Monday, June 4, 2012

မြန်မာနိုင်ငံ၌ ဆွစ်ဇာလန်သံရုံး ဖွင့်လှစ်ရန် စီစဉ်နေ

Ever November | 6/04/2012 10:39:00 PM | Best Blogger Tips
ဆွစ်ဇာလန်နိုင်ငံ အစိုးရသည် လာမည့်နွေရာသီတွင် မြန်မာနိုင်ငံ၌ သံရုံး လာရောက်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့သည်။

အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာ ကောင်းမွန်မှုနှင့် ကမ္ဘာလှည့်ခရီးသွားများ ဦးတည်ရာ နေရာတစ်ခုဖြစ်လာ နိုင်ခြေရှိမှုတို့ကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

''ဒီမိုကရေစီ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံအကြားတွင် တည်ရှိနေသောကြောင့် ပထ၀ီနိုင်ငံရေး အနေအထားအရ အရေးပါမှု တိုးပွားလာနေကြောင်း၊ မြန်မာနိုင်ငံတွင် ထည့်သွင်းစဉ်းစားလောက်စရာ သဘာဝရင်းမြစ်များကြွယ်ဝသည့် အပြင် စီးပွားရေးအောင်မြင်အောင် ဖော်ဆောင်လိုသည့် အမြင်ရှိနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ်နောက်ပိုင်းအချိန်က အရှေ့တောင်အာရှတွင် အချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့ကြောင်း၊ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်းတွင် လည်း အာရှ၏ ထိပ်တန်း ဆန်ထုတ်လုပ်မှုနှင့် ဆန်တင်ပို့မှုအများဆုံး နိုင်ငံဖြစ်ခဲ့ကြောင်း၊ ထို့အပြင် ခရီးသွားလုပ်ငန်းကလည်း အထူးဖွံ့ဖြိုးလာဖွယ်ရှိနေကြောင်း'' ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1