Monday, June 25, 2012

၂၁.၆.၂၀၁၂ မှ ၂၇.၆.၂၀၁၂ ရက်နေ့ထိ ၇ရက်သားသမီးများအတွက်ဟောစာတမ်း

Ever November | 6/25/2012 07:57:00 PM | Best Blogger Tips
တနင်္ဂနွေ
        အတွေးများနေမည်။ အတွေးခေါင်ပြီးပူပင်မှုတွေရှိနေမည်။ ကွက်ကျော်မြင်အကဲခတ်သော်လည်း ကိုယ့်စိတ်ကိုမပိုင်သလိုဖြစ်နေမည်။ရည်ရွယ်ချက်များနေမည်။တခုပြီးမှတခုလုပ်ပါအောင်မြင်မည်။ဆုံးဖြတ်
ချက်မြန်နေမည်။ဒေါသထွက်စရာများပေါ်ပေါက်မည်။
လုပ်ငန်းမှာစိတ်ရှုပ်ရမည်။အဆောက်အဦးအိမ်ခြံမြေတို့အပြောင်းအလဲဝင်ထွက်ရှိမည်။ ပြင်ဆင်ဆောက်
လုပ်မှုများရှိမည်။ ရည်းစားသစ် ၊ ချစ်သူသစ်တို့တွေ့မည်။ မမျှော်လင့်သော ခရီးတခုထွက်ရမည်။ ရုတ်တရက်ခိုက်မိမှုအနည်းအကျဉ်းရှိမည်။
အကျိုးပေးဂဏန်း - ၀၊ ၅ ၊ ၃။
အထူးဟော - အဆင်ပြေမည်။
ယတြာ - တနင်္ဂနွေနံနက်တွင် အရှေ့မြောက်ထောင်းအရပ်၌ ငါးသက်စေ့လွှတ်ပါ။
တနင်္လာ
          ကြိုတင်ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဖြစ်မည်။ သူတစ်ပါး၏ အကြံဥာဏ် ရယူမှုမရှိပဲ ကိုယ်တိုင်ရည်ရွယ်ချက်ဖြင့်ကိုယ်ထူးကိုယ်ချွန်ပြုလုပ်သင့်သည်။စွန့်စားမှုများပြုလုပ်ဖြစ်မည်။စမ်းသပ်တီ
ထွင်မှုများပြုလုပ်ဖြစ်မည်။မရောက်ဖူးသောခရီးတို့ရောက်ဖြစ်မည်။ကိုယ်ပိုင်လုပ်ငန်းရှယ်ယာလုပ်ငန်းလုပ်
လျှင်အကျိုးပေးမည်။ဝန်ထမ်းလုပ်ငန်းတို့ရာထူးတက်မည်။ လစာတိုးမည်။အိမ်(သို့မဟုတ်)မြေ၀င်မည်။စက်ပစ္စည်းအ၀င်အထွက်မြင်သည်။ပစ္စည်းပျောက်ကိန်းရှိသည်။
အိမ်ထောင်ကျကိန်းရှိသည်။   ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရတတ်သည်။  
အကျိုးပေးဂဏန်း - ၂၊ ၄ ၊ ၆။
အထူးဟော - ကံကောင်းမည်။
ယတြာ- တနင်္လာနေ့နံနက်တွင် အရှေ့အရပ်၌ ငါးသက်စေ့လွှတ်ပါ။
အင်္ဂါ
ငါသိငါတတ်ငါဆရာလုပ်တတ်၏။လုပ်လို့မရသောသူအပေါ်အကောင်းမမြင်တတ်။မိတ်သစ်ဆွေသစ်တွေ့မည်။
မိတ်ဟောင်းနှင့် စိတ်ဝမ်းကွဲမည်။  လွတ်လွတ်လပ်လပ်နေချင်သည်။ ချုပ်ချယ်ဆရာလာလုပ်သူကိုမုန်းတတ်သည်။မရောက်ဖူးသောခရီးရောက်မည်။ မလုပ်ဖူးသောအလုပ်လုပ်ရမည်။လုပ်ငန်းပြောင်းရန်ဆန္ဒရှိသည်။လူယုံမထားရ။ရုတ်တရက်ထိခိုက်ရှနာမြင်
သည်။မမျှော်လင့်ပဲ အိမ်ထောင်ကျတတ်သည်။ ငွေလိမ်ခံရကိန်းရှိ၍ ငွေမချေးသင့်ပါ။ ကျန်းမာရေး ရင်ဘတ်၊ ၀မ်းဗိုက် ဥပါဒ်ပေးတတ်သည်။  
အကျိုးပေးဂဏန်း - ၁၊ ၃ ၊ ၅။
အထူးဟော - ဒေါသ စိတ်တို့လျှော့ထားပါ ။  
ယတြာ - အင်္ဂါနေ့တွင် အရှေ့တောင် အရပ်၌ ရှိသော သံဃာ (၁)ပါးအား ဆွမ်းကပ်ပါ။
ဗုဒ္ဓဟူး
လွတ်လပ်မှုလိုလားသောစိတ် ကိုယ်ထူးကိုယ်ချွန်ကြိုးစားချင်စိတ် ကိုယ့်အကြောင်းတွေ လျှို့ဝှက်စွာ ထားတတ်သော စိတ်များ ရှိနေသည်။ ကြိုးစားလျှင်အောင်မြင်သောကာလဖြစ်သည်။ ကူညီပံ့ပိုးသူတို့ရှိသည်။ ရေချိုးမှား၍ ဖျားတတ်သည်။ သူတစ်ပါး ကို ကတိပေးမလွန်ရ။ ငွေမချေးရ။ ပြန်မရနိုင်ပါ။ စက်ပစ္စည်းများပျောက်တတ်သည်။ ချစ်သူဦးရေ များပြားမည်။ တစ်ယောက်သောသူကစိတ်ဆိုးမည်။လက်ဆောင်အပြန်အလှန်အပေးအယူဖြစ်နေကြမည်။
ပညာရေးအောင်မြင်မည်။အလုပ်ရမည်။ အင်တာဗျူးအောင်မြင်မည်။ ခရီးသွားရမည်။  
အကျိုးပေးဂဏန်း - ၄၊ ၉၊ ၇ ။
အထူးဟော - အပေါင်းအသင်းမှားကိန်းရှိသည်။
ယတြာ- ဗုဒ္ဓဟူးနေ့တွင် တောင်အရပ်၌ လမ်းသန့်ရှင်းရေးလုပ်ပါ။
ကြာသပတေး
          ကံကောင်းသော ကာလဖြစ်သည်။ပြီးခဲ့သောကာလက လုပ်ရပ်များလည်းအောင်မြင်မည်။ ယခုလုပ်နေဆဲ အလုပ်များလည်းအောင်မြင်မည်။ရစရာရှိသောငွေများဝင်မည်။လုပ်ငန်းပြောင်းလဲမှုရှိမည်။တိုးတက်မှုရှိမည်။
ထီပေါက်ကိန်းရှိသည်။  ခြေထောက်ပိုင်းခိုက်မိတတ်သည်။ ပျောက်နေသော ပစ္စည်း ပြန်တွေ့တတ်သည်။ အလိမ်ခံရသောငွေပြန်ရမည်။ အိမ်ထောင်ရှိသောသူတို့ဖောက်ပြန်လိမ့်မည်။ ခရီးဝေးသွားရမည်။ ယာဉ်တို့စက်တို့ အပြောင်းအလဲ အ၀င်အထွက်ဖြစ်မည်။ အကြီးအကဲ၏ အပြစ်တင်ခြင်းခံရမည်။ ချစ်သူ၏ အပြစ်တင်ခြင်းခံရမည်။
အကျိုးပေးဂဏန်း - ၁၊ ၆ ၊ ၉။
အထူးဟော - အောင်မြင်မှုများမည်။
ယတြာ - ကြာသပတေးနေ့၌ တနင်္ဂနွေ နှင့် အင်္ဂါသားသမီးများကို မုန့်ကျွေးပါ။
သောကြာ
          အတွေးများနှင့် တည်ဆောက်မှုရှိနေမည်။ လက်တွေ့အကောင်အထည် ဖော်မှုအားနည်းမည်။ ရည်ရွယ်ချက်များသလောက် စိတ်တိုင်းမကျမှုရှိနေမည်။ သူတစ်ပါးအရှုပ်ကိုယ့်အရှုပ်ဖြစ်မည်။လူခင်ခြင်းစိတ်ဝမ်းကွဲမည်။စက်၊ရွှေ၊မြေအ၀ယ်မှား၊အရောင်းမှားဖြစ်
တတ်သည်။ဝမ်းပျက် ၀မ်းလျှောဖြစ်တတ်သည်။ နေအိမ်တွင် အပူသည် လာမည် လက်မခံရ။ သင် ၏ အိမ်နံပါတ် ၊ ကားနံပါတ်ဖြင့် ထီထိုးပါ ။ ပေါက်မည်။ နေရာ ၂နေရာ ချစ်သူ (၂) ဦးရှိမည်။ အိမ်ထောင်ရှိသော သူများဖောက်ပြန်တတ်သည်။ အိမ်ထောင်ရေး ရန်မြင်သည်။ ရုတ်တရက်ခရီးထွက်ရတတ်သည်။ စပ်တူစီးပွားရေးမလုပ်သင့်ပါ။ လူယုံထားပြီးငွေမချေးရ။ အလိမ်ခံရတတ်သည်။
အကျိုးပေးဂဏန်း- ၆ ၊ ၈ ၊ ၉။
အထူးဟော - အတိုက်အခံတွေကြုံမည်။
ယတြာ - သောကြာနေ့တွင် မြောက်အရပ်၌ ရှိသော သံဃာ (၁) ပါးအား သစ်သီး တစ်မျိုးမျိုးလှူပါ။
စနေ
          သင်ကံကောင်းသော ကာလဖြစ်သည်။ သင့်အတွက် သတင်းကောင်းကြားရမည်။ အလုပ်အကိုင်ရမည်။ အင်တာဗျူးအောင်မည်။ စာမေးပွဲအောင်မည်။ အချစ်ရေးအောင်မည်။ အိမ်ထောင်ကျကိန်းရှိသည်။ ခြေထောက်ပိုင်း ခိုက်မိတတ်သည်။ စက်ပစ္စည်းများအ၀င်အထွက်ဖြစ်မည်။ လုပ်ငန်းသစ်တို့လုပ်ရတတ်သည်။ လုပ်ငန်းဟောင်းတို့တိုးချဲ့တတ်သည်။ကျန်းမာရေးကောင်းမည်။အကြီးအကဲများမြှောက်စားမည်။ခရီးယာ
ယီထွက်ရမည်။မိတ်ဟောင်းသူငယ်ချင်းဟောင်းတို့ပြန် ဆုံမည်။ မိဘသားချင်းတို့အတွက်စိတ်ချမ်းသာမှုရမည်။ အဝေးမှ ငွေရတတ်သည်။ ဆိုင်ကယ်၊ကားဂရုစိုက်မောင်းပါ။ ထိခိုက်မိတတ်သည်။ ထီထိုးပါ။ ၇ထိပ်နှင့်၇ပိတ်ကိုထိုးပါ။ ပေါက်မည်။  
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉။
အထူးဟော - ကြိုးစားသလောက်အောင်မြင်မည်။
ယတြာ - စနေနေ့တွင် အနောက်တောင်အရပ်၌ ရှိသော စနေနံဘုရားကို ထီး (၇)လက်ကပ်လှူပါ။ ရေသက်စေ့ရေသပ္ပါယ်ပါ။
ဒေါက်တာ ထွန်းလင်း ( ဘုတလင်)
မြစ်မခသတင်းမီဒီယာ 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1