Monday, June 11, 2012

အကြမ်းဖက်မှု့ခံခဲ့ရသည့် ဒုက္ခသည်များကိုထိရောက်သော အကူအညီများ ပေးနိုင်ရန် ဆွေးနွေးနေ

Ever November | 6/11/2012 08:04:00 PM | Best Blogger Tips
ယနေ့(ဇွန်၁၁)မွန်းလွဲတစ်နာရီခွဲတွင် ရွှေတိဂုံဘုရားအနောက်ဘက်မုဒ်၊ရခိုင်တန်ဆောင်းတွင် ရောက်ရှိ
စုဝေးနေသော လူ၂၀၀ကျော်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု့များကို ကန့်ကွက်ဆန္ဒပြခြင်းထက်ပိုထိရောက်မည့်အကြမ်းဖက်မှု့ခံခဲ့ရသည့်ဒုက္ခသည်များကိုထိရောက်သော
အကူအညီများ ပေးနိုင်ရန် ဆွေးနွေးတိုင် ပင်လျှက်ရှိကြကြောင်း ထိုနေရာတွင်ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ယခင်ရက်များကကဲ့သို့ ဆန္ဒပြ လှည့်လည်ခြင်းများသည် မလိုလားအပ်သော ပြသနာများ ထပ်မံပေါ်ပေါက်နိုင်သည့်အတွက် ဒုက္ခသည်များကို မည်သို့ထိရောက်အောင်ကူညီနိုင်မည်ကို နည်းလမ်းရှာဖွေကြရန် ပါဝင်သော သံဃာတော်များနှင့် အချို့လူပုဂ္ဂိုလ်များက ဦးဆောင် ဆွေးနွေးနေကြသည်ဟု သတင်းထောက်ကသတင်းပေးပို့သည်။
7Day News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1