ကျနော် စာမရေးဖြစ်တာကြာပါပြီ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲက ကျနော်တို့ရဲ့ ဗကသ ရဲဘော်တွေ ပြန်လည် လွတ်မြောက်လာချိန်ကစလို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ပြန်လည်ဖွဲ့စည်းရေး အလုပ် တွေ၊ နိုင်ငံအနှံ့ ခရိုင်တွေမှာ ကျောင်းသားသမဂ္ဂပေါ်ပေါက်ရေး ကြိုးပမ်းရတဲ့ တာဝန်တွေနဲ့ မအားလပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုမအားလပ်တဲ့ကြားကပဲ မရေးမဖြစ်တဲ့အဖြစ်တွေ ပေါ်ပေါက်လာသည့်အတွက် အများပြည်သူသိအောင် ချမရေးပြချင် တဲ့အကြောင်းအရာတွေကို ရေးပြရတော့မှာပါ။ ဒီစာအတွက် အလုံးစုံ ကျနော်တာဝန်ယူသလို ဒီစာပါ အကြောင်းအရာ များဟာလဲ ကျနော် ဘာကိုမှမျှော်ကိုးလို့ ရေးပြတာမဟုတ်ပါဘူးဆိုတာ ကြိုတင်ပြောထားပါရစေ။
ကျနော်ရဲ့ အဓိကရည်ရွက်ချက်ကတော့ ပြည်တွင်းကရော ပြည်ပမှာပါရှိနေတဲ့
ကျောင်းသား မျိုးဆက်များစွာက ကျနော် တို့ရဲ့ ကျောင်းသားရဲဘော်တွေဟာ ဗကသ
ဆိုတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ သမိုင်းတန်
ဖိုးနဲ့ လက်ဆင့်ကမ်းပေးခဲ့တဲ့ မျိုးဆက်တာဝန်ကို ဘယ်လိုအခက်အခဲတွေကြားထဲက
တာဝန်ကျေပွန်အောင် ဘယ်လို ထမ်းဆောင်နေရတယ်ဆိုတာ သိရှိနားလည်ပြီး
ဗကသများအဖွဲ့ချုပ်အပေါ်ကို ပိုမိုတန်ဖိုးထားတတ်လာအောင်ရယ်၊ ပြည် တွင်းက
ကျောင်းသားရဲဘော်တွေအပေါ် စာနာနားလည်လာနိုင်ဖို့ရယ် ပါပဲ။
ထပ်ပြောပါရစေ။ ကျနော် ဘယ်လူပုဂ္ဂိုလ်တဦးတယောက်၊အဖွဲ့အစည်းတခုကိုမှ
စောင်းမြောင်းထိခိုက်စေလိုတဲ့ အ ကြောင်းအရာ သို့မဟုတ်
ရည်ရွယ်ချက်လုံးဝမပါဘူးဆိုတာ သစ္စာပြုရဲပါတယ်။
လွန်ခဲ့တဲ့ဆယ်ရက်ကျော်ကျော်လောက်ကပဲအွန်လိုင်းပေါ်က၀က်ဆိုက်ဒ်တခုမှာ
ကျောင်းသားခေါင်း
ဆောင်ဟောင်း တ ဦးရေးထားတဲ့ “တခုတည်းသော ကျောင်းသားသမဂ္ဂ၊
တခုတည်းသောဗဟို” ဆိုတဲ့ဆောင်းပါးကိုဖတ်မိပြီး ကြိုက်လွန်းတဲ့ အတွက်
ကျနော့်ရဲ့ ကိုယ်ပိုင်ဆိုက်ဒ်ဖြစ်တဲ့ “ရန်ကုန်ကျောင်းသား (ရကသ)” www.yakatha.blogspot.com မှာ တင် ထားခဲ့ပါတယ်။
အဲဒီရက်ပိုင်းအတွင်းမှာပဲ အင်တာနက်ဝက်ဆိုက်ဒ်တွေထဲမှာ ကျောင်းသားသမဂ္ဂနဲ့
ပတ်သက်တဲ့ ဝေဖန်ချက်တွေ၊ ပြော ဆိုချက်တွေ ပျံ့နှံ့နေတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ လေးရက်ကတော့ ၇ ဇူလိုင် နှစ်ငါးဆယ်ပြည့်နဲ့ပတ်သက်ပြီး အရင်က ဗကသ
မှာ တာဝန်ယူပြီး ယခုအထိလည်း နိုင်ငံရေးလောကမှာ အခန်းကဏ္ဍကိုယ်စီနဲ့
ဆက်လက်တာဝန်ထမ်းဆောင်နေ ကြတဲ့ ကျောင်းသားသမဂ္ဂ
ခေါင်းဆောင်ဟောင်းကြီးများဖြစ်တဲ့ ဦးလှရွှေ၊ ဆရာအောင်ဝံသ၊ ဆရာဝင်းထွဋ်ဇော်၊
ဦးတင် အေးတို့နဲ့ စကားဝိုင်းဖွဲ့ပြီး ဟိုးအရင် (၇.၇.၆၂)
တုန်းကသူတို့ကိုယ်တွေ့ကြုံခဲ့ရတဲ့ ၇ ဇူလိုင် အရေးအခင်းအတွေ့အကြုံ တွေကို
ဗကသ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပြောပြတဲ့ စကားဝိုင်းလေး
လုပ်ဖြစ်ခဲ့ပါတယ်။ ကျနော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့
သမိုင်းဆိုင်ရာအမှန်တရားတွေကို သိရှိခဲ့ပါတယ်။ ဒီအတွက်
စကားဝိုင်းဖြစ်မြောက်အောင် ၀ိုင်းဝန်း ကူညီလုပ်ဆောင်ပေးခဲ့တဲ့သူတွေရော၊
သမိုင်းစကား လက်ဆင့်ကမ်းပေးခဲ့တဲ့ ဗကသ ရဲဘော်ဟောင်းကြီးတွေကိုရောအလွန်ပဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
အဲဒီစကားဝိုင်းမှာ ဆရာမောင်ဝံသက စကားတခွန်းပြောပါတယ်။ သူတို့လက်ထက်၊
သူတို့ခောတ်တုန်းကလဲ ကျောင်း သားတွေကြားမှာ ကိုယ့်အယူအဆ၊ ကိုယ့်ဝါဒနဲ့ကိုယ်
အမျိုးမျိုး ကွဲနေတာပါပဲတဲ့။ ဒါပေမယ့် ဘယ်လိုပဲကွဲပြားနေသည် ဖြစ်စေ
ကျောင်းသားသမဂ္ဂ အမှုဆောင်ရွေးပွဲမှာ အနိုင်ရရှိသူကို ရှုံးနိမ့်သူက
လက်ဆွဲနှုတ်ဆက်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်ကို ဒီမိုကရေစီနည်းလမ်းကျကျ ကျေနပ်စွာ
လက်ခံပေးခဲ့တာချည်းပါပဲတဲ့။ ဘယ်လောက်ပဲ ပြိုင်ဆိုင်မှု ပြင်းထန်နေ ပါစေ၊
အယူဝါဒခြင်းဆန့်ကျင်ဘက်ဖြစ်နေပါစေ ကိုယ်ခေါင်းဆောင်မလုပ်ရလို့
ကျောင်းသားသမဂ္ဂကို နောက်တခု ထပ် ထူထောင်သူမရှိခဲ့ပါဘူးတဲ့။
ဘာကြောင့်လဲဆိုတော့ “လူ” ကို မလေးစားရင်တောင် “မူ” ကို လေးစားတယ်၊ ဗကသ ရဲ့
သမိုင်းဂုဏ်ရောင်ကို တန်ဖိုးထားတဲ့အတွက် သမိုင်းတလျှောက်မှာ
ကျောင်းသားသမဂ္ဂနှစ်ခု စင်ပြိုင်ထောင်တဲ့ဖြစ်စဉ်မျိုးဘယ်တုန်းကမှမရှိခဲ့ကြောင်းတကယ်ကို လေးလေးနက်နက် ပြောသွားခဲ့ပါတယ်။ ဒီစကားဟာ အလွန်ပဲ
တန်ဖိုးရှိတဲ့ စကားဖြစ်ပြီး၊ ကျနော်တို့ မျိုးဆက်ကျောင်းသား သမဂ္ဂရဲဘော်တွေ
စဉ်းစားဆင်ခြင်သင့်ကြတဲ့ စကားပါ။
ဒီ ဗကသ ရဲ့သမိုင်းတန်ဖိုးကို လေးစားတန်ဖိုးထားလို့ ပြည်တွင်းက
ကျနော်တို့ရဲ့ ကျောင်းသားရဲဘော်တွေ ဘယ်လိုအ ခက်အခဲကြားက ဆက်လက်သယ်ဆောင်
ချီတက်နေကြရတယ်ဆိုတာကို ကျနော်နဲ့ နီးစပ်တဲ့ ရန်ကုန်တောင်ပိုင်းခရိုင်
ကျောင်းသားများသမဂ္ဂ (ရတကသ) က ကျောင်းသားရဲဘော်တွေရဲ့ အဖြစ်အပျက်အချို့ကို
ကျနော် ထုတ်နှုတ်တင်ပြ ပါ့မယ်။ ဗကသ နဲ့ ပတ်သက်ပြီး ၀ိဝါဒကွဲပြားနေသူများ၊
အယူအဆမတူသူများ ဒီစာကိုဖတ်ပြီး တွေးတောဆင်ခြင်နိုင်ကြဖို့ပါ။
ကျနော်က ရန်ကုန်မြို့ရဲ့ တဖက်ကမ်းက ရန်ကုန်အရှေ့
ပိုင်းတက္ကသိုလ်တည်ရှိတဲ့ သန်လျင်မြို့လေးမှာ နေထိုင်ပါတယ်။
တက္ကသိုလ်ဝင်တန်းကို ၂၀၀၀ ခုနှစ်မှာ အောင်မြင်ပြီး ၂၀၀၂ ခုနှစ်မှာ
ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ရုက္ခဗေဒအထူးပြုနဲ့ ပထမနှစ်စတက်ဖြစ်ပါတယ်။
အဲဒီအချိန်ကတည်းက ၂၀၀၃ ဗကသ မျိုးဆက်တွေဖြစ်တဲ့ ကိုလွင်ကိုလတ် တို့
ကိုနန္ဒာစစ် အောင် တို့နဲ့ စတင်ရင်းနှီးပြီး လက်တွဲဖြစ်ခဲ့ပါတယ်။
စစ်အစိုးရရဲ့လမ်းပြမြေပုံ (၇) ချက်ကို ဆန့်ကျင်တယ်ဆိုတဲ့ အ
ကြောင်းပြချက်နဲ့ ကိုလွင်ကိုလတ် တို့ ကိုနန္ဒာစစ်အောင်တို့ကို
ဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့တဲ့အတွက် အ ရှေ့ပိုင်း တက္ကသိုလ်က
ကျနော်တို့အဖွဲ့လေးလဲ ၀ါးအစည်းပြေသလို တကွဲတပြား ဖြစ်ခဲ့ကြပါတယ်။
ဒီတုန်းက ကျနော့် အသက် ၁၈ နှစ် မပြည့်သေးပါဘူး။ ရပ်ကွက်ရုံးက
မိဘတွေကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းတာ၊ ဌာနက ပါမောက္ခဆီမှာ
ဝန်ခံလက်မှတ်ထိုးခဲ့ရတာ၊ စစ်ထောက်လှမ်းရေးတွေရဲ့ ခြိမ်းခြောက်သလိုလို၊
စေတနာနဲ့ သတိပေးသ လိုလို ပြောဆိုခံခဲ့ရတာတွေကို
အရွယ်နဲ့မမျှအောင်ခံခဲ့ရတာပါ။
ဒါပေမယ့် ကျနော်နဲ့ တမြို့ထဲသားခြင်းလဲဖြစ်၊ ကျနော့်
လက်ဦးဆရာလိုလဲဖြစ်တဲ့ ကိုလွင်ကိုလတ် တို့ ကိုယ်ပိုင်ဘ၀နဲ့ ရင်းပြသွားခဲ့တဲ့
ယုံကြည်မှုတန်ဖိုးဟာ ကျနော့်ရင်ထဲမှာ စွဲသွားပြီဖြစ်တဲ့အတွက်
ကျနော့်လမ်းကြောင်းဟာ မသွေဖယ်ခဲ့ ပါဘူး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလဲ
ခေါင်းဆောင်ဟောင်းတချို့ရဲ့အမြော်အမြင်ကြီးမှုကြောင့် ဗကသ ရဲ့ Second Line
အဖြစ် ကန့်လန့်ကာနောက်ကွယ်ကသာ လှုပ်ရှားခဲ့တဲ့အတွက် တခြားရဲဘော်များထက်စာရင်
ကျနော် ကံကောင်းခဲ့ပါတယ်။၂၀၀၈ ခုနှစ် နာဂစ်အပြီးမှာလဲ
ကျနော့်ရဲ့ကံတရားကြောင့် ကျနော် ထပ်မံကံကောင်းခဲ့ပါသေးတယ်။
ဒီလိုကံကောင်းမှုတွေကြောင့် အပြင်လောကမှာ နေထိုင်ခွင့်ရခဲ့ပေမယ့် ကျနော်
အလကားမနေခဲ့ပါဘူး။ ကျနော့်ရဲ့ရဲဘော်ရဲဘက်တွေအကျဉ်းထောင်အသီးသီးက
ပြန်လည်လွတ်မြောက်လာချိန်မှာ ဗကသ ကို အဆင်သင့် ဦးဆောင်လှုပ် ရှားလို့ရအောင်
အင်အားစုတခုကို စုစည်းနေခဲ့ပါတယ်။ ယခုတိုင်း နိုင်ငံအနှံ့မှာ
ခရိုင်ကျောင်းသားသမဂ္ဂ အသီးသီး ပေါ် ပေါက်လာခဲ့ချိန်မှာတော့ ကျနော်အချိန်ယူ
တည်ဆောက်ခဲ့ရတဲ့ အင်အားစုလေးဟာ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်း
သားများသမဂ္ဂ (ရတကသ) အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ဒါတွေကတော့ရတကသနဲ့ကျနော်ရဲ့ကြားက နောက်ခံသမိုင်းကြောင်းပဲ ဖြစ်ပါ
တယ်။
ကျနော်ဟာ ဗကသ ရဲ့လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရင်း တပြိုင်နက်ထဲမှာပဲ
တောင်ပိုင်းခရိုင် ဗကသ ရဲဘော်များနဲ့ အတူ ရတကသ ကျောင်းသားရဲဘော်များ
အရည်အသွေး မြင့်မားတိုးတက်လာအောင်ရယ်၊ ကျနော့် မွေးရပ်မြို့လေးက
ပြည်သူလူထုကို တတ်နိုင်တဲ့ဘက်က အလုပ်အကျွေးပြုချင်တာရယ်ကြောင့်
သန်လျင်မြို့မှာ (ရတကသ)ရဲ့ ရုံးခန်းတဖြစ် လဲ “အိုးဝေ” စာဖတ်ခန်းလေးတခုနဲ့
တက္ကသိုလ်ဝင်တန်း ပညာဒါန စာသင်ဝိုင်းတခုကို တည်ထောင်ဖြစ်ခဲ့ပါတယ်။
သန်လျင် မြို့မဈေးနားမှာ တလငွေခြောက်သောင်းနဲ့ ဆိုင်ခန်းတခန်း
ငှားခဲ့ပါတယ်။ ရတကသ ရဲဘော်များနဲ့ အခြားအ လှူရှင်များထံက စာအုပ်စာတမ်းများ
လိုက်လံအလှူခံပြီး အဲဒီဆိုင်ခန်းမှာပဲ “အိုးဝေ” စာကြည့်တိုက်နဲ့
တက္ကသိုလ်ဝင်တန်း ပညာဒါနတန်းခွဲတခုကို စတင်ခဲ့ပါတယ်။
ဆိုင်ခန်းခခြောက်သောင်းနဲ့ပညာဒါနကျောင်းရဲ့ကုန်ကျစရိတ်များကိုတော့
တောင်ပိုင်းခရိုင်ကျောင်းသားသ
မဂ္ဂမှ ကျောင်းသားများက တဦးလျှင်တလနှစ်ထောင်
(၂၀၀၀) နှုန်းဖြင့် လစဉ်ကြေးထည့် ၀င်ကြပါတယ်။
အဲဒီတောင်ပိုင်းခရိုင်ရဲ့ “အိုးဝေ” စာကြည့်တိုက် မှာ ကျနော်ရယ်၊
ကျနော်တို့ ပညာဒါနကျောင်းက ကျောင်းသားလေးတ ယောက်ရယ်၊ ၀ါးခယ်မမြို့နယ်က
သန်လျင်သမ၀ါယမကောလိပ်မှာ ကျောင်းလာတက်နေတဲ့ ကိုကိုမောင် ဆိုတဲ့ ကျောင်း
သားရယ်၊ နောက်ဆုံးတခေါက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ မုံရွာက
ဗိုလ်ပီ (အောင်လှိုင်မင်း) ဆိုတဲ့ ကျောင်း သားရယ် နေကြပါတယ်။
နေ့စဉ်ပညာဒါနကျောင်းနဲ့ စာကြည့်တိုက်လုပ်ငန်းများလုပ်ရန်အတွက်
အဲဒီမှာပဲနေပြီး၊ အဲဒီမှာ ပဲ ချက်ပြုတ်စားကြပါတယ်။ ဆန်ကိုတပြည်ချင်းစီ
ကျွတ်ကျွတ်အိတ်နဲ့ ၀ယ်စားပြီး ကျနော်တို့ရဲ့နေ့စဉ် ဟင်းလျာကတော့
ကြက်သွန်နီနဲ့ ငရုတ်သီးသုတ်ထားတဲ့ ဟင်းပါ။
တရက် ကျနော်နဲ့ ဗိုလ်ပီ အပြင်ကပြန်လာရင်း ကျနော်တို့
အခန်းရဲ့မျက်စောင်းထိုး အိမ်ရှေ့က မြက်ခင်းထဲမှာ မြင်းခွာ ရွက်တွေ အလေ့ကျ
ပေါက်နေတာကိုသွားတွေ့ပါတယ်။ အဲဒီအခါမှာ ဗိုလ်ပီက “ကိုမင်းသွေးရေ…
ဒီနေ့ညနေစာမှာ ဟင်း ချိုတမျိုးတော့ တိုးပြီဗျ” လို့ ပြောပါတယ်။
အဲဒီနေ့ကစလို့ ဗိုလ်ပီဟာ ညနေဘက်တွေမှာ အဲဒီမြက်ခင်းက မြင်းခွာရွက်တွေ ကို
သွားခူးလေ့ရှိပါတယ်။
တညနေမှာတော့ ဗိုလ်ပီ မြင်းခွာရွက်နှုတ်နေတုန်း အဲဒီအိမ်က
အဘွားကြီးတယောက်ထွက်လာပြီး “သားရယ် အဲဒီမြက် ခင်း ပေါ်ကဟာတွေတော့ မစားပါနဲ့
အဘွားအိမ်ထဲမှာ စိုက်ထားတာရှိတယ် လိုချင်တဲ့အချိန် လာယူပါ” လို့ လာပြောပါ
တော့တယ်။ အဲဒီလိုပြောပြီးနောက်တနေ့မှာ သူ့ အိမ်ရှေ့က မြက်ခင်းကိုရှင်းထားတာ
တွေ့ရပါတယ်။
ကျနော် နားလည်ပါတယ်။ ကျနော်တို့ကို လမ်းဘေးမြက်ခင်းပေါ်ကမြင်းခွာရွက်တွေ
မစားစေချင်တဲ့ စေတနာပါ။ ဗိုလ်ပီ ကတော့ ခပ်ပြုံးပြုံးနဲ့ “ကျနော်တို့
အခင်းလေးပျက်သွားပြီဗျ” လို့ ပြောပါတယ်။ ကျနော်တို့အခန်းရဲ့ နောက်မှာ
ပိန်းပင် တွေနဲ့ မြက်ပင်တွေ ရောနှောပေါက်နေတဲ့ ပိန်းတောကြီး ရှိပါတယ်။
အဲဒီအထဲမှာ ကန်စွန်းရွက်တွေ ဟိုနားတစု ဒီနားတစု ပေါက်နေပါတယ်။
အိမ်ရှေ့အခင်းလေး အဖျက်ခံလိုက်ရတဲ့ ဗိုလ်ပီနဲ့၊ ကျနော်နဲ့အတူနေတဲ့ ပညာဒါနက
ကျောင်းသား လေးက အဲဒီကန်စွန်းရွက်တွေကိုမျက်စိကျလာပါတော့တယ်။
နေ့တိုင်းဆင်းဆင်းခူးနေတာ တွေ့နေရတဲ့ ဘေးအခန်းက လူတွေက တရက် ဗိုလ်ပီတို့
ဆင်းခူးနေတုန်း နင်တို့ အဲဒါဘာလုပ်ဖို့ခူးခူးနေတာလဲလို့ လှမ်းမေးပါတယ်။
ဗိုလ်ပီ ပြန်ဖြေ တာရှင်းပါတယ်။ “အဆိပ်ဖြေတယ်ဆိုလို့ စားဖို့ပါ´တဲ့။
တညနေ ကျနော်တို့အဖွဲ့ နိုင်ငံရေးပွဲတခုရှိလို့ ရန်ကုန်မြို့ထဲကို
သွားပါတယ်။ အဲဒီပွဲကအပြန်မှာ နောက်ကျလို့ ညဆယ်နာ ရီကျမှ ထမင်းစချက်ကြရတယ်။
ဆီကုန်နေတာတွေ့လို့ ဟင်းအတွက် အရှေ့ကဈေးဆိုင်မှာ ကြက်ဥသွားဝယ်တဲ့
ကိုကိုမောင့် ကို ကျနော်က သူ့မှာပိုက်ဆံရှိသေးရင် ဆီပါဝယ်ခဲ့ဖို့ အခန်းရှေ့ကနေ လှမ်းအော်လိုက်ပါတယ်။ သူက ငွေမ ရှိတော့ကြောင်း ပြောပါတယ်။ ကျနော်တို့ အပြန်အလှန် ပြောနေသံကိုကြားတဲ့ ဆိုင်ရှင်က ကြက်ဥတခါကြော်စာဆီကို သူ့ဆိုင်ကနေပဲ ပေးလိုက်ပါတယ်။
ကိုကိုမောင့် ကို ကျနော်က သူ့မှာပိုက်ဆံရှိသေးရင် ဆီပါဝယ်ခဲ့ဖို့ အခန်းရှေ့ကနေ လှမ်းအော်လိုက်ပါတယ်။ သူက ငွေမ ရှိတော့ကြောင်း ပြောပါတယ်။ ကျနော်တို့ အပြန်အလှန် ပြောနေသံကိုကြားတဲ့ ဆိုင်ရှင်က ကြက်ဥတခါကြော်စာဆီကို သူ့ဆိုင်ကနေပဲ ပေးလိုက်ပါတယ်။
နောက်အဖြစ်အပျက် တခုကတော့ ကျနော်တို့ တပြည်ချင်းဝယ်စားနေကျ
ဆန်ကုန်သွားလို့ ဗိုလ်ပီနဲ့ ရာပြည့်ဆိုတဲ့ ကျောင်းသားတယောက်နဲ့
ဆန်သွားဝယ်ပါတယ်။ ဆန်ဆိုင်ရောက်တဲ့အခါမှာ တပြည်ခြောက်ရာတန်
ဆန်ရှိလားလို့မေး တော့ ဆိုင်ရှင်က ရှစ်ရာတန်ဆန်ရှိတယ်
ယူမလားလို့ပြန်မေးပါတယ်။ အဲဒါနဲ့ ကျနော်တို့ရဲ့ ရဲဘော်နှစ်ယောက်က ခြောက်
ရာတန်ပဲယူမယ့်အကြောင်း ပြောလိုက်ပါတယ်။ အဲဒီမှာ
ဆိုင်ရှင်ပြန်ပြောလိုက်တဲ့စကားကြောင့် ကျနော်တို့ ရဲဘော်နှစ် ယောက်
အောင့်သက်သက်နဲ့ ပြန်လာခဲ့ရပါတယ်။
ဆိုင်ရှင်ပြန်ပြောတာက`သြော်…ငှက်ကျွေးဖို့လားတဲ့´…။ အဲဒီအ ကြောင်း (ရတကသ) က
တခြားကျောင်းသားတွေကို ဟာသအဖြစ် ပြန်ပြောပြတော့ သူတို့ရယ်ကြပါတယ်။
ဒါပေမယ့် နောက်နေ့တွေမှာ `အိုးဝေ´ စာကြည့်တိုက်ကိုလာတဲ့အခါ သူတို့လက်ထဲမှာ
ကိုယ်စီကိုယ်စီ ပါလာတဲ့ဆန်ထုပ်လေးတွေ ယူလာပေးကြပါတယ်။
ဒီအဖြစ်အပျက်တွေဟာ ကျနော် ပြည်သူ့မေတ္တာ ခံယူရရှိအောင် တမင်တကာ
ဇာတ်နာအောင်ရေးပြနေတာ မဟုတ်ပါ ဘူး။ ဘုရားပေးပေး၊ ကျမ်းပေးပေး ကျနော်
သစ္စာဆိုရဲပါတယ်။ ကျနော်နဲ့အတူနေနေတဲ့ ကျောင်းသားရဲဘော်တွေ သက် သေရှိပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင်က ဗကသ တွေ သက်သေရှိပါတယ်။ ကျနော်တို့
တယောက်ချင်းစီဟာ ကိုယ့် အိမ်မှာ ကိုယ့်မိဘတွေနဲ့ အတူတူနေမယ်ဆိုရင်
ကောင်းကောင်းနေ၊ ကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်နိုင်ပါ တယ်။
မုန့်ဖိုးဆိုလည်း ကိုယ်တယောက်စာအတွက်ကတော့ ဘယ်မှမသွား၊ ဘာအလုပ်မှမလုပ်ရင်
လောက်ငရုံမက ပိုလျှံ ပါတယ်။ ဒါပေမယ့် ဘာကြောင့် အခုလိုဒုက္ခခံပြီး
ဒီအလုပ်တွေကို လုပ်နေရပါသလဲ…။ အဖြေကတော့ ရှင်းရှင်းလေးပါ။ ကျနော်တို့
နိုင်ငံအတွက် ကျနော်တို့ ပြည်သူတွေအတွက် တာဝန်ကျေချင်လို့ပါ။ ဗကသ ဆိုတဲ့
သမိုင်းကြီးခဲ့တဲ့ ကျောင်း သား အဖွဲ့အစည်းကြီး အခုထက်ပိုပြီး
စည်ပင်ကြီးထွားစေချင်လို့ပါ။ ဗကသ ကို ချစ်လို့ပါ။ ယုံကြည်လို့ပါ။
ဆရာဗန်းမော် တင်အောင်ရဲ့ပြောစကားအရပြောရရင် ခောတ်က
ကျနော်တို့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ကြေပွန်ချင် လို့ပါ။
ကျနော်တို့လိုပဲ တခြားခရိုင်တွေကဗကသရဲ့ ကျောင်းသားရဲဘော်တွေလည်း
ခောတ်နောက်ပြန်ချင်နေတဲ့ အာဏာပိုင် တချို့ရဲ့ ဖိအားပေး
ခြိမ်းခြောက်ခေါ်ယူမေးမြန်းမှုတွေကို ရင်ဆိုင်ပြီး အခုလိုဒုက္ခတွေတဖက်နဲ့ ဗကသ
အဖွဲ့ချုပ်ကြီး ရေ ရည်တည်တံ့အောင်၊ နိုင်ငံအနှံ့ ပေါ်ထွန်းလာအောင်
ကြိုးစားနေကြတာပါ။ ဆက်လက်ပြီးလည်း ကြိုးစားရပ်တည်နေကြ ဦးမှာပါ။
ကျနော်တို့ရဲ့သမိုင်းကို အရိုင်းမခံပါဘူး။ ကျနော်တို့ရဲ့
မိဘပြည်သူတွေကိုလည်း ဘယ်သူမှ နှိပ်စက်တာ မခံစေ ရပါဘူး။ ဒါ ကျနော်တို့ရဲ့
စိတ်ဓာတ်နဲ့ စေတနာပါ။ ကျနော်တို့ ဗကသ တွေရဲ့သစ္စာပါ။
ဒီလောက်ရေးပြရရင် ကျနော်ဘာကို ဆိုလိုတယ်ဆိုတာကို စာဖတ်သူတိုင်း
သဘောပေါက်မှာပါ။ ကျနော်ရဲ့စာဟာ ကျနော်တို့ ကျောင်းသားထု
ပြန်လည်ညီညွတ်ရေးအတွက်ရော ဗကသ များ အဖွဲ့ချုပ် ရေရှည်တည်တံ့ရေးအတွက်ပါ
အုတ်တချပ်၊ သဲတပွင့် ဖြစ်ခဲ့ရင် ကျနော် ဒီစာကိုရေးရကျိုးနပ်ပါပြီ။
ကျနော်တို့အကွဲကို ချောင်းနေတဲ့ ကျားတွေ ရှိတယ်ဆိုတာကို ဘယ်တော့မှ
မမေ့ပါနဲ့။ ကျနော်ရဲ့ စာကို ဗုဒ္ဓ္ဓဟောကြား ခဲ့တဲ့ အဆုံးအမလေးတခုနဲ့
အဆုံးသတ်ပါ့မယ်။ “သူတပါး၏ များစွာသော အကျိုးစီးပွားအတွက်ကြောင့် မိမိ၏
အကျိုးစီး ပွားကို အနည်းငယ်မျှ မဆုတ်ယုတ်စေရာ၊ မိမိအကျိုးစီးပွားကိုသိ၍၊
မိမိအကျိုးစီးပွားကို တိုးပွားအောင် လေ့ကျင့်အား ထုတ်ရာ၏”
အတ္တဒတ္ထတ္ထေရ၀တ္ထုကျောင်းသားရဲဘော်များအားလုံး ဗကသရဲ့ အကျိုးစီးပွားကို တိုးပွားအောင် အားထုတ်နိုင်ကြပါစေ…
မင်းသွေးသစ်naytthit.net
No comments:
Post a Comment