Saturday, May 5, 2012

MGS- Myanmar Golden Star ကုမ္ပဏီက စက်ရုံဝန်ထမ်း ၄ ရာကျော် ဆန္ဒပြ

Ever November | 5/05/2012 07:18:00 PM | Best Blogger Tips
 မေလ ၂ ရက်နေ့က မှော်ဘီမြို့နယ် ပြည်လမ်းပေါ်မှာ ရှိတဲ့ MGS- Myanmar Golden Star ကုမ္ပဏီက ဆန္ဒ ပြနေတဲ့ စက်ရုံဝန်ထမ်း တွေပါ။
မှော်ဘီမြို့နယ် ပြည်လမ်းပေါ်မှာ ရှိတဲ့ MGS- Myanmar Golden Star ကုမ္ပဏီက စက်ရုံဝန်ထမ်း ၄ ရာကျော်ဟာ မေလ ၂ ရက်နေ့ နေ့လည်က စတင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

MGS ဝန်ထမ်းတွေဟာ လက်ရှိ ရနေတဲ့ လစာငွေအပြင် နောက်ထပ် ကျပ်ငွေ ၃ သောင်း တိုးပေးဖို့ ကုမ္ပဏီကို တောင်းဆိုခဲ့ကြတာပါ။


ဝန်ထမ်းတွေရဲ့ တောင်းဆိုချက်ကို ကုမ္ပဏီဘက်က လိုက်လျောမှု မရှိတာကြောင့် ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ကြောင်း ဆန္ဒပြအဖွဲ့ ခေါင်းဆောင်တွေက မီဒီယာတွေကို
ပြောပါတယ်။

ကုမ္ပဏီနဲ့ ဝန်ထမ်းတွေအကြား ဖြစ်ပေါ်နေတဲ့ မပြေလည်မှုတွေကို အလုပ်သမား ဝန်ကြီးဌာန နဲ့ လူမှု ဖူလုံရေး အဖွဲ့တို့က ဝင်ရောက်ဖြေရှင်းခဲ့ပေမယ့် ဝန်ထမ်းတွေဘက်က ကျေနပ် လက်ခံခဲ့ခြင်း မရှိတဲ့အတွက် မနေ့က မနက်ပိုင်းက ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။ 
RFA
(ရန်ကုန်-မန္တလေးလမ်း၊ အုတ်သာမြို့သစ်ရှိ Myanmar Golden Star စက်ရုံ- Myanmar Golden Star website)

 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1