Saturday, May 26, 2012

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုဟာ အဓိကစိန်ခေါ်မှုဖြစ်နေ

Ever November | 5/26/2012 05:52:00 AM | Best Blogger Tips
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်က ချက်သမ္မတနိုင်ငံသံရုံးတွင် မေလ ၂၄ ရက်နေ့က ကျင်းပသော မြန်မာ့အရေး ဆွေးနွေးပွဲမှာ ကမ္ဘာ့အမျိုးသမီးရေးရာဆိုင်ရာ အမေရိကန် သံအမတ်ကြီး
                                                     Melanne Verveer ပါဝင် ဆွေးနွေးနေစဉ်။
မြန်မာ့ဒီမိုကရေစီရေးမှာ ဆောင်ရွက်စရာတွေရှိသေးတယ်လို့အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီ
 မြို့တော်မှာရှိတဲ့ ချက်သမ္မတ နိုင်ငံသံရုံးမှာ မနေ့ညက ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူတွေက ပြောကြားလိုက်ပါတယ်။
မြန်မာ့အနာဂတ်ပေါ် ရှုမြင်ချက်နဲ့ မြန်မာ့အသိုင်းအ၀ိုင်းက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို မကြာခင်က ရောက်ခဲ့တဲ့ ကမ္ဘာ့အမျိုးသမီးရေးရာဆိုင်ရာ အမေရိကန် သံအမတ်ကြီး Melanne Verveer က အဓိက ဆွေးနွေးသွားပါတယ်။
မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိက စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။ တချိန်တခါက ပညာရေးမှာ အရှိန်အ၀ါ ကြီးမားခဲ့ပေမဲ့ လောလောဆယ်မှာ  နိမ့်ကျနေတာ ထင်ရှားကြောင်း ပြောသွားပါတယ်။
ဒီဆွေးနွေးပွဲမှာ Project 2049 က ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ အာရှ-ပစိဖိတ်ဒေသ တရားဥပဒေစိုးမိုးရေးပညာရှင်KellyCurrieကဗဟိုနဲ့ အောက်ခြေကွဟမှုရှိနေတာကို ထောက်ပြ ဆွေးနွေး
ပါတယ်။
Freedom House လူ့အခွင့်အရေးအဖွဲ့က ဒုတိယ ဥက္ကဋ္ဌ Robert Herman ကတော့ မြေယာသိမ်းမှု အပါအ၀င် ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ တင်ပြဆွေးနွေးပါတယ်။
USCB မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် လှုပ်ရှားမှုအဖွဲ့က ကရင်အမျိုးသမီး Myra Dahgaypaw မိုင်းရာဒေကပေါ ကတော့ ပြောင်းလဲနေတယ်လို့ ကမ္ဘာကမြင်နေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပဋိပက္ခ ချုပ်ငြိမ်းသွားတာ မရှိသေးတဲ့အကြောင်း၊ မြန်မာနိုင်ငံအကြောင်း အမှန်တကယ် သိချင်ရင် တစ်သံတည်းရဲ့ အသံနားမစွင့်ဘဲ အသံပေါင်းစုံကို နားထောင်သင့်တဲ့အကြောင်း တင်ပြဆွေးနွေးသွားပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1