Wednesday, May 9, 2012

 ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် စာရင်းဝင်နိုင်ရန် UNWTO မှ ပံ့ပိုးကူညီမှုများ ပြုလုပ်သွားရန်ရှိ

Ever November | 5/09/2012 09:28:00 PM | Best Blogger Tips
ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား ကမ္ဘာ့အမွေအနှစ်ဒေသ အဖြစ် စာရင်းဝင်နိုင်ရန် ပံ့ပိုးကူညီ မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့(UN World Tourism Organization-UNWTO) မှ အတွင်းရေးမှူးချုပ် Dr.Taleb Rifai က ပြောကြားခဲ့သည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအ ဖွဲ့(UN World Tourism Organi-zation-UNWTO) မှ အတွင်းရေး မှူးချုပ် Dr.Taleb Rifai  သည် ၂၀၁၂ ခုနှစ် မေလ ၆ ရက်နှင့် ၇ ရက်နေ့ များက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိ ခရီးသွားလုပ်ငန်း အနေအထားများအား လေ့လာမှု၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်။
၎င်းသည် မေလ ၇ ရက်နေ့ နံနက်ခင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ခရီးသွားလုပ်ငန်း နှင့် သက်ဆိုင်သော အကြောင်းအရာများအား ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

ယဉ်ကျေးမှုနယ်မြေ၊ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများနှင့် သဘာဝရေမြေ အနေအထား အားသာချက်များရှိနေသော မြန်မာနိုင်ငံသည် လက်ရှိအချိန်အထိ ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်၊ ကမ္ဘာ့သဘာဝ အမွေအနှစ်ဒေသများ၌ စာရင်းဝင်နိုင်ခြင်း မရှိသေးကြောင်း  .  .  .

“ကျွန်တော်တို့ အကြံပြုချက် တချို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ပုဂံလိုမျိုး စိတ်ဝင်စားစရာကောင်း တဲ့ဒေသတွေမှာ အထူးအစီအစဉ်တွေ ပြုလုပ်နိုင်ဖို့လည်း အကြံပေးခဲ့ပါတယ်။ မနေ့ကတစ်နေ့လုံး ကျွန်တော် ပုဂံမှာ လည်ပတ်ခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ပြတိုက်လည်းတွေ့ပါတယ်။ ပုဂံဟာ ကမ္ဘာ့ အမွေအနှစ်တစ်ခု ဖြစ်လာသင့်ပါတယ်။ ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် ပြုလုပ်သွားဖို့ ကျွန်တော်တို့ ပံ့ပိုးကူညီပါမယ်လို့လည်း အကြုံပြုခဲ့ပါတယ်”ဟု Dr.Taleb Rifai က မေလ ၇ ရက်နေ့ ညနေပိုင်းက ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ပုဂံသည် မြန်မာနိုင်ငံ၏ ပထမဆုံး မင်းနေပြည်တော် တည်ထောင်ရာ မြို့တော်ဖြစ်ပြီး များပြားသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကမ္ဘာကျော် ဒေသတစ်ခုဖြစ်နေသည်။
ယဉ်ကျေးမှုနယ်မြေ၊ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများနှင့် သဘာဝရေမြေအနေအထား အားသာချက်များ ရှိနေသော မြန်မာ နိုင်ငံသည် လက်ရှိအချိန်အထိ ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်၊ ကမ္ဘာ့သဘာဝအမွေအနှစ် ဒေသများ၌ စာရင်းဝင်နိုင်ခြင်း မရှိသေးကြောင်း၊ ယင်းသို့ စာရင်းဝင် နိုင်ခြင်းသည် အဆိုပါနိုင်ငံနှင့် ဒေသအပေါ်တွင် ကမ္ဘာတစ်ဝန်းမှ စိတ်ဝင်စားမှု ပိုမိုလာစေကာ ခရီးသွားများ လာရောက် လေ့လာလည်ပတ်မှုလည်း လိုက်ပါ မြင့်တက်နိုင်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည် ရှေးဟောင်း မြို့တော်များ ဖြစ်သော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာတို့ကို ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရန် ဆက်သွယ် ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားဧည့်သည် များ၏ ၉၀ ရာခိုင်နှုန်းဝန်းကျင်သည် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ သွားရောက်လေ့ရှိကြပြီး ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်လာပါက ယခုထက် စိတ်ဝင်စားမှုများ ပိုမိုလာနိုင်ကြောင်း သိရှိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1