Saturday, June 2, 2012

၂၁ ရာစု ရန်ကုန်မြို့ ထိန်းသိမ်း စောင့်ရှောက်ရေး မဟာဗျူဟာ ဆီသို့ ကွန်ဖရင့်အား နှစ်ရက်ကြာ ပြုလုပ်ခဲ့

Ever November | 6/02/2012 08:52:00 PM | Best Blogger Tips

ရန်ကုန်မြို့ရဲ့ တမူထူးတဲ့ ဗိသုကာ ဆိုင်ရာ အမွေအနှစ်နဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်းရဲ့ သက်တမ်း ရင့်တဲ့ အဆောက်အအုံ များကိုထိန်းသိမ်း စောင့်ရှောက်ဖို့ အတွက် ပြုလုပ်ခဲ့တဲ့ ကွန်ဖရင့် တစ်ခုကို မေလ ၃၁ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့ အထိ နှစ်ရက်ကြာ ရန်ကုန်မြို့ရှိ Strand ဟိုတယ်မှာ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ ရန်ကုန်မြို့ရဲ့ သက်တမ်း ရင့်နေတဲ့ အဆောက်အအုံ များကို အကာ အကွယ် ပေးဖို့နဲ့ အဆင့် တိုးမြှင့်ပေးဖို့ ရည်ရွယ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ရဲ့ လူမျိုး ပေါင်းစုံရှိခဲ့တဲ့ အတိတ်နဲ့ ယဉ်ကျေးမှု စုံလင်သော မျက်မှောက် ကာလ အကြောင်း သိရှိစေဖို့နဲ့ ရန်ကုန်မြို့ရဲ့ မြို့လယ်မှာ နေထိုင်တဲ့ ၀င်ငွေနည်း မိသားစုများကို ထောက်ပံ့ဖို့နဲ့ တည်တံ့တဲ့ မြို့ပြ စီမံကိန်း ပေါ်ထွန်း စေဖို့စတဲ့ အချက်များကို  ဆွေးနွေးခဲ့ ကြပါတယ်။ ဆွေးနွေး ပွဲက ရရှိလာတဲ့ စီမံချက် မူကြမ်းကို နိုင်ငံတော် သမ္မတ ထံသို့ နောက်ပိုင်းမှာ တင်ပြ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲကို ပြည်တွင်း ပြည်ပရှိ ဗိသုကာ ပညာရှင်များ၊ မြို့ပြ စီမံကိန်း ရေးဆွဲသူများ၊ စီးပွားရေး လုပ်ငန်းရှင် များနဲ့ ၀န်ကြီးဌာန အသီးသီးမှ ၀န်ကြီးများ တက်ရောက်ကာ ဆွေးနွေးမှု ပြုလုပ်ခဲ့ ကြပါတယ်။

ရန်ကုန်ဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာက အာရှရဲ့ ထူးကဲတဲ့ ကုန်သွယ်ရေး မြို့ကြီးများ အနက် တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ ကိုလိုနီခေတ် မြို့ပြ ရှုခင်းကို အကောင်းဆုံး ထိန်းသိမ်း ထားနိုင်တဲ့ အကောင်းဆုံး မြို့အဖြစ် ဆက်လက် တည်ရှိ နေပါတယ်။ အခုအခါ မှာတော့ ရန်ကုန် မြို့လည်မှ သက်တမ်း တစ်ရာ ရှိပြီဖြစ်တဲ့ လူနေအိမ်၊ စီးပွားရေး အဆောက်အအုံ တွေကို တဖြည်းဖြည်း ဖြိုချမှုများ ပြုလုပ်မှုကြောင့် ယခုအခါ ထက်ဝက် ခန့်မှာ မရှိတော့ကြောင်း သိရပါတယ်။

ဒါ့ကြောင့် မြို့ပြ စီမံကိန်းရဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့ ရန်ကုန်မြို့ရှိ ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်း အဆောက်အအုံ တွေကို တတ်နိုင်သမျှ အကာအကွယ် ပေးဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို အကာအကွယ် ပေးတဲ့ အခါမှာ သေးငယ်တဲ့ ဧရိယာ ဒါမှမဟုတ် ဇုန်အဖြစ် သတ်မှတ်ကာ ရန်ကုန်မြို့ဟောင်းဟု ခေါ်တွင်နိုင်တဲ့ နေရာအဖြစ် သတ်မှတ် နိုင်အောင် ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1