမ်းချမ်းရေးအဖွဲ့များနှင့် ပူးပေါင်း၍ နိုင်ငံပိုင် ကျွန်းသစ်များအား အကောက်အစားယူ၍ သောက်စားမူးယစ် စော်ကားလျှက်ရှိသော ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲ ရဲစခန်းမှ ရဲအုပ် ခင်မောင်လေး၏ အရှက်မရှိဂုဏ်သိက္ခာမဲ့ပြုလုပ်ခြင်းများ အပေါ် မခံမရပ်နိုင်၍ သမ္မတကြီးမှ ကူညီဆောင်ရွက်ပေးစေရန်နှင့် ၄င်းရဲအုပ်ခင်မောင်လေး၏ ဥပဒေမဲ့ ဆောင်ရွက်ချက်များအား အောက်ပါအတိုင်းတင်ပြအပ်ပါသည်။
       (၁)    နိုင်ငံတော်ပိုင် တောတွင်းမှသဘာဝ သစ်တောများအား ၄င်း၏ကိုယ်ကျိုးတွက် မှောင်ခိုစီးပွား                ရှာဖွေနေသူများထံမှ၊ သစ်လှေတစ်စီးအား (၃ဝဝဝဝိ/-)ကျပ်နှင့် သစ်ကားတစ်စီးအား                     (၁၅ဝဝဝိ/- (သို့) ၂ဝဝဝဝိ/-)ကျပ်တို့ဖြင့် စခန်းမှူးမှ ကောက်ခံတောင်း ယူခြင်း။
    (၂)    နိုင်ငံတော်အကြီးအကဲများ၏ အမြို့မြို့အနယ်နယ်၌ မှုခင်းကျဆင်းစေရန်တွက် လောင်းကစားမှု့         များပပျောက်ကင်းရှင်းရန် အထူးအလေးထားဆောင်ရွက်မှု့ပြုနေချိန်၌ စခန်းမှူး ရဲအုပ်
              ခင်မောင်လေး မှ ကျိုက်ဒုံမြို့အတွင်း ချဲထီ၊ နှစ်လုံးထီတို့အား ဒိုင်ကြီး (၅)ဦး၊ ကိုယ်စားလှယ်   
              (၄၁)ဦးတို့ဖြင့် ရောင်းချမှု့အား တားမြစ်အရေးယူမှု့မရှိ အပတ်စဉ် ဒိုင်ကြီး (၁၈ဝဝဝိ/-)
              ကျပ်နှင့် ကိုယ်စားလှယ် (၂ဝဝဝိ/)ကျပ်တို့အား အမြဲကောက်ခံခြင်း။
       (၃)    ကျိုက်ဒုံမြို့အတွင်းရှိ ဘုရားပွဲ၊ ရိုးရာပွဲများအဖြစ်ခေါင်းစဉ်များသုံး၍ အမြဲလောင်းကစား
                   ဝိုင်းများ ပြုလုပ်ပြီး နယ်ထိန်းတစ်ဦးမှ လောင်းကစားဝိုင်းအကြီး၊ အသေးအလိုက်ကောက်ခံ
              တောင်းယူခြင်း။
       (၄)    စခန်းမှူး၊ ရဲအုပ် ခင်မောင်လေးသည် ၄င်းတာဝန်ထမ်းဆောင်ချိန်မှစ၍ မိမိတို့ရွာ အတွင်းငှာ
              မိမိတို့ ရွာသူ၊ ရွာသားများအား သောက်စား၍ ရိုင်းပြစွာ ပြောဆိုစော်ကားခြင်း။
       (၅)    ၄င်းရဲအုပ် ခင်မောင်လေး၏ လက်အောက်နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များမှာလည်း အရက်သေစာ
              သောက်စား၍ မြို့ထဲအတွင်း ဝန်ထမ်းသိက္ခာနှင့်မညီ လမ်းဘေး၌လဲပြို၊ မူးရူးနေထိုင်သွားလာ
              ခင်းများအား၊ ၄င်း ရဲအုပ် ခင်မောင်လေးမှ မအုပ်ချုပ်နိုင်၊ မထိန်းသိမ်းနိုင်ခြင်း၊ အများပြည်သူ
               အထင်သေး ငြိုငြင်နေကြခြင်း။
                                                                                           ၂/သို့
- ၂ –
       (၆)    ရဲအုပ် ခင်မောင်လေးမှ ရဲစခန်းသာယာလှပရေးနှင့် လက်အောက်ငယ်သားများကို မစောင့်    
               ရှောက်ဘဲ ဥပဒေမဲ့ပြုလုပ်နေထိုင်၍ တောင်းခံရယူသော ငွေကြေးများ အား ကိုယ်ကျိုးတစ်ဦး
               တည်းရာယူပြီး ၄င်း၏ အောက်လက်ငယ်သားများမှာ သဲသယ်ခြင်း၊ ဆိုင်ကယ်အငှားမောင်း
               ခြင်း၊ အိမ်သာကျွင်းလိုက်လံတူးခြင်းနှင့် ဇနီးမယားများမှာ မိမိအရပ်ထဲ တွင် အဝတ်လျှော်စား
               သောက်၍ မိသားစုအရေးအားဖြေရှင်းနေကြခြင်း။
      (၇)     ရဲအုပ် ခင်မောင်လေး၏ ဆောင်ရွက်ပြောဆိုလုပ်ကိုင်မှု့အတွက် တောတွင်း အဖွဲ့အစည်း
              များ၏ ခြိမ်းခြောက်ပစ်စာများ မြို့ထဲသို့လာရောက်ခြောင်းမြောင်းခြင်းများ မကြာခဏ
              ဖြစ်ပေါ်လျှက်ရှိ ပါသည်။
      အထက်ပါအကြောင်းအရာများ လက်ရှိဖြစ်ပေါ်နေပါ၍ လက်ရှိတာဝန်ယူဆောင်ရွက်နေသော စခန်းမှူး ရဲအုပ် ခင်မောင်လေးမှာ ပြည်သူပြည်သားများအား မကူညီ၊ မစောင့်ရှောက်ပဲ အနိုင်အထက်ပြု ဥပဒေမဲ့ ကိုယ်ကျိုးသိက္ခာမဲ့ နေထိုင်ဆက်ဆံခြင်းများကြောင့် တောတွင်းလက်နက်ကိုင်များ၏ မကျေနပ်ချက်ကိစ္စများ ထပ်မံဖြစ်ပေါ်ပြီး အထက်နိုင်ငံတော်အကြီးအကဲတို့၏ ငြိမ်းချမ်းရေးကိစ္စများ ပျက်ပြား၍ မိမိတို့ရပ်ရွာအတွင်း  ယခင်ကဲ့သို့ မငြိမ်းချမ်း၊ ပစ်ခတ်နေမည့်ဒုက္ခ ဆိုးကျိုးများအတွက် သမ္မတကြီးအား ကျေးရွာနေ ရပ်မိရပ်ဖ အဘိုးအဘွားတို့မှ အားကိုမျှော်လင့်စွာ အသိပေးအကူအညီတောင်းခံအပ်ပါသည်။
လေးစားစွာဖြင့်
        အဘိုး၊ အဘွား ရပ်မိရပ်ဖများ
        ကျိုက်ဒုံမြို့နယ်ခွဲ
        ကြာအင်းဆိပ်ကြီးမြို့နယ်
        ကော့ကရိတ်ခရိုင်
        ကရင်ပြည်နယ်။
မိတ္တူကို လိုအပ်သလိုဆောင်ရွက်နိုင်ရန်ပေးပို့ပါသည်။   
(၁)    ဗိုလ်ချုပ် ကိုကို၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး။
(၂)     ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန။
(၃)    ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဌာန။
(၄)    ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်။
(၅)    ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့။
MNN
No comments:
England - Premier League
Italy - Serie A
Spain - Primera Division
Germany - Bundesliga
France - Ligue 1