Thursday, June 28, 2012

Android OS ဖုန်းများတွင် Ubuntu OS တင်၍ အသုံးပြုနိုင်မည်

Ever November | 6/28/2012 04:51:00 PM | Best Blogger Tips

လက်ရှိအချိန်တွင် အသုံးပြုလျက်ရှိကြသော Android OSဖုန်းအချို့ပေါ်တွင်ကွန်ပျူတာများ၌အသုံးပြုသော Ubuntu OS အားထည့်သွင်းကာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Android OS ပေါ်တွင် Ubuntu အား ထည့်သွင်းအသုံးပြုရာ၌ ဖုန်းတွင်ပါဝင်သော Android OS အား ဖျက်ရန်မလိုအပ်ဘဲ ကွန်ပျူတာများတွင် Windows နှစ်ခုတင်ကာ အသုံးပြုသကဲ့သို့ပင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်း Ubuntu အားအသုံးပြုနေစဉ်တွင်ပင် ဖုန်းဝင်လာပါကလည်း ဖုန်းပြောနိုင်မည်ဖြစ်ပြီး အသုံးမပြုလိုတော့ပါကလည်း အလွယ်တကူပင် Android OS ဘက်သို့ပြောင်းလဲသွားကာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ CPU စနစ်မြင့်မားသောဖုန်းများပေါ်တွင် အဆိုပါစနစ်မှာ ပိုမိုကောင်းမွန်မြန်ဆန်စွာ အလုပ်လုပ်နိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် Ubuntu OS အား မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုရာ၌ Samsung Galaxy S III နှင့် Samsung Galaxy Note ပေါ်တွင်အသုံးပြုရာတွင် ပိုမိုအဆင်ပြေကြောင်းသိရသည်။ “ဖုန်းတွေပေါ်မှာ Ubuntu OS ကိုတင်ပြီး အသုံးပြုတဲ့နေရာမှာတော့ Galaxy SIII နဲ့ Galaxy Note ကကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ SIII က CPU မြင့်မားတဲ့အတွက် အသုံးပြုရတာမြန်ဆန်ပါတယ်။ Galaxy Note ကတော့ ဖုန်းရဲ့အရွယ်အစား ကြီးမားတဲ့အတွက် အသုံးပြုရတဲ့မြင်ကွင်းတွေမှာ ကောင်းမွန်ပါတယ်” ဟု အဆိုပါစနစ်အား စတင်ထည့်သွင်းအသုံးပြုသူ X Code မိုဘိုင်းဖုန်းဆိုင်မှ ကိုပြည့်ဖြိုးကပြောသည်။ Ubuntu စနစ်အား မိုဘိုင်းဖုန်းများပေါ်တွင် ထည့်သွင်းအသုံးပြုရာ၌ ကွန်ပျူတာများပေါ်တွင် အသုံးပြုသကဲ့သို့ပင် အကောင်းဆုံးအသုံးပြုနိုင်မည်ဖြစ်ပြီး ယင်းစနစ်ထည့်သွင်းနိုင်မည့် ဖုန်းများအနေဖြင့် Samsung Galaxy SIII, Galaxy SII, Galaxy Note, Galaxy S, HTC One X, HTC Desire, Desire S, Desire HD အစရှိသောဖုန်းများပေါ်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထည့်သွင်းအသုံးပြုလိုသူများအနေဖြင့် X Code မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၉-၅၀၀၄၆၇၂ တွင် ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။ 
ရေးသားသူ -ကိုသက်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1