Saturday, May 5, 2012

မြန်မာလွှတ်တော် ကိုယ်စားလှယ်များ ဂျာမဏီ လေ့လာရေးခရီး စတင်

Ever November | 5/05/2012 08:04:00 PM | Best Blogger Tips
ဂျာမဏီနိုင်ငံက လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်လေ့လာဖို့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေအတွက် ပထမဆုံး ဥရောပခရီးစဉ် ဖြစ်ပါတယ်။ ဒီအစီစဉ်ကို ဂျာမဏီနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ LDP ပါတီနဲ့ နီးစပ်တဲ့ Friedrich Naumann Foundation က ဖိတ်ခေါ်ခဲ့တာ ဖြစ်တယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က အခုလို ပြောပါတယ်။
" ဒီခရီးစဉ်ကတော့ FNF ကဖိတ်တာ၊ Friedrich Naumann Foundation ကဖိတ်တာ၊ အဲဒီဖိတ်စာလေးပြပြီးတော့မှ ခွင့်ပြုချက်နဲ့ သွားကြတာပါ။ ဂျာမန်ပါလီမန် ကျင်းပတဲ့ကာလလို့ ပြောတယ်ဗျ။ အဲဒီမှာ လေ့လာဖို့ရှိတယ်။ နောက် ခရီးသွား ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာန သူတို့လိုက်ပြတဲ့ နေရာလေးတွေကို လိုက်လေ့လာကြမှာပါ"
ဒေါက်တာအေးမောင်နဲ့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP က ဦးစိုင်းအိုက်ပေါင်း၊ ပြည်ခိုင်ဖြိုးပါတီက ဦးဝင်းဦး၊ ဦးဝင်းသန်း၊ ဦးအေးမောက်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးမင်းဦးနဲ့ ဒေါက်တာလှမြတ်ဒွေးတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။
မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂျာမဏီခရီးစဉ်ဟာ သီတင်းတစ်ပတ် ကြာမြင့်မှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1