Monday, June 25, 2012

ဦးမြတ်ခိုင်အား အာမခံပေးလိုက်ပြီ

Ever November | 6/25/2012 07:45:00 PM | Best Blogger Tips

လျှပ်တပြတ်ဂျာနယ်အယ်ဒီတာချုပ်ဦးမြတ်ခိုင်အားပုဇွန်တောင်မြို့နယ်တရားသူကြီးမှအာမခံပေးလိုက်
ကြောင်း သိရသည်။

လျှပ်တပြတ်ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား လျှပ်တပြတ်ဂျာနယ်တွင် ဖော်ပြပါရှိသည့် သတင်းနှင့်သတင်းဓာတ်ပုံ အချို့နှင့်ပတ်သက်၍ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)(ဂ) တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ယင်းပုဒ်မသည်အာမခံပေး၍မရသောပုဒ်မဖြစ်သော်လည်း၊ သေဒဏ်/ကျွန်းဒဏ်ထိုက်သင့်သောပြစ်မှုမ
ဟုတ်သဖြင့်လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ(၄၉၇)အရ အကယ်၍ သေဒဏ်/ကျွန်းဒဏ် ထိုက်ခဲ့လျှင်သော်မှ အသက်(၁၈)နှစ်အောက်အရွယ်ဖြစ်လျှင်သော်လည်းကောင်း၊ သက်ကြီးရွယ်အိုဖြစ်လျှင်သော်လည်းကောင်း၊ နာမကျန်းသူဖြစ်လျှင်သော်လည်းကောင်း အာမခံပေးခွင့်ရှိကြောင်းသိရသည်။

ယခုပုဒ်မနှင့်စပ်ဆိုင်သော ပြစ်ဒဏ်သည် ထောင်ဒဏ်(၂)နှစ်အထိသာရှိပြီး၊ ဦးမြတ်ခိုင်မှာလည်း အသက်(၅၇)နှစ်အရွယ်ရှိသူဖြစ်ကာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ အစရှိသည့်တို့ဖြစ်ပွားနေသူလည်းဖြစ်သလို ခိုင်လုံသော အထောက်အထားများလည်းတင်ပြနိုင်သဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ(၄၉၇) ချွင်းချက်အရ ပုဇွန်တောင်မြို့နယ်တရားသူကြီး ဒေါ်နိုင်နိုင်အောင်က အာမခံပေးလိုက်ခြင်းဖြစ်ကြောင်း ဦးမြတ်ခိုင်၏ ဥပဒေအကြံပေး ဦးသိန်းသန်းဦးကပြောသည်။

ဦးမြတ်ခိုင်အားအလင်္ကာဝတ်ရည်ဦးမောင်မောင်အေးနှင့်စာရေးဆရာ မောင်ဆွေသက်တို့ကအာမခံပေး
ခဲ့ခြင်းဖြစ်သည်။ ဒေါက်တာချစ်စံဝင်းကမူလိုအပ်ပါကအာမခံပေးနိုင်ရန် ရောက်ရှိနေခြင်းဖြစ်ကြောင်းသိ
ရသည်။ဦးမြတ်ခိုင်ဖက်မှအမျိုးသားဒီမိုကရေစီပါတီသစ်လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ရှေ့နေ
လိုက်ပေးခြင်းဖြစ်သည်။

ဦးမြတ်ခိုင်အား MJA, MJN, MJU အစရှိသည့် သတင်းစာဆရာအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ပြည်တွင်း/ပြည်ပ သတင်းထောက်များ လာရောက်အားပေးခဲ့သည်။

အမှုအားဆက်လက်ကြားနာရန် ဇွန်လ ၂၉ ရက် သို့ ချိန်းဆိုလိုက်ကြောင်းသိရသည်။
Popular Myanmar News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1