Monday, June 25, 2012

ဧရာဝတီမြစ်တွင် မြစ်ကြီးနားမြို့နှင့် ချင်းတွင်းမြစ်တွင် ခန္တီးမြို့တို့၌ စိုးရိမ်ရေမှတ်ဝန်းကျင်သို့ စတင်ရောက်ရှိ

Ever November | 6/25/2012 07:38:00 PM | Best Blogger Tips
ဧရာဝတီမြစ်တွင် မြစ်ကြီးနားမြို့နှင့် ချင်းတွင်းမြစ်တွင် ခန္တီးမြို့တို့၌ စိုးရိမ်ရေမှတ်ဝန်းကျင်သို့ စတင်ရောက်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။

၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက် နေ့ နံနက် ၁၁ နာရီအချိန် ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၁၁၁၂ စင်တီမီတာသို့ ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။
ထို့အတူ ချင်းတွင်းမြစ်ရေသည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ထုတ်ပြန်ချက်အရ ခန္တီးမြို့တွင် ၁၂၀၃ စင်တီ မီတာသို့ ရောက်ရှိနေကာ လာမည့် ၄၈ နာရီအတွင်း အဆိုပါမြို့၏ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။
ယင်းသို့ စိုးရိမ်ရေမှတ်ဝန်းကျင်သို့ ရောက်ရှိသောဖြစ်စဉ်သည် ၂၀၁၂ ခုနှစ် မိုးရာသီ ပထမရေကြီး မှုကာလအတွင်း စတင်ဖြစ်ပေါ်လာ ခြင်းဖြစ်ကြောင်း၊ မြစ်ကြီးများဖြစ် သော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ်ဝန်းကျင်သို့ ရောက်ရှိခြင်းကို ယခင်က ဇူလိုင်လ၀န်းကျင်သို့ ရောက်ရှိမှ ကြုံတွေ့ရခြင်းဖြစ်သော်လည်း ယခုနှစ်တွင် မိုးဦးကာလ၌ စတင်တွေ့ကြုံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ၆၅၉ စင်တီမီတာရှိခဲ့ပြီး ၂၄ နာရီအတွင်း ၂၇၉ စင်တီမီတာ (ကိုးပေခန့်) မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ဇွန်လ ၄ ရက်နေ့တွင် ၅၂၇ စင်တီမီတာသို့ ရောက်ရှိပြီး ၂၄ နာရီအတွင်း ၃၀၁ စင်တီမီတာ(၁၀ ပေခန့်) မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
''ဧရာဝတီမြစ်ရေက မြစ်ကြီးနားမှာ မနက်ပိုင်းတုန်းက ၁၀၉၀ စင်တီမီတာ၊ နေ့လယ်ပိုင်းတုန်းက ၁၁၁၉ စင်တီမီတာရောက်နေတယ်။ ခန္တီးမှာတော့ မနက်ပိုင်းမှာ ၁၁၉၉ စင်တီမီတာ၊ နေ့လယ်ပိုင်းမှာ ၁၂၀၃ စင်တီမီတာမှာရှိနေပါတယ်''ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ပြောကြားသည်။
မြန်မာနိုင်ငံ၏ မိုးရာသီကာလတွင် ဇွန်လကို မိုးဦးကာလ၊ ဇူလိုင်နှင့် သြဂုတ်လများကို မိုးလယ်ကာလ၊ စက်တင်ဘာလကို မိုးနှောင်းကာလဟု ပိုင်းခြားသတ်မှတ်နိုင်ပြီး အများအားဖြင့် မြစ်ရေကြီးမှုများကို နှစ်စဉ်ကြုံရသည်မှာ မိုးလယ်ကာလနှင့် မိုးနှောင်းကာလတို့ ဖြစ်ကြသည်။
ယခုနှစ်များအတွင်း မြစ်ကြီးများထက် မြစ်ငယ်များတွင် မြစ်ရေများ စိုးရိမ်ရေမှတ်ရောက်ရှိခြင်းကို ပိုမိုကြုံတွေ့ခဲ့ရပြီး သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ် စသည်တို့မှာ နှစ်စဉ်လိုပင် ရေကြီးမှုကို ကြုံတွေ့ရသော မြစ်များဖြစ်ကြသည်ဟု သိရှိရသည်။
ဧရာဝတီမြစ်တွင် မြစ်တစ်လျှောက်ရှိ မြို့နယ်အများစု၌ မြစ်ရေကြီးမှု ဖြစ်ပေါ်၍ ပျက်စီးဆုံးရှုံးမှုများပြားခြင်းကို ၂၀၀၄ ခုနှစ်က ကြုံတွေ့ခဲ့ရသည်။
မြို့အချို့၏ လက်ရှိရေအမှတ်များနှင့် စိုးရိမ်ရေမှတ်(ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီခွဲ)
မြစ်အမည် မြို့အမည် လက်ရှိရေအမှတ်
(စင်တီမီတာ)
စိုးရိမ်ရေမှတ်
(စင်တီမီတာ)
ဧရာဝတီ မြစ်ကြီးနား ၁၀၉၀ ၁၂၀၀

ဗန်းမော် ၉၇၈ ၁၁၅၀

ကသာ ၈၄၀ ၁၀၄၀

မန္တလေး ၈၇၇ ၁၂၆၀

စစ်ကိုင်း ၇၅၇ ၁၁၅၀
ချင်းတွင်း ခန္တီး ၁၁၉၉ ၁၃၆၀

ဟုမ္မလင်း ၂၈၀၂ ၂၉၀၀

မုံရွာ ၅၁၀ ၁၀၀၀
EMG 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1